* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, July 22, 2010

“ဦးဇင်းကြီးဂျင်မီအဖြစ်ကတော့”

မိမိ၏ သီတင်းသုံးဖေါ် သူငယ်ချင်းတစ်ပါးသည် သာသနာပြုရေးကိစ္စတစ်ခုဖြင့် မြစ်ကြီးနားသို့ ကြွချီခဲ့ရသည်။ သူသည် မြစ်ကြီးနားတွင် ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းကို သွားရောက်တည်းခိုလေသည်။ သူတည်းခို သော ညတွင်ပင် မြို့အတွင်းမှ ဒါယကာ+ဒါယိကာမများက ဆွမ်းစားလာရောက်ပင့်လေသည်။ ကျောင်းထိုင် ဆရာတော်အပါအ၀င် သံဃာတော်ငါးပါးကို လာရောက်ပင့်ကြလေသည်။ ကျောင်းထိုင်ဆရာတော်သည်ကား မအားသဖြင့် မလိုက်နိုင်ပေ။ မိမိ၏ သူငယ်ချင်းဖြစ်သူကိုသာ ခေါင်းဆောင်အဖြစ်တင်ကာ မြို့တွင်းမှ ဆွမ်းကပ် ပွဲကို ကြွခိုင်းလိုက်လေ၏။ သို့ဖြစ်သဖြင့် မိမိ၏ သူငယ်ချင်းအပါအ၀င် သံဃာတော်ငါးပါးတို့သည် ဆွမ်းကပ်ပွဲသို့ ကြွခဲ့ကြလေသည်။ အိမ်သို့ရောက်သောအခါ ဆွမ်းဒါယကာ+ဒါယိကာမများသည် သံဃာတော် များကို သဒ္ဓါ ကြည်ဖြူ ရိုသေစွာ ဆွမ်းကို ကပ်ကြလေ၏။ ဆွမ်းဘုဉ်းပေးနေစဉ် ဦးဇင်းကြီးတစ်ပါးသည် ဆွမ်းဒါယကာကြီးကို
“ဒကာကြီး ဦးဇင်းကို မှတ်မိလား”ဟု လှမ်းမေးလေ၏၊ ထိုအခါ ဆွမ်းဒါယကာကြီးသည်
“ဦးဇင်းရေ တပည့်တော်က မျက်စိက မကောင်းတော့ မမှတ်မိတော့ဘူးဘုရား”ဟု ထလျှောက်လေ၏။ ဤအဖြစ် ကို ဦးဇင်းကြီးသည်အားမရ
“ဒကာကြီးရဲ့ ဦးဇင်းကို မမှတ်မိတော့ဘူးလား သေချာကြည့်ပါအုံး”ဟု နှစ်ကြိမ်မြောက် သုံးကြိမ်မြောက် မေးလာ လေသည်။ ဆက်ကာ ဆက်ကာ မေးလာသည့်အခါဒါယကာကြီးသည် မျက်မှန်တပ်ပြီး ဦးဇင်းကြီးကို သေချာစိုက် ကြည့်လိုက်လေသည်။ ထို့နောက် ဒါယကာကြီးလျှောက်ထားလိုက်သည်ကား
“အော် တပည့်တော်အရှင်ဘုရားကို မှတ်မိပြီးဘုရား၊ လွန်ခဲ့တဲ့ ငါးနှစ်လောက်က သမ၀ါယမဂိုထောင်ကို ဖောက်ထွင်းလို့ အဖမ်းခံလိုက်ရတဲ့ ဂျင်းမီ မဟုတ်လားဘုရား”ဟူ၍ပင်ဖြစ်သတည်း။ ထိုအခါမှ ထိုဦးဇင်းကြီးသည် လည်း ငယ်ကျိုးငယ်နာကို သံဃာတော်များအကြား လူပရိသတ်များအကြားတွင် ထုတ်ဖေါ်ပြောကြားလိုက်သဖြင့် အရှက်ရကာ ငျြိမ်ကျသွားလေတော့သည်။ ဆွမ်းစားအပြီး အပြန်လမ်းခရီးတွင်ကား
“ဦးဇင်းကြီး! ကိုယ်ဖာသာ အသာမနေဘူး ၊မမှတ်မိတဲ့သူ ကို အတင်းနှုတ်ဆက်တယ်၊ ဆွမ်းဒကာကြီး လူကြားထဲ ပြောချလိုက်တာများ ဘယ်လောက်ရှက်ဘို့ကောင်းလဲ”ဟု သံဃာတော်ငယ်များက ၀ိုင်းဝန်းအပြစ်တင်ကြလေ သည်။ ဤတွင် ဦးဇင်းကြီးက
“တပည့်တော် ဒီဒကာကြီးနဲ့ကောင်းတာတွေ အတူတကွ အများကြီးလုပ်ခဲ့ပါတယ်ဘုရား၊ အဲဒီကောင်းတာတွေကို ပြောလိုက်မယ်အထင်နဲ့ တပည့်တော်လဲ နှုတ်ဆက်ခဲ့တာပါပဲဘုရား၊သူကလဲ ကြံကြံဖန်ဖန် ဒီမကောင်းတာ လေး တစ်ခုကိုမှ မှတ်မိပြီ လူကြားသူကြားကို ထုတ်ဖေါ်ပြောကြားရတယ်လို့ဘုရား၊ တပည့်တော်လဲရှက်တာပါပဲ ဘုရား”ဟု ပြောကာ ဆွမ်းစားအပြန်လမ်းခရီးတွင်ကာ ဦးဇင်းကြီးသည် ခပ်ကုတ်ကုတ်သာ ပြန်ကြွလာခဲ့လေသ တည်း။
“အော် နာမည်ကောင်းလေးများ ရမလားလို့ နှုတ်ဆက်လိုက်ကာမှ ငယ်ကျိုးငယ်နာကို လူကြားသူကြား ဖေါ်ထုတ်ခံ့ရသော ဦးဇင်းကြီးဂျင်မီတဖြစ်ကလဲ သနားစရာပင် ဖြစ်ပါပေသည်တကား”။
0 comments

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP