“ပေါင်းဖော်မှု့ ပြုသင့်သောသူများ”
လောကလှု့ရွာမှာ လှုရယ်လို့ဖြစ်လာရင် တစ်ဦးတစ်ယောက်တည်း ရပ်တည်ဖို့ မဖြစ်နိုင်ပါဘူး။ လူ့အသိုင်းအ၀ိုင်းနဲ့ လှု့ပတ်ဝန်းကျင်ဆိုတာ ရှိပါတယ်။ ပတ်ဝန်းကျင်နဲ့ ကင်းပြီး ရပ်တည်လို့မရပါဘူး။ ဒီတော့ ပတ်ဝန်းကျင်နဲ့ ကင်းကွာလို့ မရတဲ့၊ ကင်းကွာဖို့ မလွယ်တဲ့ သူတစ်ယောက်အဖို့ ပတ်ဝန်းကျင်မှာ ရှိတဲ့ အပေါင်းအသင်းမိတ်ဆွေများနဲ့ ပေါင်းသင်းမှု့ကို မလွဲမသွေပြုရပါတော့မယ်။ အပေါင်းအသင်းမိတ်ဆွေဆိုတာလည်း ကိုယ့်ဘ၀အတွက် သိပ်ကို အရေးပါတဲ့ အရာတစ်ခုပါပဲ။
တစ်ခါက အရှင်အာနန္ဒာမြတ်က ဗုဒ္ဓမြတ်စွာကို “ဘုန်းတော်ကြီးတော်မှုသော မြတ်စွာဘုရား အပေါင်းအသင်းမိတ်ဆွေကောင်းရှိခြင်းကြောင့် ထိုသူအတွက် အကျိုးတစ်ဝက် ပြီးဆုံးနိုင်လောက်အောင် အကျိုးရှိပါတယ် ဘုရား” လို့ လျှောက်တော့ ဗုဒ္ဓမြတ်စွာက “အာနန္ဒာ ထိုသို့ မပြောနဲ့ အပေါင်းအသင်းမိတ်ဆွေကောင်း ရှိခြင်းဟာ နိဗ္ဗာန်ထိအောင် အရာအားလုံးးပြီးဆုံးစေတဲ့အထိ အကျိုးရှိပါတယ်။” လို့ မိန့်တော်မှုတဲ့ စကားကို ကြည့်ရင်ဖြင့် လူသားတစ်ယောက် ဘ၀လွတ်မြောက် ချမ်းသာပြီး ကောင်းတဲ့အကျိုးတရားများကို ရရှိပြီးမြောက်စေဖို့အတွက် အပေါင်းအသင်းမိတ်ဆွေကောင်းကို အမှန်တကယ် လိုအပ်ပါတယ်။
ဗုဒ္ဓမြတ်စွာက ဘုရားအဖြစ်ကို ရရှိအောင် ကြိုးစားအားထုတ်ခဲ့တာဟာ နတ်၊ လ၊ူ ဗြဟ္မာ အားလုံးသောသတ္တ၀ါများအတွက် ချမ်းသားခြင်းများ၊ ကောင်းကျိုးတရားများကို နည်းပေးညွှန်ပြကာ ကယ်တင်ဆောင်မပေးလိုတဲ့ ကြီးမားတဲ့ ကရုဏာတော်ကြောင့်ပါ။ သဗ္ဗညုတဥာဏ်ကို ရရှိပြီး သတ္တ၀ါများအတွက် ချမ်းသာခြင်းကို ပေးစွမ်းတဲ့ တရားတော်များကို ဟောကြားပြသခဲ့တာပါ။ လှုမှု့ရေး၊ စီးပွားရေး၊ ကျန်းမာရေး စသည်ဖြင့် အရေးပေါင်းများစွာ အထိလွတ်လပ်မှု့မရှိအောင် ဟောကြားထားပါတယ်။
ဒါကြောင့် မင်္ဂသုတ်တော်မှာလည်း ဘယ်လိုပုဂ္ဂိုလ်များကို ပေါင်းသင်းဆက်ဆံရေး ပြုသင့်ပြီး အဘယ်ကဲသို့သော သူများကိုတော့ ပေါင်းသင်းဆက်ဆံမှု့ မပြုသင့်ဘူးဆိုပြီး “အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ၊ ပှုဇာစ ပှုဇနေယျာနံ။ လူမိုက်ကို ပေါင်းခြင်းမှရှောင်ပါ၊ ပညာရှိသူကို ပေါင်းပါ၊ ပှုဇော်ထိုက်သူကို ပှုဇော်ပါ။” ဆိုပြီး ဟောကြားထားတော်မှုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အပေါင်းအသင်းမိတ်ဆွေဟာ လူတစ်ယောက်အတွက် ဘ၀မှာအလွန်အရေးပါလို့ပါပဲ။
“အပေါင်းအသင်းကြောင့် ဂုဏ်တက်နိုင်သလို အပေါင်းအသင်းကြောင့်ပဲ ဂုဏ်ပျက်၊ ဘ၀ပျက်သွားကြတဲ့ သူတွေ လောကကြီးမှာ အထင်အရှားအပါ။” ဘ၀တွေ မြင့်မားသွားအောင်၊ ဘ၀တွေ ဂုဏ်တက်သွားအောင် အပေါင်းအသင်းမိတ်ဆွေကောင်းနဲ ပေါင်းသင်းဖို့ အရေးကြီးပါတယ်၊ အမှန်တကယ်လိုအပ်ပါတယ်။ ဘ၀တွေမြင့်မားသွားအောင်၊ ဘ၀တွေ ဂုဏ်တက်သွားအောင် စွမ်းဆောင်ပေးနိုင်တဲ့ အရည်အချင်းနဲ့ ပြည့်စုံတဲ့ အပေါင်းအသင်းအကောင်း မိတ်ဆွေကောင်းများကို သိဖို့အတွက် အောက်ပါ ဇာတ်ဝတ္ထုလေးကို ဖတ်ကြည့်ရအောင်ပါ။
တစ်ခါက ဗြဟ္မဒတ်မင်း စိုးစံမှု့ပြုတဲ့ ဗာရာဏသီပြည်မှာ ဘုရားအလောင်းဟာ ပုဏ္ဏားမျိုးမှာ ဖြစ်ပြီး အမျိုးသမီးတစ်ယောက်နဲ့ အိမ်ထောင်ပြုကာ သားတစ်ယောက်ဖွားမြင်ပါတယ်။ မိခင်ဖြစ်သူဟာ သားကိုမွေးဖွားပြီး သေဆုံးသွားတာကြောင့် ဘုရားအလောင်းဟာ သားလေးကိုခေါ်ပြီး တစ်ခုသော တောအုပ်မှာ ရသေ့ပြုကြကာ သီလကို မကျိုးမပေါက် စောင့်ထိန်းကာနေကြပါတယ်။
ဒီလိုနဲ့ တစ်နေ့ ဖခင်ရသေ့ကြီးဟာ သစ်မြစ်၊ သစ်သီး၊ သစ်ဥတို့ရှာဖွေရန် သားဖြစ်တဲ့ရသေ့ငယ်ကို ကျောင်းမှာထားခဲ့ကာ တောထဲကိုထွက်သွားပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ ရွာတစ်ရွာမှာ ခိုးသား၊ဓားပြများကို ပစ္စည်းလုယူ၊ လူကိုဖျက်ဆီးနေစဉ် အမျိုးသမီးငယ်ဟာ ကြောက်ကြောက်နဲ့ ထွက်ပြေးတိမ်းရှောင်ရင်း ရသေ့ငယ်ရဲ့ ကျောင်းကိုရောက်လာပါတယ်။ ရသေ့ငယ်ကလည်း စိတ်ကောင်းရှိတာကြောင့် မောပန်းနေတဲ့ အမျိုးသမီးငယ်ကို ကျောင်းအတွင်းခေါ် ရှိတဲ့ သစ်သီးဝလံများကို ကျွေးစေပါတယ်။ ငယ်ရွယ်သူလည်းဖြစ်၊ မိန်းမများရဲ့ အကြောင်းကို မသိသူလည်းဖြစ်၊ ရုပ်ရည်အဆင်းကလည်း ချောမောသူဖြစ်တဲ့ ရသေ့ငယ်လေးဟာ အမျိုးသမီးငယ်ရဲ့ မာယာကျော့ကွင်းမှာ လှလှကြီးသက်ဆင်းသွားတာကြောင့် သီလပျက်ပြားသွားရပါတော့တယ်။
အမျိုးသမီးငယ်ဟာ ရွာကို မပြန်ဝံ့တာကြောင့် ရသေ့ငယ်ကိုတစ်ခါတည်းလိုက်ဖို့ အတင်းခေါ်တော့ “နှမ သင်ရှေ့ကသွားနှင့်ပါ၊ ငါ၏ ဖခင်ပြန်လာမှ အကျိုးအကြောင်းပြောပြီး ခွင့်တောင်းကာ လိုက်လာပါမည်။” လို့ပြောပြီး အရင်သွားစေပါတယ်။
ရသေ့ငယ်လေးဟာ ဖခင်ပြန်ရောက်လာတော့ “ဖခင်၊ အကျွန်ုပ်ရွာသို့ သွားရောက်နေထိုင်လိုပါသည်။ တော၌ စောင့်ရှောက်ရသော သီလသည် အကျိုးမရှိ၊ မြို့ရွာ၌ စောင့်ရှောက်ရသော သီလသည်သာ အကျိုးကြီးမားပါတယ်။ ထို့သို့ လောကလှု့ရွာကို သွားနေတဲ့အခါ အဘယ်ကဲ့သို့သော အကျင့်ရှိသူများကို မှီဝဲ ပေါင်းသင်းမှု့ပြုသင့်တယ်ဆိုတာကို ပြောပြပေးစေချင်ပါတယ် ဖခင်။” ဆိုပြီး တောင်းပန်းတော့……
ဖခင်ဖြစ်တဲ့ ရသေ့က “ချစ်သား၊ သင့်ကို ချစ်ကျွမ်းဝင်သောသူ၊ သင်က ချစ်ကျွမ်းဝင်သည်ကို နှစ်သက်လက်ခံသောသူ၊ သင့်၏စကားကို ဆန့်ကျင်ဘက်မပြု ကောင်းစွာ နားထောင်သောသူ၊ သင့်ကို မာနမပြိုင် သည်းခံခြင်းကိုပြုသောသူတို့ကို ပေါင်းဖော်ပါ။”
“ချစ်သား၊ ကိုယ်၊ နှုတ်၊ စိတ်နှလုံး သုံးပါးတို့တွင်း တစ်ပါးပါးဖြင့် ကုသိုလ်ကောင်းမှု့ ပြုလေ့ရှိသောသူ၊ ကောင်းသော သုစရိုက်တရား ၁၀ပါးကို အမြဲပြုကျင့်သောသူ၊ ထိုသုစရိုက်တရားကို ကျင့်ကြံပါသော်လည်း မာန်မာနမရှိသူ၊ စင်ကြယ်သော ကုသိုလ်ကောင်းမှု့များကို ပြုတတ်တဲ့ ပညာရှိသူများကို မိမိ၏ မိဘအရင်းကဲ့သို့၊ မိမိ၏ ကိုယ်ကိုယ်ကဲ့သို့ ပေါင်းသင်းပါ။ မိတ်ဆွေပြုပါ။” ဆိုတဲ့ မှတ်သားစရာ စကားများကို သားငယ်ရသေ့အား ပေါင်းသင်းဆက်ဆံမှု့ ပြုသင့်တဲ့သူများကို ပြောကြားပေးပါတယ်။
“ချစ်သား၊ အမျက်ဒေါသ ပြင်းစွာ ထွက်တတ်သောသူတို့ကို အဝေးမှပင်ရှောင်ကြဉ်မှု့ပြုကာ မပေါင်းဖော်ပါနဲ့။ လူမိုက်တို့ကိုလည်း မပေါင်းဖော်ပါနဲ့။ လူမိုက်တို့အား ပေါင်းသင်းသူအား ကောင်းကျိုးမရှိ၊ အကျိုးမဲ့တို့ကို ဖြစ်စေတတ်ပါတယ်။ လူမိုက်တို့နဲ့ ပေါင်းသင်းခြင်းသည် ရန်သူနဲ့ အမြဲပေါင်းသင်းနေရခြင်းနဲ့ တူသည်အတွက်ကြောင့် ဘယ်သောခါမှ ငြိမ်းချမ်းမှု့ကို ရလိမ့်မည် မဟုတ်ပါ၊ ဆင်းရဲခြင်းကိုသာ ထာဝရဖြစ်စေတတ်ပါတယ်။” ဆိုတဲ့ အပေါင်းအသင်းမပြုသင့်တဲ့ မိတ်ဆွေများကိုလည်း သားငယ်ရသေ့လေးကို ပြောပြပါတယ်။
ဒီတော့ သားငယ်ရသေ့လေးဟာ သတိတရားပြန်လည်လာပြီး “ဖခင်၊ ဖခင်ကဲ့သို့သော ပညာရှိသူတော်ကောင်းများးကို မြို့ရွာများတွင် တွေ့ရမည်မဟုတ်ပါ။ ဖခင်နဲ့ပဲ ထာဝရ ဤတော၌ပင် အတူနေထိုင်သွားပါတော့မည်။” လို့ ပြောကြားပြီး ဖခင်နဲ့ အတူနေကာ သမထတရား အားထုတ်မှု့ကြောင့် အဘိဥာဉ်သမာပတ်များကို ရရှိပြီး အသက်ထက်ဆုံးနေထိုင်သွားကြပါတယ်။ နတ်ရွာလား သွားတယ်လို့လည်း စာမှာပြထားပါတယ်။
လောကလှု့ပတ်ဝန်းကျင်နဲ့ ကင်းကွာမှု့ပြုကာ တောအရပ်မှာ နေထိုင်ဖို့ မလွယ်ကူသေးတဲ စာရေးသူတို့ အနေနဲ့တော့ ဘုရားအလောင်းရသေ့ ပြောပြထားခဲ့တဲ့ မိတ်ဆွေမျိုးကို ပေါင်းသင်းမှု့ ပြုသင့်ရမှာပါ။ ဆိုးရိုးစကားတစ်ခုကြားဖူးပါတယ်။ “သင်ကိုယ်တိုင်က တကယ်မိတ်ဆွေစစ်ကို ရရှိချင်တယ်ဆိုရင်၊ ဦးစွာပထမ မိမိကိုယ်တိုင်က မိတ်ဆွေစစ်ပီသဖို့လိုပါတယ်။” မိတ်ဆွေစစ် ပီသဖို့အတွက်တော့၊ ဒေါသမထားပါဘဲနဲ့ မိမိရဲ့ မိတ်ဆွေအပေါင်းအသင်းကို ဆက်ဆံပါ။ ပေါင်းသင်းပါ။ သုစရိုက်တရား ၁၀ပါးကို ကောင်းစွာ ကျင့်ကြံကာ အထက်ပါ မိတ်ဆွေကောင်းတွေမှာ ရှိသင့်တဲ့ အရည်အချင်းမျိုး ကိုယ့်သန္တာန်မှာ ထ၀ရတည်ရှိအောင် ကြိုးစားရပါမယ်။
ဒီနေရာမှာ သုစရိုက်တရား ၁၀ ကို ထမ်မံမှတ်မိစေဖို့ အကျဉ်းပြောပြချင်ပါသေးတယ်။
၁။သူ့အသက်ကို သတ်ခြင်းမှရှောင်ကြဉ်ခြင်း။၂။သူ့ဥစ္စာကို ခိုးယုခြင်းမှရှောင်ကြဉ်ခြင်း။ ၃။သူတစ်ပါးသားမယားကို ဖျက်ဆီးစော်ကားခြင်းမှ ရှောင်ကြဉ်ခြင်းဆိုတဲ့ ကာယကံသုစရိုက်တရား ၃ပါး။
၎။လိမ်ညာစကားပြောကြားခြင်းမှ ရှောင်ကြဉ်ခြင်း။ ၅။ချောပစ်ကုန်းတိုက်သော စကားကိုပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း။ ၆။ကြမ်းတမ်းယုတ်မာသော စကားကိုပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း။ ၇။ပိန်ဖျင်းသောစကား အတင်းအဖျင်းစကားများကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်းဆိုတဲ့ ၀စီကံသုစရိုက်တရား ၄ပါး။
၈။သူတစ်ပါး၏ ဥစ္စာကိုမတရားရယူရန်ကြံစည်မှု့မှ ရှောင်ကြဉ်ခြင်း။ ၉။ သူတစ်ပါး၏ အသက်နှင့်စည်းစိမ်းဥစ္စကို ပျက်စီးရန်ကြံစည်မှု့မှရှောင်ကြဉ်ခြင်း။ ၁၀။ ကံ ကံ၏အကျိုးကို ပယ်ပြီး လွဲမှားစွာ ယုံကြည်မှု့မှ ရှောင်ကြဉ်ခြင်းဆိုတဲ့ မနောကံ သုစရိုက်တရား ၃ပါး အားဖြင့် သုစရိုက်တရား ၁၀ကို ဆိုလိုတာပါ။
အကျယ်ကိုတော့ စာရေးသူရဲ့ “ချမ်းသာခြင်းကို ပေးစွမ်းစေတတ်သောတရားများ”ဆိုတဲ့ ဆောင်းပါးမှာ ဖတ်ရှု့နိုင်ပါတယ်။
လောကလှု့ရွာမှာ နေထိုင်မယ်ဆိုရင် ဘယ်လိုအပေါင်းအသင်းမိတ်ဆွေကို ပေါင်းဖော်သင့်တယ်ဆိုတာကို ကွဲပြားစွာ နားလည်ထားမယ်ဆိုရင် မိမိဘ၀သံသရာတစ်လျှောက်မှာ နိဗ္ဗာန်ရသည့်တိုင်အောင် အကျိုးကျေးဇူးကို ပေးစွမ်းနိုင်ပါလိမ့်မယ်။ ဒါကြောင့် အပေါင်းအသင်းကို ရွေးချယ်တတ်ဖို့၊ ရွေးချယ်ပြီး ပေါင်းသင်းဆက်ဆံကာ မိမိအကျိုး၊ လောကအကျိုး၊ အများအကျိုးကို ဆောင်ရွက်နိုင်တဲ့ သူတစ်ယောက်အောင် ကြိုးစားသင့်ပါတယ်။
(ဥယျာဉ်မှုးလေး)

0 comments:
Post a Comment