* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, June 1, 2010

ဒီလိုလေး လုပ်ကြည့်ရင် ကောင်းမလား? (ပြန်လည် ဝေဖန်ဆွေးနွေးမှု ၄)

အရှင်ဉာဏဒီပ ( ဓမ္မရတနာ) ( http://www.ashinnyanadipa.com ) ၏ ပြန်လည်ဝေဖန်ဆွေးနွေးမှု

ဒကာတော် ကိုဝိမုတ္တိ...
“ဒီလိုလေး လုပ်ကြည့်ရင် ကောင်းမလား?” ဆိုတဲ့ ဆောင်းပါးလေးနဲ့ ပက်သက်ပြီး ဘုန်းဘုန်းက ဒကာတော်လေးနဲ့ ဘုန်းဘုန်း နှစ်ဦးတည်းပဲ ဆွေးနွေးချင်တာလေ။
ဘုန်းဘုန်းကတော့ ရဟန်းတွေဘက်ကနေ မဆွေးနွေးဘဲ သာသနာတော်ဘက်ကနေ ဆွေးနွေးပေးချင်တယ်။
ရဟန်းတွေဘက်ကနေ ဆွေးနွေးတယ် ဆိုတာက ရဟန်းတွေရဲ့ အလို။
သာသနာတော်ဘက်ကနေ ဆွေးနွေးတယ် ဆိုတာက သာသနာတော်ရဲ့ အလိုပေါ့။
ဒကာတော်လေးတို့လို နိုင်တဲ့ဘက်ကနေ သာသနာပြုနေတဲ့ ပုဂ္ဂိုလ်တွေက သာသနာဘက်က အလိုကိုလည်း သိထားသင့်တယ်လေ။
အဲဒါကြောင့်ပါ။
ဘုန်းဘုန်းရဲ့ ဆွေးနွေးချက်လေးကို သိရရင် ဒကာတော်လေးအတွက် တန်ဖိုးရှိတဲ့ အကျိုး တစ်စုံတစ်ရာ ဖြစ်ထွန်းလိမ့်မယ်လို့ ဘုန်းဘုန်း ထင်မိပါတယ်။
ဒကာတော် ကိုဝိမုတ္တိ ကျန်းမာချမ်းသာစွာနဲ့ သာသနာ ပြုနိုင်ပါစေကွဲ့.....

* ပြန်လည်ဝေဖန်ဆွေးနွေးမှု ၃

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP