* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, July 22, 2010

ဘယ်ဒိဋ္ဌိက မဂ်ဖိုလ်အချည်းအနှီးဖြစ်ပါသလဲ

အမေး။ ။အရှင်ဘုရား……ဒိဋ္ဌိအမျိုးအစား ဘယ်လောက်များ ရှိပါသလဲဘုရား...၊ ဘယ်ဒိဋ္ဌိတွေက မဂ်ဖိုလ်မှ အချည်းနှီး ဖြစ်နိုင်ပါသလဲဘုရား...၊ ရတနာသုံးပါးမှ တစ်ပါး အခြားကိုးကွယ်ယုံကြည်မှုတွေက မဂ်ဖိုလ်ရောက်ကြောင်း အနှောက်အယှက်ပေး နိုင်ပါသလားဘုရား၊ နားလည်အောင် အကျယ် ရှင်းလင်းဖြေကြားပေးတော်မူပါဘုရား။
ကိုမောင်မောင်
ရန်ကုန်

အဖြေ။ ။ ဒိဋ္ဌိအမျိုးအစား (၆၂)ပါး ရှိပါတယ်။ ဘယ်ဒိဋ္ဌိမဆို မဂ်ဖိုလ်မှ အချည်းအနှီးဖြစ်နိုင်ပါသလားဆိုတဲ့ အမေးဟာ “မောင်ဆန်ရဲ့သဿတဒိဋ္ဌိအစွဲကြောင့် ၄၅နှစ်ပတ်လုံး တရားအားထုတ်ပေမဲ့ တရားမရခဲ့ဘူး” ဆိုတဲ့ သာဓကအရ မေးတာဖြစ်ပါလိမ့်မယ်။ မောင်ဆန်ရဲ့အဖြစ်မျိုးဟာ သာသနာအတွင်း သူတစ်ဦးသာ ဖြစ်တဲ့အတွက် သာဓက မမြောက်ပါဘူး။ဒီအကြောင်းကို ဓမ္မာစရိယ- ဦးဌေးလှိုင်က “ရဟန္တာနဲ့ပုဂ္ဂိုလ်ထူးများ”စာအုပ်မှာလဲ ဒီအတိုင်းပဲ ဝေဖန်ပေးရေးသားထားတာကို တွေ့ရပါတယ်။
ဒိဋ္ဌိ ၆၂ ပါးစလုံးဟာ သက္ကာယဒိဋ္ဌိက ပေါက်ဖွားလာတာချည်းမို့လို့ သက္ကယဒိဋ္ဌိကို သတ်နိုင်ရင် ဒိဋ္ဌိ ၆၂ ပါးစလုံးလဲ သေကုန်တော့တာ ပါပဲ။ ဘုရားရှင်က စိတ္တသူကြွယ်ကို “စိတ္တသူကြွယ်…မိစ္ဆာဒိဋ္ဌိ ၆၂ ပါးဟာ သက္ကာယဒိဋ္ဌိ ရှိနေလို့ ဖြစ်ပေါ်လာတာပါ။ တကယ်လို့ သက္ကာယဒိဋ္ဌိ မရှိရင် ဒီမိစ္ဆာဒိဋ္ဌိ ၆၂ ပါးလဲ ဖြစ်ပေါ်လာမှာ မဟုတ်ပါဘူး” လို့ ဟောတော်မူခဲ့ချက်အရ သက္ကာယဒိဋ္ဌိကို ပယ်သတ်နိုင်ရင် မိစ္ဆာဒိဋ္ဌိ ၆၂ ပါးလဲ သေပြီးဖြစ်တော့တာပါပဲ၊ တစ်ပါးစီ လိုက်သတ်နေစရာမလိုပါဘူး။
ဥပမာပြောရရင် သစ်ပင်ရဲ့အဓိက အရေးကြီးတဲ့နေရာဟာ အမြစ်ပါ။ အမြစ်သေရင် သစ်ပင်ပါသေတော့တာပဲ၊ ဒါကြောင့် ဒိဋ္ဌိအားလုံးရဲ့ ပင်ရင်းအမြစ်ဖြစ်တဲ့ သက္ကာယဒိဋ္ဌိကို ပယ်သတ်ဖို့ အရေးကြီးပါတယ်။
ဘုရားရှင်လက်ထက်က ပဉ္စ၀ဂ္ဂီငါးဦးဟာ ဗုဒ္ဓဘာသာဝင်များမဟုတ်တဲ့အတွက် ဘုရားအစ ရတနာသုံးပါးကို မယုံကြည်သေးပါဘူး၊ ဘုရားရှင်ရဲ့တရားတော်ကို ဓမ္မစင်္ကြာသုတ်တော်ကို ခန္ဓာဥာဏ်ရောက်နာယူရာက တရားအဆုံးမှာ သောတာပန်များဖြစ်သွားကြပါတယ်။ အဲဒီအခါမှာမှ ဘုရားရှင်ကိုဆည်းကပ်ပြီး ဗုဒ္ဓဘာသာဝင်ဖြစ်လာပါတယ်။
ဘုရားရှင်ကလဲ တစ်နေရာမှာ “ဓမ္မံ နပဿန္တော မံ နပဿတိ၊ ဓမ္မံ ပဿန္တော မံ ပဿတိ” လို့မိန့်တော်မူထားပါတယ်။ အဓိပ္ပါယ်က တရားမမြင်သေးရင် ဘုရားမမြင်နိုင်ဘူး၊တရားမြင်မှ ဘုရားကို မြင်နိုင်တယ်။ ဒါကြောင့်
ရတနာသုံးပါးမှတစ်ပါး အခြားကိုးကွယ်ယုံကြည်မှုတွေက မဂ်ဖိုလ်ရောက်ကြောင်းကို မတားနိုင်ပါဘူး။ ဘာ့ကြောင့်ဆိုရင် ဘာသာခြားဖြစ်ပေမဲ့ သူဟာ မဂ္ဂင်ရှစ်ပါးနဲ့အညီ နည်းလမ်းမှန်ကန်စွာနဲ့ တရားအားထုတ်ရင် မဂ်ဖိုလ်ရောက်နိုင်လို့ပါပဲ။ တကယ်တန်း မဂ်ဖိုလ်ကိုတားနိုင်တာက (ပဉ္စာနန္တရိယကံ) ကံကြီးငါးပါးအနက် တစ်ပါးပါး ကျုးလွန်မိတဲ့သူများသာ ဖြစ်ပါတယ်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP