ချမ်းမြေ့ရိပ်သာဆရာတော်တရားပွဲ
Friday, 24 September 2010 08:17 |
Written by Administrator | PDF | | Print | | E-mail
ချမ်းမြေ့ရိပ်သာဆရာတော် အရှင်ဇနကာဘိဝံသ ၏ အထူးတရားပွဲဖိတ်ကြားလွှာ

ဓမ္မမိတ်ဆွေ သူတော်စင် အပေါင်းတို့……..
တနှစ်တာ ကာလပတ်လုံး တရားပွဲများကို အစဉ်မပြတ် ကျင်းပ၍ တရားအလှူတော်များ ပေးလျှက်ရှိသော သိရီမင်္ဂလာ ကျောင်းတိုက်တွင် ယခုလည်း တရားနာယူ- ကုသိုလ်ပြုလုပ်ရန် အခွင့်ကောင်းတစ်ခု ဝမ်းမြောက်ဘွယ် ပေါ်ပေါက် လာခဲ့ပြန်ပါပြီ။ “ဆင်းရဲငြိမ်းအေး ချမ်းသာရေး”၊ “တက္ကသိုလ်ဓမ္မသဘင်”၊ "လူငယ်သင် အခြေပျိုး ဗုဒ္ဓဘာသာ" အစရှိသော မြန်မာ+အင်္ဂလိပ် ကျမ်းပေါင်း သုံးဆယ်ကျော် ဟောကြား၊ ရေးသား၍ သာသနာပြု လျှက်ရှိသော အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ ပြည်တွင်းပြည်ပ ကမ္ဘာ့ ဗုဒ္ဓသာသနာပြု ချမ်းမြေ့ရိပ်သာ ဆရာတော် ဘုရားကြီးသည် အော်ရီဂွန်ပြည်နယ်၊ ပေါ့တလန်မြို့၊ သိရီမင်္ဂလာ ကျောင်းတိုက် သို့ ကြွရောက်၍ သတိပဋ္ဌာန် ဝိပဿနာ တရားတော်များကို ဟောကြား ချီးမြှင့်တော်မူမည် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ကြုံခဲလှသည့် ဘုရားရှင် သာသနာတော် မြတ်ကြီးနှင့် ကြုံဆုံခိုက်၊ ရခဲလှသည့် အသိဉာဏ်ရှိသော လူ့ဘဝ ကိုလည်းရနေစဉ်၊ ကုသိုလ် ကောင်းမှုများကို လက်မလွတ်တမ်း အရယူ တတ်ကြသော ပါရမီရှိကြသည့် သူတော် ကောင်းများ ပီပီ အောက်ဖေါ်ပြပါ အစီအစဉ်အတိုင်း တရားတော်များ နာယူနိုင်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
တရားပွဲဟောကြားမည့်နေ့ရက် ။ ၂ဝ၁ဝခု၊ စက်တင်ဘာလလ (၂၆) ရက်၊ တနင်္ဂနွေနေ့
ဟောကြားချီးမြင့်မည့်အချိန် ။ ည ၇:၃ဝ နာရီ။
ဟောကြားမည့်နေရာ ။ သိရီမင်္ဂလာကျောင်း၊ 12634 NE Russell St, Portland,OR97230
Ph(503)253-5318
အောက်ပါဆိုဒ်များမှ အဝေးရောက်ဓမ္မမိတ်ဆွေများ အဆင်ပြေစွာတိုက်ရိုက်နာယူနိုင်ရန် လွှင့်ထုတ်ပေးပါမည်။
1. http://ashinsirinda.com/ livevideo
2. http://www.myanmartube.net/video/16/
ချမ်းမြေ့ဆရာတော် ဘုရားကြီး၏ အတ္ထုပ္ပတ္တိ အကျယ်ကို အောက်ပါလင့်ကို ကလစ်၍ ကြည့်ရှု ကြည်ညို နိုင်ပါသည်။
လေယာဉ်လက်မှတ် ကုသိုလ်ရှင်
ကွယ်လွန်သူ ဇနီးဖြစ်သူ ဒေါ်ခင်အေးငွေအားရည်စူး၍ ခင်ပွန်း ဦးမြင့်သာ၊ သားမောင်ဝင်းကိုကို၊ မောင်ထွန်းထွန်းနိုင်။
တရားပွဲ- အဟာရအထူးကုသိုလ်ရှင်
တရားနာ ဓမ္မမိတ်ဆွေ အပေါင်းတို့အား ကိုအောင်ဇော်ဆန်း+မမေထွန်း (www.shwevideos.net)မှ၊ မသော်၏ အထူးလက်ရာ အာပူလျှာပူဖြင့် ကုသိုလ်ပြုပါမည်။
မှတ်ချက်။ တရားပွဲ အချိန်မှန် ကျင်းပ နိုင်ရန်အတွက် အချိန်မှီ ကြိုတင် ကြွရောက်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
သီရိမင်္ဂလာကျောင်း BABC

0 comments:
Post a Comment