* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, August 3, 2010

မလေးရှားမှ ခြိမ့်ခြိမ့်သဲသဲ ရာဟုလာတို့ ပွဲ

Date: (30-07-2010)
မနေ့ည( သောကြာနေ့)ကပင် ရာဟုလာတို့
ထိုင်ဝမ်ဒကာမလေးမအေးအေးခင် မိသားစုများ၊ အန္ဒိယနိုင်ငံ၊ နာလန္ဒာမှ ဦးနန္ဒက တို့တစ်တွေ Johor ဇယမင်္ဂလာဗုဒ္ဓဝိဟာရရှိရာ၊ဒေဆာချမလန်းဘက်ကိုချီတက်သွားကြလေပြီ။သာသနပြုအောင်ပွဲကြီးနှင့်ကျောင်းသစ်
ဖွင့်ပွဲဟာတနင်္ဂနွေနေ့ကျင်းပတော့မှာဆိုတော့ အနန္တမေတ္တာအင်အားစုများ ပျားပန်းခပ်မျှ
စည်ကားလျှက် ရှိကြလေသည်။

(31-08-2010)စနေနေ့ကျပြန်တော့ ရာဟုလာရဲ့ အမြဲတမ်း ဒရိုင်ဘာ ဦးစိုးမိသားစု၊ ကလင်မတီကျောင်း ဆွမ်းအလှုရှင်မိသားစုဝင်များ၊ မိုးမိုး၊ သီသီ၊ ဦးစိုးသိန်း+ ဒေါ်နှင်း၊ ဒေါ်ဖြူဖြူ တို့လည်း များပြားလှစွာသော လူဒါန်းဖွယ်ရာများကို သယ်ဆောင်၍ စီးပွားရေးလုပ်ငန်းရှင် ကိုအောင်ကျော်ထွန်းရဲ့ နောက်ဆုံးပေါ်ကား ကလည်း ပါဝင်ပံ့ပိုးမှာဆိုတော့ ရာဟုလာတို့ အနန္တမေတ္တာအဖွဲ့ဟာ အထူးပဲ အားရှိသွားပါတယ် ။
ဒေါ်စန်းစန်းအောင် မိသားစု လည်း ရှေ့ကသွားကျြနှင့်ပြီ။
နေ့လည် (၂)နာရီကျော်မှာအနန္တမေတ္တာအင်အားစုများ Tuas-ဘက်မှဖြတ်ကျော်ပြီး Johorဘက်ကို ကူးသွားကြပါတယ်။ ဒေါ်နှင်းက အရင်စလိုဖြစ်နေခဲ့တော့ ဖုန်းလှလှလေး Taxi ပေါ်မှာ ပြုတ်ကျခဲ့တာ ကားသမား သဘောကောင်းတာရယ်၊ရာဟုလာ ဂရုစိုက်တာရယ်ကြောင့် ပြန်လာပို့သွားပါတယ်။ လာပို့တဲ့ကားခဆိုပြီး $30 တော့ ဖိုင်းချသွားသေးတယ် ။
ရာဟုလာတို့တစ်တွေ ကော်တာသိင်္ဂီ လမ်းမကြီးအတိုင်းသွားကြတာTesco,Jusco ကုန်တိုက်ကြီးများဖြတ် ကျော်သွားတာနဲ့မကြာခင်မှာပဲ Desa Cemerlang ဆိုတဲ့ လွမ်းမောစရာမြို့တော်ကိုဝင်သွားပါတော့တယ် ။

ကျောင်းကိုရောက်တော့ ပါရမီရှင် ဒကာ၊ ဒကာမလေးတွေ စီမံဆောင်ရွာက်နေကြတာ အားကျစရာပဲ ။ မျက်နှာလေးတွေက ထီပေါက်ထားတဲ့သူတွေလိုပါပဲ ။ ကုသိုလ်ရေသောက်ရန်ရေကန်ကြီးတစ်ကန်ရထားကြ တာကိုး ။ ဗုဒ္ဓဘာသာတွေအတွက် ကျောင်းတစ်ကျောင်း သာရှိယင် နေပျော်ပါတယ် ။ ထမင်းမချက်ချင်ရင် လာခဲ့ပါ။ စင်္ကာပူမှာ အလုပ်ရှာရင်း ဗီဇာကုန်ခါနီး အလုပ်က မရနိုင် ၊ pass မကျနိုင် ၊ သောကမီးလောင်နေ တုန်း ရာဟုလာတို့ မေတ္တာရေလေးနဲ့ ပက်ဖျန်းပေးလေ့ရှိပါတယ် ။

ဒီလိုနဲ့ စနေနေ့တစ်ညလုံး ချက်ပြုပ် စီမံလိုက်ကြတာ ညတောင်မှ အိပ်ကြပါရဲ့လားမသိ ။ ရာဟုလာက လုပ်သင့်တာတွေ ပြင်ဆင်သင့်တာတွေကိုညွှန်ကြားပြီး စင်္ကာပူကိုပြန်လာခဲ့ရတယ်။ ဘာကြောင့်လဲဆိုတော့
တနင်္ဂနွေနေ့ မနက်မှာ စင်္ကာပူကနေ ချီတက်မဲ့ တပ်ဖွဲ့က မနည်းဘူးလေ ။ ညအိပ်မပျော်သလောက်ပါပဲ ။

(01-08-2010) နံနက်စောစောကပင် စစ်တွေတက္ကသိုလ် ပါမောက္ခချုပ်၊ ကွန်ပျူတာတက္ကသိုလ်ပါချုပ်၊ ဒေါက်တာကျော်မြသိန်းတို့မိသားစု၊ ကိုသန်းထွဋ်၊ ဦးစိုးဝင်း၊ ကိုဆန်းဝင်း+မေသက်ဗိုလ်၊ ဒေါ်တင်တင်မာမိသားစုဝင်လေးဦး၊ သူဋ္ဌေးမလေး ဒေါ်ဝင်းပပ ညီအစ်မ၊ ခင်ဥမ္မာ၊ ရတနာတို့၊ ကျောင်းက ပါရမီရှင်ဥက္ကဋ္ဌကြီး မလိဆ၊ သာသနာရေးရာရှိ David+ Dr Lyi Lyi တို့၊ဓမ္မ School မှဆရာမလေး များ မွန်မွန်၊ ပုစိ၊ အပြင် မစောနီလာ၊ မသွယ်သွယ်စိုး၊ မစန္ဒာ၊ ဒေါ်သူဇာဝင်း၊
ဝင်းစတားကုမ္ပဏီ သူဋ္ဌေး ဒကာဝင်း ၊ ဒကာမ သင်းသင်းတို့ မိသားစု ၊Ms Grace kaung တို့ အပါအဝင် အနန္တမေတ္တာအင်အားစုများ၊ ဟာဝိုင်အီဆရာတော်မှ ရာဟုလာအတွက်အမြဲတမ်းအထောက် အပံ့ပေးထားသောဒရိုင်ဘာMr.Rajanနှင့်သူငယ်ချင်းများ၊ သာသနအလံကလေးတွေ ကားအသီး သီးမှာ လွှင့်ထူကာ မိုးထဲလေထဲမှာ ပီတိပန်းလေးတွေဝေဖြာလျက် Woodland ဘက်က ဖြတ်ကူးသွားကြပါတယ် ။
ရာဟုလာတို့ ယူဆလိုက်တာက မရွာစဖူး မိုးသဲနေတာဟာ မိမိယာဉ်တန်းကြီးကိုTraffic Jamမရှိစေရန်မိုးနတ်သားက စီမံပေးထားတာဖြစ်မယ်ပေါ့။ မလေးရှား Check Point ကိုကျော်ပြီး Shell ဓာတ်ဆီဆိုင်မှာ ခဏနားကာ အချင်းချင်းစောင့်ခဲ့ကြသေးသည်။
မကြာခင်ဆက်လက်ထွက်ခွာသွားကြရာ Desa Cemerlang City ကိုရောက်သွားကြပါတယ်။

(Smile from heart)-ဆိုတဲ့ရာဟုလာတို့ ယူနီဖေါင်း လေးတွေ ဝတ်ဆင်ပြီးစောင့်ကြိုနေကြတဲ့ မရေတွက်နိုင်တဲ့အင်အားစုတွေ။ ရာဟုလာတို့အနန္တမေတ္တာSponsor နဲ့ချက်ထားလိုက်ကြတဲ့ဝက်သား ၊ကြက်သား၊ ငါးသလောက်ပေါင်း၊ သီးဟင်းစုံတွေက များလိုက်တာ။ဘယ်လိုမှစားလို့မကုန်ဘူးဆိုတာကြို
သိလိုက်ရတယ်။

နံနက်(၁၀)နာရီမှာ ကျောင်းတော်ဖွင့်ပွဲအခမ်းအနားကိုစတင်ကြပါတယ်။ အခမ်းအနားမူးက ဒေါက်တာ ရာဟုလာပေါ့။ အစီအစဉ်ကတော့
(၁) နမောတဿ (၃) ကြိမ်ဖြင့် အခမ်းအနားကိုဖွင့်လှစ်ကြပါတယ် ။ ချမ်းမြစသည်သာ ဆရာတော်
ထံမှသရဏဂုံ(၃)ပါး ငါးပါးသီလခံယူဆောက်တည်ကြပြီး အနုမောဒနာတရားနာယူကြပါတယ်။

(၂) ကျောင်းတိုက်များ နာယကချုပ် ဒေါက်တာရာဟုလာက မလေးရှားမှာ ကျောင်းဖွှင့်လှစ်တာနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြားကာ အနာဂတ်ကျောင်းတိုက် စီမံကိန်းများကို ချမှတ်လိုက်ပါတယ် ။

(၃) ဒေသခံပုဂ္ဂိုလ်များထဲမှ ထိပ်တန်းပုဂ္ဂိုလ် ဦးအောင်နွယ်က ကျောင်းတိုက်နှင့်ပတ်သက်၍ရှင်းလင်း တင်ပြပါသည် ။

(၄) ဇယမင်္ဂလာဗုဒ္ဓဝိဟာရကျောင်းတိုက်များရဲ့ အထူးအရာရှိ ဥက္ကဋ္ဌကြီး မလိဆက မလေးရှားနုင်ငံနှင့်
ဗုဒ္ဓဘာသာအခြေအနေများ၊ သတိထားဖွယ်များ၊ လိုက်နာဖွယ်များကို အင်္ဂလိပ်လို မှားကြားပါသည် ။

(၅) ရာဟုလာတို့ အနန္တမေတ္တာအင်အားစုမှ အကြီးအကဲ ဦးစိုးဝင်းက လိုက်နာကျင့်သုံးအပ်သော
အချက်အလက်များကို တင်ပြဆွေးနွေးသွားပါသည်။

(၆) ဝင်းစတား ကုမ္ပဏီ ၊ဒါရိုက်တာ ဦးဝင်းက သူဟာ မလေးရှားကို ယခင်က အတော်ကြောက်ရွှံ့ကြောင်း၊
ယခုတော့ ဇယမင်္ဂလကျောင်းတိုက်ရှိနေတော့ မကြောက်တော့ကြောင်း ဝမ်းမြောက်ပါကြောင်းထုတ်ဖေါ် ပြောကြားသွးပါသည်။

(၇) အနန္တမေတ္တာ အဖွဲ့မှ David ကလည်း လိုအပ်သည်များကို ဖြည့်စွက်မှာကြားသွားပါသည် ။

(၈) တစ်နေ့ကြိုတင်ရောက်နေသော အလှုဒါယကာ ဦးစိုးသိန်းကလည်း မလေးရှားရောက် မြန်မာများကို အခြေံခံဗုဒ္ဓဘာသာ ကျင့်စဉ်ဖြစ်တဲ့ ထိခြင်းငါးနှင့် ရတနာသုံးပါးရှိခိုးရန်နှင့် အဆင့်မြင့် ဝိပဿနာ တရား ကျင့်ရန် အထူးမေတ္တာရပ်ခံသွားပါသည် ။

ဆက်လက်ပြီး ဝါဆိုသင်္ကန်းနှင့် လှုဒါန်းဖွယ်ရာများကို ဆက်ကပ်လှုဒါန်းကြပြီး ရေစက်သွန်းချအမျှဝေ ကြပါသည် ။ ကြွရောက်လာကြတဲ့ ရာပေါင်းများစွာသော နိုင်ငံခြားရောက် ရွှေမြန်မာများနှင့် အနီးအနားမှ ဒေသခံများကို မြန်မာထမင်းဟင်း၊ မုန့်ပဲ သရေစာများ၊ ကျောက်ကျော အဖျော်ရည်များဖြင့် ဧည့်ခံကျွေးမွေးကြပါသည် ။

နံနက်(၁၁) နာရီမှ စတင်ကျွေးမွေးကြရာ ညည့် (၁၀) နာရီမတိုင်မီ အထိ ထမင်းရည်ချောင်းစီး ကျွေးမွေးကြပေသည်။

ဤပွဲတော်ကြီးဖြစ်မြောက်ရေးနှင့် ကျောင်းတိုက်ကြီး အချိန်မီပြီးစီးအောင် လိုလေသေးမရှိ ပံ့ပိုးပေးကြသော ကိုရဲ၊ မသူဇာမိသားစု၊ ဦးအောင်ငွေနှင့်ဇနီး၊ ကိုခင်မောင်အေးမိသားစု၊ ကိုဦး မဝေမိသားစု၊ အသုံးအဆောင်များ လာရောက်လှုဒါန်းကြသော မလေးရှားရောက် ရွှေမြန်မာညီကို၊မောင်နှမ အားလုံးကိုအထူးကျေးဇူးတင်ရှိပါကြေင်း ဤနေရာမှ မှတ်တမ်းတင်အပ်ပါသည် ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP