* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, June 1, 2010

ဦးဒတ္တ အမွေတောင်းခန်း

ဦးဒတ္တ မန္တလေးမြို့၌ စာသင်နေစဉ်ဖြစ်၏။ တစ်ရွာတည်းသား စီနီယာနောင်တော်ဦးဇင်း တစ်ပါးနှင့်အတူ တစ်တိုက်တည်း၌ သီတင်းသုံးရင်း ပိဋကတ်စာပေးများ လေ့လာလိုက်စားလျှက် ရှိ၏။ တစ်နေ့တော့ ဦးဒတ္တဆွမ်းခံကြွနေစဉ် သူ့ရွာမှဖုန်းဆက်၍ ဦးဒတ္တ၏ အဘိုးကွယ်လွန်သွားသည်ကို အကြောင်းကြားလေ၏။ စာဝါများအရေးကြီးနေချိန် ဖြစ်၍ ဦးဒတ္တအား ပြန်မလာလျှင်လည်းရကြောင်း၊ စာကိုသာ ကြိုးစားသင်စေ လိုကြောင်း မှာထားခဲ့လေ၏။

နောင်တော်ဦးဇင်းသည်လည်း ဦးဒတ္တရိုးလွန်းသည်ကို ငယ်စဉ်ကတည်းက သိထားသူပီပီ ဦးဒတ္တ ဆွမ်းခံပြန်ကြွ လာသည်နှင့် ကြပ်ပေးလေတော့၏။

နောင်တော်ဦးဇင်း။ ။ “ကိုယ့်တော့ ဒကာကြီးတော့ ဖုန်းဆက်တယ်၊ အဘိုးဆုံးပြီးပြောတာပဲ၊ ကိုယ့်တော်ကို ပြန်မလွတ်ပါနဲ့၊ စာဝါတွေအရေးကြီးနေတယ်ဆိုပြီး အကြောင်းပြတာပဲ၊ တကယ်တော့ ကိုယ်တော်ဖခင်ကြီးဟာ အဘိုးကျန်ခဲ့တဲ့ အမွေတွေ အပိုင်စီးဖို့ ကိုယ်တော်ကို ပြန်မလာစေချင်တာပဲ”

ဦးဒတ္တ။ ။ “ဟုတ်လား ဦးဇင်း၊ တပည့်တော် ဘာလုပ်သင့်လဲ”

နောင်တော်ဦးဇင်း။ ။ “ဟာ ကိုယ်တော်ပြန်ရမှာပေါ့။ ကိုယ်တော့ ဒကာကြီး လူလည်ကျတာကို ဒီအတိုင်းငြိမ် ခံမလား”

ဦးဒတ္တ။ ။ “ဒါဆို ဒီညနေပဲ တပည့်တော်ပြန်မယ်”

ဦးဒတ္တသည်ကား အဘိုးဆုံးလို့ ၀မ်းနည်းဖို့ဝေးစွ၊ အမွေမရမှာ တွေးရင်း ထိုညနေမှာပဲ မှီရာကားဖြင့် ဇာတိမြို့လေးသို့ ချီတက်လေတော့၏။

ရွာ၌ကား သက်တော်ရှည် ပညာတက်ဆရာတော်သည် ကျောင်းထိုင်လျှက် သာသနာပြုနေလေ၏။ ထိုဆရာတော်ကြီးအား ဦးဒတ္တတို့ တပည့်ကြီးငယ် အားလုံးသည် ကြောက်ကြရလေ၏။ စကားပြန်ပြောဖို့ အသာထား ဆရာတော်မြင်လောက်ရာ အရပ်မှ ဖြတ်လျှောက်ဖို့ပင် မရဲကြပေ။ ထို့နေရွာရောက်လျှင်ပဲ ဦးဒတ္တသည်ကား ဆရာတော်ကို ဦးခိုက်၍ ဆရာတော်မှ ဘာကားနဲ့ ဘယ်လိုပြန်လာသလဲ၊ နေကောင်းကျန်းမာရဲ့လား ဆိုသော အမေးကိုပင် ပြန်လည်ဖြေကြား မလျှောက်တင်နိုင်ဘဲ အိမ်သို့ ပြန်သွားလေတော့၏။ ဆရာတော်လည်း “အော် ဒီဦးဇင်းခမျာ သူ့အဖို့ဆုံးသွားတော့ ၀မ်းနည်းနေရှာရော့မည်” ဟုသဘောပိုက်လျှက် နေလေ၏။

နာရေးကား မြေကျပြီးပေပြီ၊ ရက်လည်ဆွမ်းသွပ်ဖို့စောင့်စားနေချိန်၊ ဆွေးမျိုးဉာတိများ ပူဆွေးသောက်က ရောက်နေချိန်။ ဦဒတ္တကား အိမ်သို့ရောက်သည်ဆိုလျှင်ပဲ --

ဦးဒတ္တ။ ။ ဒကာကြီး(ခမည်းတော်ကိုခေါ်လိုက်ခြင်းပင်) လာပါဦးဗျ၊ ဒကာကြီး ဘာသဘောလဲ၊ ဦးဇင်းကို ဘာလို့ပြန်မလာခိုင်းတာလဲ အဲဒါရှင်း.

ဒကာကြီး။ ။ ဦးဇင်းမှာ စာမေးပွဲနီးလို့ စာဝါတွေအရေးကြီးချိန်ဖြစ်နေလို့ပါ၊ ဒီမှာလဲ သေပြီးမှတော့ ဘာမှဖြစ်မလာနိုင်ဘူးမဟုတ်လား ဦးဇင်း၊ ဒါကြောင့် ပြန်မလာဘို့ပြောတာပါ။

ဦးဒတ္တ။ ။ ဦးဇင်းသိတယ် ဒကာကြီး၊ အဘိုးကျန်ခဲ့တဲ့ အမွေတွေ အပိုင်စီးချင်လို့မဟုတ်လား၊ ဦးဇင်းကို မပေးချင်လို့ ပြန်မလာစေချင်တာ မဟုတ်လား

ဒကာကြီး။ ။ ဦးဇင်း ဒီမှာ အားလုံးပူဆွေးသောက ရောက်နေကြပါတယ်၊ အမွေကိစ္စကို ဘယ်သူမှ ခေါင်းထဲမထည့်နိုင်ကြပါဘူး၊ ဦးဇင်းဟာ တပည့်တော်ရဲ့ သားပါပဲ သားသမီးတွေ အားလုံးကို မျှတစွာ ဖြစ်စေရပါ့မယ်။

ဦးဒတ္တ။ ။ မရဘူး ဒကာကြီး ဦးဇင်းသိတယ်။ အမွေကို အခုခွဲပေး မရရင် မြို့ကို မပြန်ဘူး ဒါပဲ

အချီအချပြောလိုက် ငြင်းခုန်လိုက်ဖြင့် ဦးဒတ္တတို့သားအဖ နှစ်ယောက်သည်ကား ညှိနိုင်းလို့မရတော့ပေ။ ဦးဒတ္တ၏ဖခင်သည် စိတ်ဆိုးလာပြီး “ဟာ... ဒီဦးဇင်း ဒီလောက်ပြောပြနေတာတောင် မရဘူး” ဟု ကြိမ်ဆွဲ၍ လိုက်ရိုက်လေတော့၏။ (အညာဒေသမှာ မိဘသည် သားများကို ကိုရင်၊ ဦးဇင်းဖြစ်လင့်ကစား သူတို့၏စိတ်မှာ မကောင်းတာ မသင့်တာမြင်လျှင် ငယ်စဉ်ကလို ဆိုဆုံးမတက်တဲ့ ချစ်စရာ ဓလေ့သည် ရှိလေ၏။)

ဒကာကြီးလည်း ကျောင်းအထိအောင်လိုက်လာပြီး ဆရာတော်ကြီးအား “ဆရာတော်ဘုရား ဒီဦးဇင်းကို အခုမြို့ကိုပြန်ခိုင်းလိုက်ပါဘုရား၊ တပည့်တော် စိတ်ဆိုးပြီးရိုက်မိလျှင် အပြစ်ဖြစ်ပါတော့ မည်ဘုရား” ဟု ပြက်သားစွာလျှောက်တင်လေတော့သည်။ ဆရာတော်ကား အကြောင်းစုံသိတော်မူပြီးလေသော် ဒေါသ ထွက်တော်မူရကား .. “ဦးဒတ္တ အခုချက်ချင်း ကျောင်းပေါ်ကဆင်း မြို့ကိုတန်းပြန်၊ ဘယ်တော့မှပြန်မလာလေ ကောင်းလေပဲ” ဟု ပြင်းထန်သော ဗီတိုအာဏာကိုသုံး၍ နှင်ချလေတော့သည်သာတည်း။

ဖြစ်ရလေ ဦးဒတ္တရယ်၊ ကြပ်လို့ကြပ်မှန်းမသိ၊ အဘိုးဆုံးလို့ ရက်မလည်ရသေးဘူး အမွေတောင်းရက်လှတယ်။ အဘိုးသေရာမှထလာနိုင်လျှင်ကား ဦးဒတ္တ မလွယ်ကြောပင်။ အဘိုးသည်ကား ဒေါသအလွန်ကြီးပြီး ဦးဇင်းသော ဘာသော ထားမည်သူ မဟုတ်ပေ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP