* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, July 22, 2010

၁၉.၇.၂၀၁၀ ရက်နေ့ မြရတနာတွင်ကျင်းပခဲ့အသောအစီအစဉ်များ သာဓုခေါ်ဆိုနိုင်ရန်

၁၉.၇.၂၀၁၀ ရက်နေ့ မြရတနာ တွင် အခုလိုစာပေဟောပြောပွဲ၊ ကလေးများစာဖတ်ပွဲ၊
နွေရာသီမှာယဉ်ကျေးမှုသင်တန်းတက်သောကလေးများအားအ၀တ်အစားနှင့်ဗလာစာအုပ်မားထောက်ပံ့လှူဒါန်းပွဲ၊ ညနေပိုင်းမေတ္တာရှင်ရွှေပြည်သာဆရာတော် တရားပွဲအစီအစဉ်များကို
ဦးဇင်းအနေဖြင့် မအားလပ်တဲ့အတွက်ကြိုတင်ပိုစ့်မတင်ခဲ့ဖြစ်ပါဘူး
ယခု အစီအစဉ်ပြီးဆုံးချိန်မှာ ၀မ်းမြောက်ဝမ်းသာသာဓုခေါ်ဆိုနိုင်စေရန်အတွက် တင်ပေး
လိုက်ပါသည်။
အခမ်းအနားအစီအစဉ်အရ
နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး၊ မေတ္တာရှင်ရွှေပြည်သာဆရာတော်
ဦးဇ၀နမှ ထံမှ ကလေး၊လူကြီးများ က ငါးပါးသီလခံယူကြပါတယ်။
ထို့နောက် ဦးကောဝိဒမှ အစီအစဉ်ဖြစ်မြောက်အောင်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်
ကိုမိန့်ကြားခဲ့ပြီး၊ ဆရာမ ဒေါ်မမနိုင် (မြန်မာ့ရုပ်သေး) (အင်္ဂလိပ်စကားပြောသင်တန်း မန္တလေး) ၏ခင်ပွန်းဖြစ်သူမှ ကလေးငယ်များပျော်ရွင်စေရန် သီချင်းဖြင့်ဧည့်ခံဖျော်ဖြေ
ခဲပါတယ်။ ထို့နောက် ဆရာမဒေါ်မမနိုင်မှ ကလေးငယ်များအားအသိပညာပေး၊စာဖတ်ခြင်း
အကျိုးကျေးဇူးများကို ပြောကြားခဲ့ပြီး ၊ ဦးဘုန်း(ဓါတု) မှ ကလေးငယ်များနှင့် လူကြီးများအား
စာပေနှင့်ပါက်သက်သည်များကိုပြောကြာပေးခဲ့ပါသည်။ ထို့နောက် နေ့လည် (၁၁ နာရီ၁၅ မိနစ်) တွင် ဆွမ်းဘုန်းပေးချိန်ဖြစ်သဖြင့်အခမ်းအနားကို ခေတ္တနားခဲ့ပြီး ညနေ ၃ နာရီမှာ
ဒေါ်မမနိုင် နှင့် အဖွဲ့မှ သီချင်းဆိုဖျော်ဖြေကြပါတယ်။ ထို့နောက် မေတ္တာရှင်ဆရာတော် ၏
ကပ္ပိယ ဒါယကာ ဦးသန်းဝင်းမှ ဘာသာရေးနှင့်ပါက်သက်သည်များကို ပြောကြားပေးခဲပါ
သည်။ ထို့နောက် ကလေးငယ်များ အား မေတ္တာရှင် ဆရာတော်မှလှူဒါန်းသော
ဗုဒ္ဓ၀င်သရုပ်ပြ ကာတွန်းစာအုပ်များနှင့်ဒေါ်ဥမ္မာဌေး တို့မှလှူဒါန်းသော စာအုပ်များ
ဒါယကာကိုကြီးတို့ရေတွင်းတူးပွဲကျင်းပစဉ်က စာကြည့်တိုက်ဆောင်ရွက်ရန်မာတီမှ အလှူ
ရှင်တစ်ဦးမှ ကိုကြီးမှတဆင့်ဦးဇင်းထံသို့လှူဒါန်းထားသော ငါးသောင်းကျပ်ဖြင့် စာဖတ်ပွဲ
အတွက်စီစဉ်ခဲ့ပြီးကလေးများ စာဖတ်ကြပါသည်။ ကလေးများစာဖတ်ပြီးချိန် ယဉ်ကျေးမှုသင်
တန်းတက်ရောက်ကြသော ကလေးများအား ဒါယိကာမကြီးချောအိမာန်လှူဒါန်းထားသော
ဗလာစာအုပ်နှင့် အ၀တ်အထည်များလှူဒါန်းပေးခဲ့ကြပါသည်။
ထို့နောက် ည (၈း၀၀) နာရီအချိန်တွင် မေတ္တာရှင်ရွှေပြည်သာ ဆရာတော် ဦးဇ၀န ၏ တရားပွဲအစီအစဉ်ကျင်းပပြီး အခမ်းအနားကိ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍
ရုပ်သိမ်းခဲ့ကြပါသည်။


IMG_0530.JPG

IMG_0531.JPG

IMG_0532.JPG

IMG_0533.JPG

IMG_0535.JPG

IMG_0536.JPG

IMG_0542.JPG

IMG_0541.JPG

IMG_0546.JPG

IMG_0552.JPG

IMG_0555.JPG

IMG_0556.JPG

IMG_0557.JPG

IMG_0550.JPG

IMG_0561.JPG

IMG_0567.JPG

IMG_0574.JPG

IMG_0575.JPG

IMG_0576.JPG

IMG_0577.JPG

IMG_0575.JPG

စာဖတ်ကြ.JPG

IMG_0576.JPG

IMG_0578.JPG

IMG_0579.JPG

IMG_0581.JPG

IMG_0582.JPG

IMG_0589.JPG

IMG_0596.JPG

IMG_0588.JPG

Prev: အာဇာနည်နေ့ အလှူပွဲ

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP