* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, August 3, 2010

နှုတ်အမူအရာ ယဉ်ကျေးပါစေ

“ မိုက်တယ်”
“ဂန့်ကွာ”
“လန်းလိုက်တဲ့ စော်”
ဤသို့ ဤသို့လျှင် ယနေ့ခေတ်တွင် လူငယ်တော်များပြောနေကြလေပြီ…။ ဘန်းစကားလို့
ဆိုရမည်ပါ။ အချို့စကားလုံး အသုံးအနှုန်းများမှာ အလွန်ပင် ရိုင်းပျလှတာတွေ့ရတယ်..။
မိန်းကလေးဆို မိန်းကလေးလို့မခေါ် “စော်” “စော်” နှင့် ပြောနေသည်။ ထိုစကားလုံးအသုံး
အနှုန်းမှာ ကျနော်တို့ လူငယ်ချင်းတော့ နားလည်ကြသည်.။ အသက်ကြီးကြီး လူကြီးတွေ
တော့ နားမလည်နိုင်။ ဘာကိုဆိုလိုမှန်းမသိ။ အဲ့ဒါအခါ လူငယ်တွေကလူကြီးတွေကို ပြောကြ
ပြန်သည်။ “ Date” အောက်တယ် တဲ့။ “ချီး (Brain) တွေ” တဲ့။ ဒါတောင်ရှိသေးတယ်။

သီချင်းတစ်ပုဒ် စာသားကိုလည်းကြည့်ပါဦး (ထိန်ဝင်းနဲ့ ဘန်နီဖြိုး ဆိုထားတာပါ)
@@ စောက်စားစားရင် ပါးစပ်က ပလပ်ပလပ်နဲ့ တကယ်လက်ဖျားခါတယ်------ဆပ်ပြာပဲ
@@ လန်းလန်းလေးမှကြိုက်တယ်ဟုတ် ---ဆပ်ပြာပဲ ၊ ချောချောလေးမှကြိုက်တဲ့--

--ဆပ်ပြာပဲ တဲ့ ။
မလွယ်ဘူ.. မလွယ်ဘူး… (ဒီတိုင်းဆက်သွားရင်တော့……ဟူး )

“ခေတ်မမှီဘူး” တဲ့၊ သူတို့ကိုယ်သူတို့ ခေတ်ရှေ့ပြေးနေသည်ဟု ထင်နေကြသည်။
အမှန်တွင်ကား လူကြီးများ ခေတ်နောက်ကျခြင်းမဟုတ်၊ အသက်ရွယ် ကြီးပြင်းလာ၍
မှတ်ဥာဏ်စွမ်းရည်ကျလာခြင်းသာ ဖြစ်ပေလိမ့်မည့် ။။ လူငယ်အချို့မှာတော့ အလွန်ရိုင်းပျ
နေကြလေပြီ။

လူငယ်အချင်းချင်းတော့ ပေါက်တတ်ကရစကားလုံးတွေသုံးကာတစ်ယောက်နှင့်တစ်ယောက်
နားလည်ကြသည်။
“ခေတ်ရှေ့ပြေးသော ခေတ်လူငယ်” ဟု ဆိုကာ ဗန်းစကားတွေ တစ်လုံးပြီး
တစ်လုံးထွင်ကာ ဗန်းစကားမှ ဖျက်စကားဖြစ် နေကြသည်။ “မြန်မာစာပေကိုမထိန်းချင်မထိန်း
ပါနှင့်။ သို့သော် ဖျက်တော့မဖျက်လိုက်ပါနှင့်”
ဟုသာပြောရတော့မည်။ လူငယ်ဟူ၍လည်း
ကိုယ့်ကိုယ်ကိုယ် ခေတ်ရှေ့တစ်အားပြေးချင်မနေပါနှင့်၊ခေတ်ရှေ့ပြေးသူဟူလည်းမထင်ပါနှင့်။
ဘာကြောင့်လဲဆိုတော့ ၀တ်စားဆင်ယင်မှု၊ အနေအထိုင်တွင်တော့ သူများနိုင်ငံကိုအတုခိုးကာ
ခေတ်မှီနေကြသည်၊ အခြားနိုင်ငံများတွင် တိုးတက်ဖွံ့ဖြိုးနေသော နည်းပညာ၊ စီးပွားရေး
နည်းလမ်း၊ ပညာရေးနည်းစနစ်များ ကိုမူ တစ်ခုမျှမသိ။ တစ်ခြားသူပြောမှ ဟုတ်သည်
်ဟုတ်သည်နှင့် သံယောင်လိုက်နေကြသည် ဤသည်မှာနောက်လိုက်ဖြစ်မည့်အလားအလာပင်။

ထိုကြောင့် လူငယ်တိုင်း စာဖတ်ကြရန် ၊ စာဖတ်ခြင်းမှ ဗဟုသုတရနိုင်ကြောင်း တိုက်တွန်းချင်
်ပါသည်။ စာဖတ်ခြင်းဖြင့် ကမ္ဘာကြီးကို တစ်နေ့တစ်ပတ် ပတ်နိုင်သည်။ စာပေဖတ်ရှုခြင်းဖြင့်
နှုတ်အမူအရာ မရိုင်းစိုင်း၊ စာဖတ်သူတစ်နေ့တစ်ခြားနည်းလာလေလေ နှုတ်ဆိုးသူပို၍များလာ
လေပင်ဖြစ်လေသည်။

တစ်ခုပြောပြဖို့ရှိသေးတယ်-
နယ်မှ မြို့သို့ပြောင်းလာတဲ့ တောမှဟု ထင်ရလောက်သည့် အသက်ကြီးကြိးအဘွားအိုတစ်ဦးက
လမ်းတွင် တွေ့သော မြို့သား တစ်ဥိးအား လမ်းမေးသည်ဆိုပါစို့။။။
“ အဘွားကို လမ်းညွှန်ပေးပါ” လို့ အဘွားအိုက ကုတ်ကုတ်နှင့် ကောင်ကလေးနားကပ်ကာ
မေးရှာသည်။ သို့သော် ကောင်ကလေးက “ မသိဘူး” ဟူ၍ပင် ချက်ချင်းဖြေလိုက်သည်။
အဘွားအို၏ ရင်ထဲ ဘယ်လိုဖြစ်သွားမလဲထင်လဲ။?
သူ၏စိတ်မှာတော့ ရိုင်းပြလှသည်။ သူ၏ နှုတ်မှာတော့ ကြမ်းလှသည် လို့ ချက်ချင်းဆုံးဖြတ်မှာပဲ
ကျွန်တော်မသိလို့ပါ အဘွား” “ ကျွန်တော်မသိတာ တောင်းပန်ပါတယ် အဘွား” ဟုဖြေလျှင်
ဘယ်လောက်များ ကောင်းမည်နည်း။ သူ၏ အဆင့်မှာ အလိုလိုမြင့်သွားမှာ ကျိန်းသေတယ်။။။
အဘွားအိုမှာလည်း မေးလိုက်ရသည့်အတွက် အဖြေမရလိုက်သော်လည်း စိတ်မထိခိုက်သွားရပေ။

ဒီလိုဆိုလျှင်-
ကျွန်တော်တို့ မြန်မာပြည်သူတွေကြားမှာ “မသိဘူး” ဆိုသောစကားလုံးကို သုံးသင့်သေးရဲ့လား။
“ မသိလို့ရှင်” “မသိလို့ပါ ခင်ဗျာ” ကမှတော်ပါလိမ့်မယ်…
အရင်တုန်းက ကျွန်တော် ကျွန်မ လို့ ပြောဆိုသုံးနှုန်းကြပါသည်။
အခု အဲ့လိုပြောလျင် “တောသား၊ တောသူမ” ဟူသော အမြင်ဖြင့်ကြည့်ကြသည်။
“ ငါ.. ငါ” “ I , I” ဖြင့် တစ်ငါတည်း ငါ၊ တစ်အိုင်တည်း အိုင်နိုင်လွန်းကြပါသည်။
ဥပမာပြောမယ်ဗျာ
ကျနော် ဂျီတော့ထဲမှာကော အပြင်မှာကော သူငယ်ချင်းတွေရှိပါတယ်
စကားပြောရင် “ကျွန်တော်ပြောမလို့ပါ”“ကျွန်မ ပြောမလို့ပါ” အဲ့လိုမပြောဘူး ၊

ဘယ်လိုပြောလဲဆိုတော့
“ I ပြောမလို့ပါ” တဲ့ ကြားရသူမှာတစ်မျိုးကြီးဖြစ်နေသည်။ နားဝင်ဆန်းနေသည်။
ဤသည်မှာ နှုတ်ရိုင်းခြင်းဟု မဆိုလောက်သော်လည်း မြန်မာလူမျိုးတစ်ဦးအနေဖြင့်…
မပြောသင့်ဘူးလို့ထင်တယ်….

အခုခေတ်တွင် စကားပြောလျှင် ဆဲရေးဆိုရေးမပါသည်က ခပ်ရှားရှားပင်၊ အရင်တုန်းက
ဆိုလျှင် ဆဲသည်မှာ အလွန်ရိုင်းသည် အလွန်အောက်တန်းကျသည်။။
“ဟိုကောင်” ၊ “ ဟိုကောင်မ” ဟု ပြောလျှင်ပင် ပြောသူကို နှာခေါင်းရှုံ့ကြသည်။ ယခုအခါ
လူငယ်များအကြားတွင် ယောကျာ်းလေးများသာမက မိန်းကလေးများပါ ဆဲနေကြပါပြီ၊
ရန်ဖြစ်သည်မဆိုထားနှင့် တစ်ဦးနှင့်တစ်ဦး ငြင်းလျှင်ပင် ဆဲသည့် စကားလုံးများက
တစ်လုံးပြီးတစ်လုံးပါနေသည်။ တစ်ချို့ မိန်းကလေးများဆိုလျှင် မိန်းကလေးသာဆိုသည်..
သူတို့၏နှုတ်မှာ ယောကျာ်းကလေးများအတိုင်းပင် တစ်နေ့လုံးဆဲစကားများထွက်နေသည်။
ဆဲဆိုတာဟာ ဘုရားမကြိုက်သော အလုပ်ပင်ဖြစ်သည်။ မဟုတ်မမှန်လိမ်ညာပြောဆိုခြင်း
သည်လည်း နှုတ်မကောင်းခြင်းဖြစ်သည်။ လိမ်ညာပြောခြင်းမှာ လူကြီး၊ လူငယ် အားလုံးပြု
နေကြသည်။.. “သူမသိပါဘူးလေ” လေဟူ၍ တစ်စနှင့်တစ်စ လိမ်လိုက်တာ….လိမ်ဖန်များ
လာတော့ လိမ်သားရလာတာပေါ့..စကားပြောတိုင်းလိမ်သောစကားသာထွက်နေပေတော့မယ်..
လိမ်ဖန်များလာတော့ လိမ်ရမှာကိုတော့ မကြောက်တော့…
လိမ်သည့်အတွက်ဖြစ်လာမည့်အကျိုးဆက်ကိုလည်း မတွေးတော့။။။။
မပေါ်အောင်လိမ်၊ လိမ်သည်ကို မပေါ်အောင်. ထပ်ညာ…ညာပြီးရင်ညာနေတော့သည်…….

အခုတွေ့နေရသည်မှာ မိန်းကလေးတွင်သာမက ယောကျာ်းလေးများပါ အတင်းအဖျင်းပြော
နေကြလေပြီ…
ရှေးခေတ်တုန်းက မိန်းကလေးကိုသာ “ တွတ်…တွတ် .. တွတ်တွတ်” နှင့် အတင်းပြောတတ
်ကြသည်ဟု ဆိုကြသည်။
အခုတွင်တော့ လူငယ်ကလေးများဆုံတိုင်း အတင်းပြောလေတော့သည်။ ( အဲ့သည်ထဲတွင်
ကျနော်လည်း ပါဝင်သည်… အခုတော့ ကိုယ်တိုင်ဆင်ခြင်ရပါသည်။) အဓိပ္ပါယ်မရှိသောစကား
များကို နှုတ်မှ ကရားရေ တောက် တောက်ကျသကဲ့သို့ပြော၍ပင် မပြိးတော့ချေ ။ ဤသည်မှာ
အလကာအကျိုးမဲ့ အလဟသာအချိန်ကို ဖြုန်းနေကြခြင်းပါ … အတင်းပြော၍လည်းအကျိုးမရှိ၊
မပြော၍လည်း အကျိုးမယုတ်နိုင်ပေ…..
ထိုကြောင့်  လူငယ်တိုင်းလိုလို အတင်းပြောခြင်းကို တဖြည်းဖြည်း ရှောင်ကြဉ်သင့်ပါတယ်လို့
ကျနော်ထင်တယ်..

လူငယ်ဟူသည် နောင်တစ်ချိန်တွင် တိုင်းပြည်၏တာဝန်ကိုပခုံးလွဲထမ်းဆောင်ရမည့်အနာဂတ်၏
သား၊ သမီးများ ပင်ဖြစ်သည်။ တိုင်းပြည်ကောင်းမွန်တိုးတက်ရန် လူမျိုးအပေါ်တွင်မူတည်သည်။
လူငယ်တို့၏ နှုတ်အမူအရာကောင်းမွန်မှသာ ကိုယ်အမူအရာကောင်းမွန်ပေမည်။ ကိုယ်အမူအရာ
ကောင်းမွန်မှသာ ဆောင်ရွက်သမျှသော အလုပ်တို့ကောင်းမွန်ပေလိမ့်မယ်။။။
ဤသို့ နှုတ်ကောင်းမွန်ရန် ယဉ်ကျေးစွာပြောဆိုခြင်း၊ ဆဲရေးတိုင်းထွာမှု မပြုခြင်း၊ လိမ်ညာ၍
မပြောခြင်း၊ အကျိုးမရှိသော စကားမပြောခြင်းတို့ဖြစ် အစဉ်သတိပြုနိုင်ကြပါရန် ဆုတောင်းပေး
လိုက်ပါတယ်…

ခင်မင်စွာဖြင့်
ညအလင်္ကာ

(24/7/2010)

ကလောင်မိတ်ဆွေကဏ္ဍအတွက် ဤဆောင်းပါးကို ကူးယူဖော်ပြခွင့်ပေးပါသော
ဒကာလေး ညအလင်္ကာ အား ကျေးဇူးအထူးတင်ရှိပါသည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP