လူ့ အလို နတ်မလိုက်နိုင်
လူ့ အလို နတ်မလိုက်နိုင် ဆိုတဲ့ မြန်မာ ဆိုရိုးစကား မြန်မာ အတွက်တော့ လိုက်လျောညီ ထွေရှိပါ တယ်။ လူ့ အလို နတ်မလိုက်နိုင်ဆိုတဲ့ ဆိုရိုးစကားကိုလည်း ပုံပြင်အနေနဲ့  ရေးထားတာလည်း တွေ့ ဘူးရဲ့ ။ နတ်က လူကို လက်မြောက်သွားတဲ့ အချက်ကို ဟာသ သရုပ်ဖေါ်ပေါ့လေ။
ခုတစ်လော မြတ်ရောင်နီ ဘလော့မှာ ကိုယ့်စိတ်ကြိုက် ကိုယ်ထင်သလိုလေးတွေ တင်ပြတော့ ဒကာတစ်ယောက်က ဘုရားသာသနာ မြတ်နိုးစိတ် ၊ သူ့ ရဲ့  အမြင်မှာ အမြင်မတော်တဲ့ မြတ်ရောင်နီ ရဲ့ မှာ မှတ်ချက်လေးတွေ ရေးသွားလေရဲ့ ။
နံပါတ် ( ၁ ) သူ့ ရဲ့  စီဘောက်မှ ပြောဆိုချက် နှင့် ကိုယ့်ရဲ့ အဖြေ
ဒကာတော်: "ဟိုနည်းဒီနည်းနဲ ဘုရားနည်းကို မရှိတော့ဘူ"းဆိုတဲ့ ပြစ်တင်ဝေဖန်မှုကို ရှောင်စေချင်လို့ပါ ဘုရား။
10 Jul 10, 08:10 PM
ဒကာတော်: သူ့နာမည်မခင်လေးကြည် ထဲမှာ--"ကန္နီနည်းတရားထိုင်ပုံနည်းလို့မသုံးပဲ"--ရိုးရိုးပဲ--" တရားရှုမှတ်နည်းလို" ပဲသုံးလိုက်ရင်မကောင်းဘူးလား ဘုန်းဘုန်း၊ ဆရာတော်ကြီးကို မကြည်ညိုမလေးစားလို့မဟုတ်ပါဘူး၊ "့ 
ဟလို ဒကာကြီးရေ
ရှင်းလင်းစေလို သောကြောင့် ထပ်မံ အီးမေးလ်မှ ဖြေပေးလိုက်ပါတယ်။
ကန္နီနည်းသုံးခြင်းမှာ ကန္နီ နည်းကို စွဲလို့  ပြောခြင်းမျိုး မဟုတ်ပါ။
ကန္နီနည်းကို လေ့လာနေတာဖြစ်လေတော့ ကန္နီနည်းလို့ သုံးမိခြင်းပါ။
ယခု လက်ရှိနေတဲ့ နိုင်ငံမှာ ပိန်ဖေါင်းလို့ 
ဗိုက်မှတ်ပြီး ကျင့်ရင် မဟာစည်နည်း။
အ၀ိဇ္ဇာ စတဲ့ ပဋိစ္စသမုပ္ပါဒ်အကြောင်း
တရားတွေ ပါလာရင် မိုးကုတ်နည်းလို့ 
စကားစပ် မိ တဲ့ အခါ နားလည်လောက်သူကို
သာမန်အနေ ပြောရပါတယ်။
ရှင်းပြပါတယ်။ ဒီကလူတွေလည်း သိထားကြတယ်။
အားလုံးဟာ နိဗ္ဗာန်ဦးတည်တဲ့ ဘုရားနည်းတွေပါ။
တရားကျင့်ရာမှာ နည်းပေါင်းများစွာ ရှိပါတယ်။
မြန်မာနိုင်ငံ သူ့ နည်း သူ့ဟန်နဲ့ ကျင့်နေကြတာပါ။
ဘုရားနည်းထဲက ကိုယ်ကြိုက်တဲ့ နည်းနဲ့ အောင်မြင်အောင်
လုပ်သွားပြီး မသိသေးသူတွေကို ထပ်မံဟောလေတော့
အဲဒီ ဆရာတွေ နာမည်တပ်ကုန်တော့တာပါ။
တကယ်တော့ အားလုံး ဘုရားနည်းတွေချည်းသာပါလို့  ထပ်ပြောလိုပါတယ်။
လောကအလယ်မှာ မဟာစည် ပရိသတ်က မဟာစည်
ဆရာတော်ကြီးလို့  ပြောလိုက်ရင် နှစ်သက်သလို။
မိုးကုတ်ဆရာတော်ကြည်ညိုတဲ့ ပရိသတ်က မိုးကုတ်ဆရာကြီး
နည်းနာလို့  ပြောရင် ပိုမို နှစ်သက်မှုရှိတာတွေ့ ရပါတယ်။
နှစ်သက်တယ်ဆိုတာ တဏှာလို့  ဆိုစေဦးတော့။
တဏှာကို အခြေခံပြီး နတ်သမီးလိုချင်တာကြောင့်
တရားကျင့်ကြံခဲ့တဲ့ နန္ဒမင်းသား ရဟန္တာ ဖြစ်သွားရတာ ရှိခဲ့ဘူးပါတယ်။
ဒါတွေ အားလုံးဟာ သမ္မုတိ သက်သက်ရယ်ပါ။
အများ အပြောကြောင့်ရယ်ပါ။
အဋ္ဌကထာ တစ်ခုထဲမှာ အရှင်သာရိပုတ္တရာလို့ ထင်ရဲ့ ။
သူ့ ဆရာရှိတဲ့ နေရာ ခေါင်းပြုလေတော့ အခြားရဟန်းများ ကဲ့ရဲ့ တာပေါ့။ ခုထက်ထိ အယူကမှားတုံးပဲလို့ အထင်လွဲကြပါတယ်။ ဖြေရှင်းချက် က ဆရာသမားကို ရိုသေလို့ သာ ခေါင်းကို ဆရာဆီထားတာပါ။ ဘုရားရှင်ကို မရိုသေလို့  မဟုတ်ပါ။
ကိုယ်ပိုင် အခွင့်ရေးကို မြတ်စွာဘုရား ကိုယ်တိုင်သော်မှ မတားမြစ်ပါဘူး။
အဲလိုနည်းနဲ့  ဆရာသမားကို ဒိဋ္ဌိမပြုတ်သေးသမျှ ပြောဆို သုံးနှုန်း စွဲလေ့ရှိပါတယ်။
ဒါ့ထက် ပြောရင် ငါသူသတ္တ၀ါ မရှိပေမယ့် သုတ္တန်ဒေသနာတွေမှာ
ဘယ်သူ ဘယ်ဝါ ဆိုတာ သုံးရပါတယ်။ သုံးကြပါတယ်။
အဲဒါတွေလည်း မပြောပလောက်တဲ့  အမှားသက်သက်ပဲ။
ခုသုံးတာကလည်း လောကဝေါဟာရကို ပြောခြင်း သက်သက်ပါ။
ဒကာကြီး အနေဖြင့် ကောင်းတာလေးမှတ်သားပြီး သဘောမကျသည်ကို ရှောင်ဖတ်သွားစေချင်ပါတယ်။
ကြိုက်နှစ်သက်သူတို့ အတွက်ရည်ရွယ်ပြီးရေးခြင်းသက်သက်ပါ။
ဒကာကြီးသိတဲ့ အတိုင်း လူတွေကို ဘုရားနည်း
ဘုရားနည်းချည်းလို့  ပြောရင်
တရားကို ပိုမို စိတ်ဝင်စားစေနိုင်ပါ့မလား။
အဓိက နိဗ္ဗာန်ကို သွားတဲ့ နည်းလမ်းတိုင်းမှာ
ဘယ်နည်းလို့ ပဲ နာမည်တပ် သုံးသုံး ဘုရားတရားတော်ဆိုတာ လူတိုင်း သိပြီးသားပါ။
အကယ်လို့  မသုံးစေချင်ရင် ခု လက်ရှိ ဆရာတော်ကြီးများကို အားလုံးလျှောက်သင့်တယ်။
အဲဒါဆို မြန်မာပြည်မှာရှိတဲ့ တရားစင်တာ Meditation Centre တွေကို
အရင်ပြင်ရလိမ့်လို့ ထင်တယ်နော်။
ဥူးဇင်းက မဆိုစလောက် ဥူးဇင်းငယ်ပါ။ ဆရာတော်ကြီးများ
နည်းလမ်းကို လိုက်ခြင်းသက်သက်ပါ။
ဒကာပြောသလိုမျိုး ဘုရားနည်း ဆိုတာ မရှိတော့သလိုမျိုး ၊
စဉ်းစားမိရဲ့ ။အမြဲတမ်း ကန္နီနည်းဆိုတာ မသုံးပါဘူး။
ဘုရားရှင်က ဘယ်သုတ်မှာဘယ်လို ဟောတော်မူတယ်ဆိုတာ
အမြဲဟောပြောပါတယ်။
သာရိပုတ္တသုတ္တန်၊ အနုရုဒ္ဓသုတ္တန်၊ မဟာကစ္စာယနသုတ္တန် စတဲ့
မထေရ်မြတ်ကြီးများရဲ့ နာမည်နဲ့  ဟောတော်မူထားတာတွေကိုလည်း
နားလည်ကြည့်သင့်ပါတယ်။
ဒကာကြီးရေ
ဒါပဲနော် ။
မရှင်းတာရှိရင်လည်း ထပ်မေးနိုင်ပါတယ်။
ထပ်မံပြီး ရှင်းတာကို လက်မခံနိုင်ရင် ပြန်လည်ထောက်ပြ လျှောက်ထားနိုင်ပါတယ်။
ဥူးဇင်းနားလည်ထားတာကတော့ ဖတ်တဲ့ စာတိုင်းမှာ
ကောင်းတာလေးတွေ ကြည့်ပြီး မှတ်ပြီး ၊ ကျင့်ကြံလိုက်နာစေဖို့ ပါဘဲ။
လိုနေတာက တရား အစစ် ရှာဖို့ ပါပဲ။
တရားမွေ့  တရားတွေ့ နိုင်ပါစေ။
ကိုယ်ကလည်း လက်က မနေနိုင်ဘူး။ ဘာမှ တင်စရာမရှိရင် ဓာတ်ပုံလေးတင်ပြီး၊ အောက်က စာတမ်းလေးထိုးပြီး ရှင်းပြလိုက်တယ်။ နဂိုရ်ဗီဇက ၀ါသနာပါလို့ မှ မဟုတ်ဘဲ။ တဖြေး ဖြေး ချင်း ၀ါသနာ ဖြစ်လာတာနဲ့ ပဲ ကိုယ်သိသလို ကိုယ်ကောင်းတယ်ထင်လို့  ကိုယ်ချင်းစာပြီး ဓာတ်ပုံ တင်ပေးလိုက်တာ။
အဲလို တင်ပေးတဲ့ အခါတိုင်း ဓာတ်ပုံကို ရွေးချယ်ပြီး စိတ်ရှည်လက်ရှည် စနစ်တကျ အပေါ်ကနေ ကြည့် လိုက်ရင် အောက်ကို အစီစဉ်ကျ ကြည့်ကြအောင် သေချာကို စေတနာထားပြီး တင်ခဲ့ပါတယ်။
ကိုယ့်စိတ်ကူးလေးနဲ့ ကိုယ်ပေါ့။
ကိုယ့်စိတ်ကူးလေးနဲ့ ကိုယ်ပေါ့။
သို့ ပေမယ့်လေ ဒကာ တစ်ယောက်အနေနဲ့  ဓာတ်ပုံတင်တာကို သူ့ အထင် သူ့ အမြင်လေးတွေ ရှိတဲ့အတိုင်း ဒီလိုလေး ရေးလျှောက်လာပါတယ်။
ဒကာတော်: တစ်ချို့ Blog တွေမှာဆို ဘာတရားဆောင်းပါးမှ မတွေ့ရပဲ ဆွမ်းကပ်ပွဲကြွပြီးပစ္စည်းဝတ္ထုအလှူခံတဲ့ပုံတွေပဲတွေ့နေရလို့ပါဘုရား၊ ဘုန်းဘုန်းကိုနားလည်လွဲသွားမှာစိုးလို့ပါဘုရား။
14 Jul 10, 06:14 PM
ဒကာတော်: ဘုန်းဘုန်း-ပစ္စည်းဝတ္ထု အလှူခံတဲ့ပုံတွေကိုတော့
မဖြစ်မနေမှထည့်နော်ဘုရား၊ တရားဆောင်းပါးတွေနဲ့ တရားဟောတဲ့ပုံတွေ
များများထည့်ပေး ရင်ပိုကောင်းတယ်ဟုမြင်ပါတယ်ဘုရား၊
14 Jul 10, 06:14 PM
ဒကာတော်: ဘုန်းဘုန်း-ပစ္စည်းဝတ္ထု အလှူခံတဲ့ပုံတွေကိုတော့
မဖြစ်မနေမှထည့်နော်ဘုရား၊ တရားဆောင်းပါးတွေနဲ့ တရားဟောတဲ့ပုံတွေ
များများထည့်ပေး ရင်ပိုကောင်းတယ်ဟုမြင်ပါတယ်ဘုရား၊
ဒကာကြီး
ဒီလိုပါ ဒကာကြီး ရာ -
ဓာတ်ပုံတင်တယ် ဆိုတာ ၀ါသနာပါသူ ကြည့်ရတာပေါ့။ ကိုယ့်အတွက်မှ မဟုတ်ဘဲ။ သူများကြည့်ဖို့ ရာပဲ။ ဘာပုံပဲဖြစ်ဖြစ် ကြည့်ချင်သူက ကြည့်ချင်ကြတာပဲလေ။ မြန်မာပရိသတ်အတွက်ပါပဲလေ။ မြန်မာဆိုတာက သိတဲ့အတိုင်း အောက်ထစ်ဆုံး ကြည့်စရာမရှိရင် ခွေးချင်းကိုက်တာတောင်ကြည့် စရာ လုပ်ပြီး ကြည့်ကြသေးတာပါပဲ။ လူတိုင်းတော့ မဆိုလိုပါဘူး။ကိုယ်နဲ့ နှိုင်းစာ ပြောကြည့် တာပါ။
လှူတာ တန်းတာကို ထပ်လှူချင်အောင် ဓာတ်ပုံတင်တာလည်းမဟုတ်။
အလှူ့ ရှင်ကိုယ်တိုင် သော် မှ ဓာတ်ပုံ ရိုက်ကြသေးတာပဲ။
ရိုက်ထားတော့၊ တင်ပေးရတာပေါ့။
အလှူ့ ရှင်ကိုယ်တိုင် သော် မှ ဓာတ်ပုံ ရိုက်ကြသေးတာပဲ။
ရိုက်ထားတော့၊ တင်ပေးရတာပေါ့။
အလှူ့ ရှင်တွေ ဆိုတာလည်း လူ အထင်ကြီးအောင် တင်ပေးဆိုပြီး လျှောက်တဲ့ အလှူ့ ရှင်တွေ မဟုတ်ပါဘူး။ သူ့ တို့  က သူ တို့ အသိနဲ့ ကို လှူဒါန်းကြတာပါပဲ။ ဂုဏ်ပကာသန ကတော့ တကယ် မလိုလားကြတဲ့သူတွေလို့  ပဲ စကားပြောကြည့်တာနဲ့ သိခဲ့ရပါတယ်။
ခုဓာတ်ပုံတင်တာက ဥူးဇင်း စိတ်ကြိုက်တင်တာလေ။
ဘလော့လာဖတ်သူအားလုံးက ဒကာကြီးလို တရားစစ်စစ် ၀ါသနာ
ပါသူတွေချည်း မဟုတ်ကြတော့ ဓာတ်ပုံတင်ရတော့ပေါ့ ဒကာကြီးရာ။
ဘလော့လာဖတ်သူအားလုံးက ဒကာကြီးလို တရားစစ်စစ် ၀ါသနာ
ပါသူတွေချည်း မဟုတ်ကြတော့ ဓာတ်ပုံတင်ရတော့ပေါ့ ဒကာကြီးရာ။
( တကယ်တမ်း တရားစစ်စစ် ၀ါသနာပါကြတဲ့
ဘလော့စာဖတ်သူတွေလည်း များစွာ ရှိမယ်လို့ ယုံကြည်ပါတယ်။
သိလည်း သိရှိထားပါတယ်။)
ဘလော့စာဖတ်သူတွေလည်း များစွာ ရှိမယ်လို့ ယုံကြည်ပါတယ်။
သိလည်း သိရှိထားပါတယ်။)
သူတို့ လည်း ဓာတ်ပုံလေးတွေ ကြည့်၊ အောက်က စာတမ်းတွေလည်းဖတ်ဆိုတော့ အလှူ လုပ်ရင် ဘယ်လို ကပ်ရမယ် ဆိုတာ အထူး သင်စရာ မလိုတော့ဘူးပေါ့။
နိုမို့ ရင် လှူတာလည်း မလှူတတ်။ ဆွမ်းလောင်းရမှာတောင် နိုင်ငံခြားရောက် သားသမီးများ၊ မြန်မာနိုင်ငံ မရောက်ဖူးခဲ့ရင် သိနိုင်ပါ့မလား။
လူအချင်းချင်းပေးတာနဲ့ ဘုန်းကြီးတစ်ပါးကို လှူတာ
ကွာဟချက်တွေလည်း သိပါစေရောပေါ့နော်။
ကွာဟချက်တွေလည်း သိပါစေရောပေါ့နော်။
ဒကာကြီးက တရားဟောပုံများများ တရားဆောင်းပါးများများ တဲ့။ ဥူးဇင်းက ကိုယ့်စိတ်ကြိုက် ကိုယ့် အတွေ့ ကြုံရေးနေတာ ဒကာကြီး။ တရားဆောင်းပါးချည်းလည်း မရေးပါဘူး။
တစ်ခါ တစ်ခါ ဟာသတွေလည်းပါတယ်။
စိတ်ထဲမှာတော့ တရားဘက်ဦးတည်ပြီးတော့ ရေးပါတယ်။
ဖတ်သူတွေ သင်ခန်းစာရစေဖို့  ရည်ရွယ်တာပါ။
စိတ်ထဲမှာတော့ တရားဘက်ဦးတည်ပြီးတော့ ရေးပါတယ်။
ဖတ်သူတွေ သင်ခန်းစာရစေဖို့  ရည်ရွယ်တာပါ။
ဒကာကြီး အနေနဲ့  တရားဆောင်းပါးချည်းသက်သက် ဖတ်ချင်ရင်တော့ ဒကာကြီး သင့်တော်ရာ ရှာဖတ်ပါလေ။ တရားကြောင်းချည်းကိုသာ ရေးထားသည့် ဘလော့များစွာ ရှိပါတယ်။
ဒကာကြီးက ဓာတ်ပုံတိုင်း တင်တာကို သဘောမကျတာတွေ့ ရတယ်။ သို့ သော် အချို့ ဘလော့ဂါ နှင့် ဥူးဇင်းစာဖတ်ဖြစ်တဲ့ အချို့ သူငယ်ချင်းသံဃာတွေ လူပရိသတ်များကတော့ ဓာတ်ပုံတင်ပေးဖို့ လျှောက်တယ်။ တရားဟောပုံမှ မဟုတ်ဘူး ။ သင့်တော်သလို တင်ပေးဖို့ ကိုလျှောက် တာ။ ပြော ကြ တာ။
ခု ဒီလိုဆိုတော့ တင်တာ၊ မတင်တာက ဥူးဇင်း စိတ်ကြိုက်ဖြစ်ပါတယ်။
တင်ခိုင်းလို့  တင်နေတာချည်းမဟုတ်သလို။ ဘုန်းဘုန်း-ပစ္စည်းဝတ္ထု အလှူခံတဲ့ပုံတွေကိုတော့ မဖြစ်မနေမှထည့်နော်ဘုရား၊ ဆိုတဲ့ စကားကို လည်း အကြွင်းမဲ့ လက်ခံလို့  မရ ဖြစ်နေပါတယ်။
ဘာလို့ လည်းဆိုတော့ ဥူးဇင်းလည်း
ဥူးဇင်း တင်သင့်တယ် ထင်လို့ ကိုတင်ခြင်းပါ။
ဥူးဇင်း တင်သင့်တယ် ထင်လို့ ကိုတင်ခြင်းပါ။
ဒကာကြီး အဲလို ကောင်းတဲ့စိတ်လေးနဲ့ ညွှန်ပြတဲ့ အတွက်တော့ တကယ်ကျေးဇူးပါ။
အကြွင်းမဲ့ နားမထောင်နိုင်တာအတွက်လည်း ခွင့်လွတ်စေချင်ပါတယ်ဗျာ။
အကြွင်းမဲ့ နားမထောင်နိုင်တာအတွက်လည်း ခွင့်လွတ်စေချင်ပါတယ်ဗျာ။
လုံးဝ မကြိုက်တဲ့ ပရိသတ်တွေ အတွက်ကတော့ သူတို့ လာမကြည့်ပဲ နေလိုက်တာနဲ့  သူတို့ စိတ်မှာ ကသိကအောက်လည်းဖြစ်စရာမလိုပါ။ သဘောကျသူတို့ အတွက် ဓာတ်ပုံ ကတော့ အတိုင်းမသိ ကောင်းပါတယ်ဗျာ။
လောကုတ္တရာနယ် မကူးခင် လောကီရေးရာ ကိစ္စတွေက
ဒီလိုပဲ မှတ်ပါ ဒကာကြီး။
မေတ္တာဖြင့်
မြတ်ရောင်နီ
( ဒီလိုလေး ဒကာကြီးထံ အီးမေးလ်ပို့ ခဲ့ပါတယ်)။
လူ အမျိုးမျိုး နတ်အမျိုးမျိုး ၊ ဘုရားရှိခိုးအမျိုးမျိုး...
လူ့ အလို နတ် မလိုက်နိုင် သည်ကား သေချာသည်သာ ။
ထို့ ကြောင့် ဤဆောင်းပါးကို
လူ့ အလို နတ် မလိုက်နိုင် - ဟု
ခေါ်လိုက်သတည်း။
စာဖတ်တဲ့ လူတိုင်း လူတိုင်း ကိုယ်လိုရာ ပူဇေမိ လုပ်ကြပါလေတော့။
မှတ်ချက်။ ။ ဒါလည်း မှတ်သားသင့်တယ် ထင်တာနဲ့ 
ဒကာထံ အီးမေးလ် ပို့ ထားတာကို
ပြန်လည် မျှဝေလိုက်တာပါ။
ဒကာကြီးဆိုတာ ဘယ်သူ ဘယ်ဝါ ဘယ်ကမှန်း မသိတဲ့
ကိုယ့်ဘလော့ကို အားပေးဖတ်နေတဲ့ သူပါ။
သို့ သော် သူမရှင်းတာကိုပဲ
ကိုယ့်အနေနဲ့ ရှင်းပေးလိုက်ခြင်းသက်သက်ပါ။
မြတ်ရောင်နီ
( ၁၅ ၊ ၀၇ ၊ ၂၀၁၀ )

0 comments:
Post a Comment