* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, June 1, 2010

“အလျှောက်ကောင်းတော့ အထောင်းသက်သာ”

မိမိသည် မန္တလေးမြို့နိုင်ငံတော်ပရိယတ္တိသာသနတက္ကသိုလ်၌ နေစဉ်က ကြားခဲ့ရသော တကယ့်ဖြစ်ရပ် ကလေး ပါပေတည်း။ သာသနတက္ကသိုလ်၏ စည်းမျဉ်းအရ စာသင်သားများသည် တစ်ပတ်လျှင် ခြောက်ရက်စာဝါတက်ရ သည်။ အနည်းဆုံး တစ်နေ့ကို စါဝါ ငါးကြိမ် သို့မဟုတ်ခြောက်ကြိမ်တက်ရသည်။ လဆန်းရှစ်ရက် လဆုတ်ရှစ်ရက်ဆိုလျှင် အဖိတ် ဥပုသ်ဟူ၍ ကျောင်းနှစ်ရက်ပိတ်သည်။ လဆန်း၁၅ရက် လဆုတ်၁၅ရက် သို့မဟုတ် လဆုတ်၁၄ရက်ဆိုလျှင် ဥပုသ်နေ့တစ်ရက်သာ ကျောင်းပိတ်သည်။ သို့သော် နေ့စဉ် ညနေခင်းတိုင်း မဖြစ်မနေ ဘုရားရှိခိုးကြရလေသည်။ ကိစ္စကြီးငယ်ရှိလျှင်ကား အစောင့်ကျသော ဆရာတော်များထံ ခွင့်တိုင်ကာ ပျက်ကွက်ခွင့်ရှိပေသည်။ အချို့စာသင်သားများသည်ကား ဘုရားဝတ်တက်မပျက်၊ စာဝါမပျက် အလွန်လျှင် ၀ိရီယကောင်းကြပေသည်။ လူငယ်တို့၏ ဘာသာဘာဝအရ အချို့လည်း တခါတလေ ပျင်းပျင်းရှိသောအခါ
“တပည့်တော်ခေါင်းမူးနေပါသဖြင့် ဘုရားဝတ်တက်ပျက်ခွင့် ပြုပါရန် ရိုသေစွာ လျှောက်ထားအပ်ပါသည်ဘုရား။” ဟုခွင့်တိုင်ကြလေသည်။ အချို့စာသင်သားများကလည်း
“တပည့်တော်ဗိုက်အောက်နေပါသဖြင့် ဆေးခန်းသို့ သွားခွင့်ပြုပါရန် လျှောက်ထားအပ်ပါသည်ဘုရား။”ဟု စသည်ဖြင့် မမြင်ရသော ဝေဒနာများကို တင်ပြကာ ဘုရားဝတ်တက်ပျက်ကွက်ခွင့်ကို တောင်းခံလျှောက်ထားကြ လေသည်။ ထိုအထဲ ကိုယ်တော်လေးတစ်ပါးသည် ခေါင်းကိုက်သောကြောင့်ငှင်း ဗိုက်အောက်သောကြောင့်ငှင်း ခွင့်တိုင်လာသည်မှာ များလှပေသည်။ နောက်ဆုံး ဆရာတော်က
“မောင်ပဇင်း မင်းခွင့်တိုင်တာတွေက များလှပြီနော်၊ ကြည့်လဲလုပ်အုံး။”ဟု သတိပေးပင်ခံနေရသည်။ ထို့သို့ သတိပေးခံရသဖြင့် ထိုကိုယ်တော်လေးသည် ဘုရားဝတ်တက်ပျက်ကွက်ခွင့်ကိုပင် မတိုင်ရဲတော့ပေ။ တစ်နေ့ သော ညနေခင်း ဘုရားဝတ်တက်ကြေးစည်းလဲခေါက်နေပြီ၊ သံဃာတော်များသည်လည်း ဘုရားဝတ်တက်ရာ ဓမ္မာရုံဆီသို့ ကြွသွားကြသည်။ မကြာလိုက်ပါ ဓမ္မာရုံကြီးအတွင်းမှာတော့ သံဃာတော်တွေ၏ ဘုရားဝတ်တက် သံများပေါ်ထွက်လာခဲ့ပေသည်။ သို့သော် ခွင့်တိုင်များသော ကိုယ်တော်လေးသည်ကား ဘုရားဝတ်တက်ရမှာ ပျင်းသည့်အတွက် အပြင်ခိုးထွက်မည်ဆိုသောရည်ရွယ်ချက်ဖြင့် တက္ကသိုလ်ဂိတ်ပေါက်ဆီသို့ ချဉ်းကပ်လာ ခဲ့ပေသည်။ ထိုကိုယ်တော်လေးသည် ကံဆိုးချင်တော့ ဘုရားဝတ်တက်ပျက်သော ကိုယ်တော်များကို လို်က်ဖမ်း နေသော နာယကချုပ် ဆရာတော်နှင့် ထိပ်တိုက်သွားတွေ့လေသည်။ ထိုအခါ နာယကချုပ်ဆရာတော်က
“ဒီကိုယ်တော် လာခဲ့။ ဘုရားရှိခိုးမလိုက်ဘဲနဲ့ အပြင်လစ်ထွက်မလို့ မဟုတ်လား၊”ဟုမေးသောအခါ ကိုယ်တော် လေးက
“မဟုတ်ပါဘူးဘုရား၊ တပည့်တော် ဆရာတော်ကို လိုက်ရှာနေတာဘုရား၊ တပည့်တော်ဖိနပ်မရှိလို့ ဖိနပ်အလှူခံ ချင်လို့ပါဘုရား။”ဟု လျှောက်ထားလိုက်လေသည်။ ထိုအခါ ဆရာတော်သည် ထိုကိုယ်တော်လေးကို အရေးယူရန် နေနေသာသာ အဆောင်သို့ ခေါ်သွားကာ ဖိနပ်ကိုပင် စွန့်ကြဲလိုက်ရလေသည်။
“အော် တင်္ခဏုပ္ပတ္တိဥာဏ် တော်တော်ကောင်းသော ကိုယ်တော်လေးဖြစ်ပေသည်။”ဟု မိမိသည်ပင် ချီးကျူးနေ မိတော့သည်။
တစ်ခါတွင်ကား ကိုယ်တော်လေးနှစ်ပါးသည်။ ဘုရားဝတ်တက် မလိုက်လိုသဖြင့် အပြင်ထွက်ရန် တက္ကသိုလ် တံခါးပေါက်ကြီးဆီသို့ တိတ်တဆိတ်ချဉ်းကပ်လာလေသည်။ ထိုအခြင်းအရာကို မြင်သော နာယက ချုပ် ဆရာ တော်သည် နောက်မှ ခပ်သုတ်သုတ်လိုက်လာကာ
“ဟေ့ မောင်ပဇင်းတွေ ဘုရားရှိခိုးမလိုက်ဘဲ ဘယ်သွားကြမလို့လဲ။”ဟု မေးလေသည်။ ဤတွင် ကိုယ်တော်လေး နှစ်ပါးက သံပြိုင်
“တပည့်တော်တို့က တက္ကသိုလ်ကမဟုတ်ဘူးဘုရား၊ အာဂန္တုကိုယ်တော်တွေပါဘုရား၊”ဟု လျှောက်ထားလိုက်ရာ ဆရာတော်က
“အောင်မာ မင်းတို့နှစ်ကောင်များ မသိဘူးများမှတ်နေသလား၊ မင်းဘွဲ့အမည်က သာသန(ဘဗ္ဗု)၊ မင်းက ၀ိစာရ(ဒိန်းဒေါင်)ဟု နာမည်ပြောင်များကိုပါ တခါတည်း ထည့်ပြောလိုက်ရာ ကိုယ်တော်လေးနှစ်ပါးသည် မည့် သည့်စကားမျှမပြောနိုင်ရှာတော့ပေ။ ဆရာတော်၏ အပြစ်ပေးခြင်းကို ခံလိုက်ရလေတော့သတည်း။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP