သုခမြို့တော်ရောက် အမှတ်တရ
အိပ်မက်တွေနဲ့ ဆန့်ကျင်ပြီး
ကျနော်
သုခမြို့တော်ရောက်နေတယ်။
ဘာမှမလိုအပ်တဲ့နေရာပေါ့
ဒါပေမယ့်
သုခမြို့တော်မှာလည်း
ကျားကြီးတော့ ခြေရာကြီးတာပါပဲ။
အစားအစာတွေက
ဗမာလျှာပေါ် ဖြတ်လျှောက်လို့ရတဲ့အစာတွေနဲ့
မြစ်ဝကျွန်းပေါ်ဘက် ရောက်နေသလားလို့
ဒါပေမယ့်
လေထုညစ်နွမ်းမှုက ပြောလောက်တယ်
မိုးမရွာရင်ပေါ့။
ဘယ်နေရာဖြစ်ဖြစ်
နာမည်ပေးဘယ်လောက်ကောင်းကောင်း
တိုးတက်ကြောင်း သတင်းစာထဲဘယ်လောက်ထည့်ထည့်
ဟာကွက်တွေဆိုတာ
သုခမြို့တော်မှာလည်းရှိပေါ့။
ဒဏ်ရာဒဏ်ချက်တွေကို
စကားလုံးတွေနဲ့ ဖုံးကွယ်မရဘူးဆိုတာ
သုခမြို့တော်ပြည်သားတွေ သိနေတယ်။
အနှုတ်အသိမ်းများခဲ့တဲ့
သုခမြို့တော်လမ်းပေါ်
လျှောက်ကြည့်ခဲ့တယ်။
လမ်းပေါ်မှာ ဆင်ခြေရာတွေ့ပေမယ့်
လမ်းဆုံးမှာ ကြွက်ခြေရာဖြစ်နေတာ
တွေ့ခဲ့တယ်။
တစ်ကောင်ကျွေး နှစ်ကောင်ရိုက်
ကျားကွက်စနစ်တွေလည်း တွေ့ခဲ့တယ်။
ကေဒါများလွန်းတော့
ပါးစပ်စေ့ထားတဲ့ အိမ်တွေလည်း တွေ့ခဲ့တယ်။
အခြေခံဥပဒေကို
ကွန်မြူနစ်ပါတီလမ်းစဉ်နဲ့
တွဲလျှောက်နေတာလည်း တွေ့ခဲ့တယ်။
အရိပ်ကို မကြောက်လေတော့
အခက်ချိုးဖို့ ဝန်းမလေးသူတွေလည်း
တွေ့ခဲ့တယ်။
ဆန့်ကျင်ဘက်တွေ့ပြီဆိုရင်
စကားလုံးတပ်ဖွဲ့နဲ့တမျိုး
ဝိဉာဉ်လှဲလှယ်ခြင်းမျိုးနဲ့တဖုံ
လှိုင်းတံပိုးလို ထိပ်တိုက်တွေ့ဆုံခြင်းတဝ
စိဉ္စမာဏဥာဉ်မျိုးစုံကို တွေ့ခဲ့ရတယ်။
လောကဆိုတာ
စုံမှ ကြိုက်တာဆိုသူများအတွက်တော့
သုခမြို့တော်မှာ သင်္ချိုင်းမျိုးစုံလည်း
ရှိနေတယ်။

0 comments:
Post a Comment