* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, July 22, 2010

အသံချဲ့စက်နှင့် သင်မယ်


ို့
ဤသို့ဖြင့် ယဉ်ကျေးမှု သင်တန်း စဖွင့်မည်ဟု သတ်မှတ် ထားသော ကဆုန် လ္ဆန်း( ၃)
ရက်နေ့သို့ ရောက်လာလေသည်။ နေ့လည် (၁၂း၀၀) နာရီမထိုးမီကပင်ကလေးအချို့
ရွာဦး ဘုန်းတော်ကြီး ကျောင်းသို့ ရောက် လာ နှင့်ကြ၏ ။ အချို့ မှာ ကျောင်း ပေါ်သို့
်တက်ရောက် ၀တ်ဖြည့်ကြပြီးလျှင် ကျောင်းနံရံပတ်လည်၌ ချိတ် ဆွဲ ထား သည့် ရုပ်ထု
ရုပ်လုံး ပန်းချီကားများကို လှည့်ပတ်ကြည့်နေကြကုန်၏။ အချို့ကား ကျောင်းအောက်
သို့ ပြန်ပြေးဆင်းသွားကြပြီး ဆော့ နေကြကုန်၏။ အချို့မှာ စာရင်း မသွင်း ရ သေးဟု
ဆိုကာ လာရောက်စာရင်းပေးသွင်း ကြကုန်၏။ လာရောက် အကဲခတ် ကြ ကုန်သော
ကျောင်းဒကာကြီး များမှာလည်း ကျောင်းသားလေးများ တည်ခင်း ဧည့်ခံ ထား သော
ရေ နွေး ကြမ်းကို သောက် ကာ ထွေရာ လေးပါး ပြော ဟော နေကြ လေကုန် ၏။

လူပျိုခေါင်း ကိုဇော်လွင် တို့ အဖွဲ့ကား အသံ ချဲ့စက် တပ် ဆင် နေ ကြ ပေ ၏။ သူတို့
အဖွဲ့သည် ကျောင်းထိုင်ဘုန်းကြီး ခိုင်းသမျှ မညည်းမငြူ လုပ်ကိုင်ဆောင်ရွက်ပေးကြ
သူများဖြစ်ကြ၏။ ဤနေရာ၌ အသံချဲ့စက် တပ်ဆင်ရခြင်းအကြောင်းကို အနည်းငယ်
ဖော်ပြသင့်သည်ထင်ပါ၏။ ရှေးတုန်းက ရွာ၌ဆွေးနွေးတိုင်ပင်စရာကိစ္စတစ်ခုခု ရှိလျှင်
ရွာဆော်ကို စာရေးပေးပြီး ရွာကို နှိုးဆော်စေရ၏။ (ရွာဆော်လုပ်သူသည် ရွာ၏ စရိတ်
ကြီး/ စရိတ်ငယ် တို့မှ ကင်း လွတ်ခွင့် ရလေသည် ) ။ ခေတ် ကာလ အလျောက် အသံ
ချဲ့စက်ရောက်လာသည်မှစ၍ ရွာဆော်၏ အခန်းကဏ္ဍ မှေး မှိန် လာပြီး ကိစ္စ တစ်ခုခု
ပေါ်ပေါက်လာလျှင် ရွာဦးကျောင်းမှ အသံ ချဲ့စက်ကို အသုံးပြုကာသာ နှိုးဆော် သမှု
ပြုလာကြလေသည်။ ထို့ပြင်တ၀ လပြည့်လကွယ် ရှစ်ရက်သီတင်းနေ့များ၌တစ်ရွာလုံး
ကြားနာ နိုင်စေရန် နံနက်စောစော တရားခွေ ဖွင့်ပေးရာ၊ သီလပေး တရားဟောရာ၊
စသောအခါတို့၌လည်း အသံချဲ့စက်ကို အသုံးပြုကြလေသည်။ ယခုလည်း ယဉ်ကျေး
မှုသင်တန်း အတွက် အသံချဲ့စက် တပ်ဆင်ရန် ကိုဇော်လွင်တို့ အဖွဲ့ တာဝန် ပေးခြင်း
ခံရလေသည်။

" ကလေးတွေကို စာသင်တာ အသံ ချဲ့စက် လိုသလားဘုရား " ဟု လူပျိုခေါင်းက
စောဒကတက်၏။ ဘုန်းကြီးကားပြုံး၏။ ပြီးလျှင် " အေး- ဒီသင်တန်းက ကလေးတွေ
အတွက်သာ ဖွင့်တာမဟုတ်ဘူးကွ၊ လူကြီးတွေအတွက်ရောပဲ၊ အဲဒီတော့အသံချဲ့စက်

လိုတယ်" ဟု ဖြေလိုက်ရလေသည်။ လူပျိုခေါင်းကား " အော် - ဒီလိုကိုး ဘုရား" ဟု
ပြုံး၍ လျှောက် ထား ကာ သူ့ လုပ်ငန်းကို ဆက်လက် ဆောင်ရွက် လေ၏။ မှန်ပါ၏ ။
အခြားသော ယဉ်ကျေးမှု သင်တန်းတို့သည် လူကြီးများအတွက်ရည်ရွယ်သည်/မရည်
ရွယ်သည် မသိသော်လည်း ဤအရှင်ကား မိမိ၏ သင်တန်းကလေး ကို ကလေးများ
အတွက်သာမက လူကြီးများအတွက်ပါ အမှန်ပင် ရည်ရွယ်ချက် ထားခဲ့ရင်း ဖြစ်ပါ၏ ။
လူကြီးများကို သီးသန့်သင်တန်းဖွင့်၍ ပို့ချ ပေးလျှင်လည်း တက်မည့်သူ ရှိမည်မထင်
သောကြောင့် ကလေးများ အတွက် ဟုဆိုကာ တစ်ချက်ခုတ် နှစ်ချက်ပြတ် စီစဉ်ရခြင်း
သာ ဖြစ်ပါ၏ ။ ( အသံချဲ့စက် မတပ်ဆင်၍ ဖြစ်မည်လော။ :)) )

ကလေးများလည်း တဖြည်းဖြည်း စုံလာလေပြီ ။ မုန့် ကျွေး ရန် စီ စဉ် နေ ကြ သည့်
ဒကာမကြီးများလည်း ကျောင်းအနောက်ဘက် သရက်ပင်ကြီးအောက်တွင် စည်စည်
ကားကား ပျော် ပျော် ပါး ပါး စီစဉ် နေကြ လေပြီ ။ တာ ၀န် ပေးအပ် ခံ ထား ရ သည့်
ကိုရင်လေးက (၁း ၀၀) နာရီ ထိုးရန် (၅) မိနစ် အလိုတွင် အချက်ပေး ခေါင်းလောင်း
ထိုးလေ၏ ။ ကလေးများ အလု အယက် ကျောင်းပေါ် ပြေး တက် လာ ကြ သည် မှာ
ချစ်စရာ့ ငယ်ဘ၀သရုပ် ပီပြင်လှချေတော့၏။ ( ကြည်နူးဖွယ် ကောင်းလေစွ )။

ကိုကျော်မြင့်တို့ လူလတ်ပိုင်းဒကာများက ကလေးများကို နေရာချထားပေးကြ၏။
စနစ်တကျ ဖြစ်သော အခါ အစီအစဉ်ကို ပြောပြရပြီး တစ်ဦးချင်းနာမည်ခေါ်ကာ
စာအုပ်ကလေးတွေကို ပေးရ၏။ အမည်ရေးရန်နေရာတွင် အမည်၊ အသက်ရေးရန်
နေရာတွင် အသက်၊ စသည် ဖြင့် ကိုယ်တိုင် ရေးသွင်း ပေးလိုက်၏ ။ အချို့ကလေး
များကား ကိုယ့်အသက်ကို ကိုယ် မသိသဖြင့် ရီကြ ရသေး၏ ။ စာအုပ်ကလေးတွေ
ဝေပေးပြီးသောအခါ အစီအစဉ်အတိုင်း " နမောတဿ ဘဂ၀တော အရဟတော
သမ္မာသမ္ဗုဒ္ဓဿ " သုံးကြိမ် ရွတ်ဆို ကန်တော့ကြပြီး သင်တန်းကို ၀မ်းမြောက်ဝမ်းသာ
ဖွင့်လှစ်ကြလေသည်။ ထို့နောက် သြကာသကန်တော့ချိုး ဘယ်သူရသလဲ မေးမြန်းပြီး၊
လက်အုပ်ချီပြကြသူတို့ အထဲမှ တစ်ယောက်ကို တိုင်ပေးစေရလေသည်။ ( မှတ်ချက်-
တစ်ခုခုကို ဘယ်သူရသလဲ ဟုမေးလိုက်လျှင် ရသောသူတို့က လက်အုပ်ချီပြကြရန်
ကြိုတင် သင်ပေးထားရပါသည်။) ပြီးလျှင် ငါးပါးသီလ ခံယူစေရ၏ ။ ငါးပါးသီလ
ခံယူပြီး သည့် နောက် ကလေးတို့ တစ်တွေကား စာအုပ်ကလေးကို လှန် လှောကာ
စိတ်ဝင်စားစွာ ကြည့်ရှု နေကြသည် ကို တွေ့မြင် ရပေ၏ ။ ( စိတ်ဝင်စားပေမပေါ့ ၊
ကလေးတို့အကြိုက် ကာတွန်းပုံကလေးတွေ ပါပေသကိုး )။

"ကဲ-စာအုပ်မရသေးတဲ့သူတွေ ရှိသေးလား"

(-----------------------------------)

"အားလုံး စာအုပ်လေးတွေ ရကြပြီလား"

( ရကြပါပြီ ဘုရား )

" ဒါဖြင့်ရင် စာအုပ်နာမည်လေးက ဘာပါလိမ့် "

( ကလေးများ--+-----=----+-- --ပါဘုရား )

"ညီညီညာညာ ဖြေကြည့်ကြပါလား"

( ကလေးများအတွက် ယဉ်ကျေးလိမ္မာ ရွှေကဗျာများ ပါဘုရား)

"စာအုပ်ကလေး မလှဘူးလား"

(လှပါတယ်ဘုရား )

"အဲဒါဆို သပ်သပ်ရပ်ရပ်လေး ကိုင်ကြရမယ်နှော်"

(တင်ပါ့ဘုရား)

"ကဲ- ပထမဆုံး စာရွက်ကလေးကို လှန်လိုက်၊ ဘုရားရှိခိုးအိပ်ပါကွယ် တဲ့၊ အဲဒီ
ကဗျာလေးကို လိုက်ဆိုကြရအောင်" ( ကဗျာလေးကို ဤနေရာ၌ ဖော်ပြပြီးဖြစ်ပါသည်)

ဤသို့ဖြင့်လျှင် ကလေးတို့ နားမှတစ်ဆင့် လူကြီးများနားတိုင် ပေါက်ရောက်အောင်
အသံချဲ့စက်အကူအညီဖြင့်ဖွင့်လှစ်သောသင်တန်းကလေး အစပျိုးပေါ်ပေါက်ခဲ့လေ၏။

( ထိုနေ့က ကလေးများ အုန်းနို့၊ မြေပဲဆန်၊ နို့ဆီ၊ သကြားတို့ဖြင့် ကြိုချက်ထားသည့်
အုန်းနို့ဆန်ပြုတ်စားကြရလေသည်)။


( ဆက်လက်ရေးသားပါဦးမည်)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP