* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, July 15, 2010

“ဒီကျောင်းကြီးကြောင့်ပေါ့”

“ဇာတိမြေမှ ရွာဦးကျောင်းတော်”
ခရစ်သက္ကရာဇ် ၂၀၀၄ ခုနှစ်က ဖြစ်ပါပေ၏။ မိမိသည် သီရိလင်္ကာနိုင်ငံတွင် သုံးနှစ်ကြာ ပညာသင် ကြားပြီး နောက် အမိမြန်မာပြည်သို့ ပြန်လာခဲ့ပေသည်။ မြန်မာ ပြည် ပြန်ရောက်သည်ဆိုသည်နှင့်တစ်ပြိုင်နက် ရဟန်း ဒါယကာ+ရဟန်းဒါယိကာများရှိရာ သထုံသို့ တစ်ပတ် ကြာ ကြွရောက်ခဲ့လေသည်။ သထုံမှ ဒါယကာ+ ဒါယိကာ များတွေ့ဆုံပြီး နောက် ဆရာသမား မိဘဆွေမျိုးများရှိရာ ဇာတိရွာသို့ ခပ်သုတ်သုတ်သာလျှင် ပြန်ကြွခဲ့လေသည်။ မိမိရွာသို့ ရောက်ပြီးဆိုသော သတင်းကို ကြားသည်နှင့် တစ်ပြိုင်နက် မိဘဆွေမျိုးများသည် အဆောတလျှင် သာလျှင် မိမိထံသို့ ရောက်ရှိလာကြသည်။ မိမိသည် ရောက်ရှိလာသော ဆွေမျိုးများနှင့် အားရ၀မ်းသာ အလ္လာပ သလ္လာပစကားပြောဖြစ်ခဲ့ပေသည်။ သူတို့မရောက်ဖူးသော နိုင်ငံခြားအကြောင်းကို အားပါးတရ ရှင်းပြနေလေ တော့သည်။ သူတို့သည်လည်း မိမိပြောသမျှကို ၀မ်းမြောက်ဝမ်းသာ စိတ်ဝင်းတစား နားထောင်ကြပေသည်။

စကားအနည်းငယ် ပြောကြားပြီးနောက် မိမိသည် ဆွေမျိုးများကို အကဲခတ်မိလိုက်သည်။ ဆွေမျိုးအားလုံးတို့ သည် မိမိနှင့် သုံးနှစ်ကြာ ခွဲခွါရသော်လည်း ရုပ်သိသိသာသာ ပြောင်းသွားသူဟူ၍ သိပ်မတွေ့မိပါ။ သို့သော် ထူးထူးခြားခြား ရုပ်ပြောင်းလဲသွားသော သူသည်ကား မိမိ၏ ဒေါ်လေးဖြစ်သူ “မတရုပ်”ပင်ဖြစ်သည်။ ဒေါ်လေး ဖြစ်သူသည် အသက်အလွန်ဆုံးရှိမှ ငါးဆယ်ကျော်လောက်သာ ရှိမည်ထင်သည်။ သူ၏ ရုပ်သည်ကား အသက် (၇၀)ကျော် အဖွားကြီးတစ်ယောက်ပမာ ပါးရေနားရေများပင် တွန့်လေနေသည်။ မျက်နှာသည်လည်း အရင် ကဲ့သို့ ပြည့်ပြည့်၀၀မရှိတော့ပေ။ ချောင်ကျလေလေတော့သည်။ ရှေ့သွားနှစ်ချောင်းသည်လည်း ကျိုးနေလေ သည်။ မိမိသည်
“ကျန်တဲ့သူတွေတော့ ရုပ်ရေသိသိသာသာ ကျမသွားဘူး၊ ဒေါ်လေးကတော့ သိသိသာသာ ရုပ်ရေကျသွားတယ်၊ ပြီးတော့ သွားနှစ်ချောင်းလဲကျိုးလို့ အဖွားကြီးတစ်ယောက်ပမာ ဘယ်လိုဖြစ်တာလဲ ဒေါ်လေးရဲ့”ဟု မေးလိုက် လေသည်။ ဤတွင် ဒေါ်လေးဖြစ်သူက
“ဒီသွားတွေကျိုးသွားတာရယ် တပည့်တော် အဖွားအိုတစ်ယောက်ပမာဖြစ်သွားတာကတော့ ဒီကျောင်းကြီး ကြောင့်ပေါ့ ဦးဇင်းရဲ့”လို့ ထူးဆန်းစွာ ဆိုလာလေသည်။ သို့ဖြစ်သဖြင့် မိမိက
“ဒေါ်လေးရဲ့သွားကျိုးတာနဲ့ အဖွားအိုတစ်ယောက်ပမာဖြစ်တာနဲ့ ဒီကျောင်းကြီးနဲ့ ဘာဆိုင်လို့လဲ ဒေါ်လေးရဲ့”ဟု ဆက်ကာ မေးခွန်းထုတ်မိတော့သည်။ ဤတွင် ဒေါ်လေးဖြစ်သူက
“တပည့်တော်တို့တစ်ရွာလုံးဟာ ဒီကျောင်းကြီးဆောက်မယ်ဆိုတော့ တစ်ရွာတည်းလဲမတတ်နိုင်၊ ဒီတော့ ဘုန်းကြီးက တပည့်တော်တို့ကို မြစ်သားနယ်အတွင်း တစ်နယ်လုံးထွက်ပြီး အလှူခံခိုင်းတယ်လေ၊ ဒါနဲ့ တပည့်တော်တို့တတွေ လွန်ကျော်ရွာကို အလှူခံထွက်ကြတယ်လေ။ တပည့်တော်တို့တတွေ ထိုရွာကို မြင်းလှည်းနဲ့ သွားကြတယ်၊ လမ်းမှာ နွားအုပ်တစ်အုပ်နဲ့ သွားတွေ့တယ်လေ။ မြင်းက နွားအုပ်ကို မြင်တော့ လန့်ပြီး နောက်ပြန် ခုံလိုက်တယ်၊ အဲဒါကို သတိမထား စကားပြောနေတဲ့ တပည့်တော်ဟာ မြင်းလှည်းရဲ့သံဒိုင်နဲ့ တပည့်တော်ရဲ့ ရှေ့သွား နှစ်ချောင်းဟာ သွားရိုက်မိတယ်၊ ဒီမှာတင် သွားနှစ်ချောင်းနဲ့ပြီး ကျိုးသွားတော့တာပါပဲ ဦးဇင်းရယ်၊ ဒါကြောင့် တပည့်တော်ရဲ့ သွားနှစ်ချောင်းကျိုးတာဟာ ဒီကျောင်းကြီးကြောင့်လို့ပြောတာပေါ့ ဦးဇင်းရယ်”ဟု သူ၏ ကိုယ်တွေ့ဖြစ်ရပ်ဆန်းကို ပြောပြလေသည်။ ပြီးသောအခါ ဒေါ်လေးဖြစ်သူက ဆက်လက် ပြောလိုက်သည်ကား
“ဦးဇင်းရေ တပည့်တော် သွားတပ်ဘို့ စုံးစမ်းကြည့်တော့ တစ်သိန်းလောက်ကျမယ်ပြောတယ်၊ တပည့်တော်လဲ မတတ်နိုင်ဘူး၊ ဦးဇင်းက ကမ္ဘာပတ်နေတာဆိုတော့ ဒီလောက်ငွေတော့ တတ်နိုင်မှာပါ၊ တပည့်တော်ကို သွား စိုက်ဘို့ စွန့်အုံးဘုရား”ဟု အလှူခံလေတော့သည်။ ဤတွင် မိမိက
“ဒေါ်လေးရေ ဦးဇင်းက နိုင်ငံခြားမှာနေတယ် ဆိုတာက စီးပွားရေးလုပ်နေတာ မဟုတ်ဘူး၊ ပညာသင်ကြားနေ တာ၊ ဒေါ်လေးအထင်ကြီးသလို ငွေမရှိတာတော့ အမှန်ပါပဲ၊ သို့သော် ဦးဇင်းက ဒေါ်လေးကို သွားစိုက်ဘို့အတွက် အကုန်မစွန့်နိုင်သော်လည်း နှစ်သောင်းတော့ စွန့်ပါမယ် ဒေါ်လေးရယ်၊” ဟု တောင်းတောင်းပန်ပန် ပြောကာ (ဥာတကာနဉ္စ သင်္ဂဟော= ဆွေမျိုးတို့ကို ထောက်ပန့်ချီးမြှင်းခြင်းသည်လည်း မင်္ဂလာတစ်ပါး၊ ကောင်းသောြ်မတ်သော လုပ်ရပ်ပါပေတည်း) ဥာတကာနဉ္စ သင်္ဂဟော လုပ်လိုက်ရလေ၏။
1 comments

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP