* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, August 3, 2010

Get Blogger Falling Hearts စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်ပွဲတော် ဖိတ်ကြားလွှာ

သဒ္ဓါကြည်လင် ပါရမီရှင်အပေါင်း သူတော်ကောင်းတို့…. အများကောင်းမှု့ ဖြင့် ပေါင်းစုတည်ထောင်ထားအပ်သော ညောင်ကန်အေး သာသနာ့ရိပ်သာ ကူချိုင်းလားမား ကျောင်းတော်ကြီးတွင် ပုရိမ၀ါဆို ၀ါကပ်ခိုသည့် ဆရာတော်သံဃာတော် များနှင့် ပင့်သံဃာတော် အရှင်သူမြတ်တို့ အား သဒ္ဓါပြဋ္ဌာန်း နိဗ္ဗာန်မှန်း၍ တတ်စွမ်းသမျှ ဒါတဗ္ဗတို့နှင့် အတူ ၀ါဆိုသင်္ကန်း ၀ါဆိုဆွမ်းများ ကို ကူချိုင်းလားမားရပ်ကွက်အတွင်းမှ စေတနာရှင်များ ၊ယူပီအေ စက်ရုံအတွင်းမှ စေတနာရှင်များနှင့် ပုည၀ဎနအသင်းကြီးမှ စုပေါင်းဦးဆောင်ကာ ဆက်ကပ်လှူဒါန်း ကြမည်ဖြစ်ပါသည် ။
သို့ဖြစ်ပါ၍ အားလုံးသော စေတနာရှင် ကုသိုလ်ရှင် ရွှေမြန်မာများ အပေါင်းတို့အား အတူတကွ ရေစက်သွန်းချ အနုမောဒနာ တရားတော်နာယူ၍ ၀မ်းမြောက်ရွှင်ပျော် သာဓုခေါ်နိင်ရန် ကြွရောက်ပါရန် လေးစားခင်မင်စွာဖြင့် ဖိတ်ကြားအပ်ပါသည်။
ရွှေမြန်မာ များ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာတော်မူနိုင်ကြပါစေ
နေ့ရက်……၁၅ ရက် သြဂုတ်လ ၂၀၁၀ ၀ါခေါင်လဆန်း လေးရက် တနင်္ဂနွေနေ့
အချိန် ……. မနက် ဂ နာရီမှ နေ့လယ်၁ နာရီအထိ

ဆရာတော်နှင့် ကျောင်းတော်ဝေယျာဝစ္စအကျိုးတော်ဆောင်အဖွဲ့ ညောင်ကန်အေး ပုည၀ဎနအသင်းကြီး


အာရုံဆွမ်း အလှူရှင်
ညောင်ကန်အေးကလျှာဏမိတ္တကျောင်းတော်သား စေတနာရှင်များ အဖွဲ့
နေ့ဆွမ်းအလှူရှင်
ရွှေဟင်္သာ မြန်မာစားသောက်ဆိုင်၊ ကေအယ် မိသားစု

အထူးအလှူရှင်

ကြွရောက်လာကြသော ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိတ်သတ်အပေါင်း တို့အား ဘုရားကျောင်း ရဟန်းဒါယကာ ကိုအောင်ဆန်းဦး + မသန်းသန်းဋ္ဌေး .သား မောင်မြင့်ဆန်းကြွယ်၊မောင်ထက်စန်းဝေ မိသားစု. ကော့သောင်းမြို့ မှ ဒံပေါက်များဖြင့် ဧည့်ခံ ကျွှေးမွေး လှူဒါန်း သွားပါမည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP