* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, June 1, 2010

ဗုဒ္ဓသီချင်းအယ်လ်ဘမ်ထွက်ပြီ


မေ ၂၈
ဗုဒ္ဓအရှင်ရဲ့ တရားဓမ္မတွေကို ရာဂျေးရှ ဒေဗားက ဂီတအယ်လ်ဘမ်အသွင် ပြန်ဆိုထုတ်ဝေလိုက်ပါပြီ။ အယ်လ်ဘမ်ရဲ့ တိုင်တယ်လ်က Buddha Hi Buddha Hai (बुद्ध ही बुद्ध है) လို့အမည်ပေးထားပြီး ဆာရေဂမ ဂီတ အမှတ် တံဆိပ်က ဖြန့်ချီခဲ့တာပါ။

ဗုဒ္ဓအရှင်ရဲ့ ဓမ္မကို မှတ်တမ်းပြုထားတဲ့ ဒီအယ်လ်ဘမ်အတွက် ဂီတစည်းဝါးသံစဉ်တွေ ရာဂျေးရှ် ဒေဗားက ရှာဖွေ ရေးစပ်ပြီး ဆိုနု နုဂမ်၊ အယ်လ်က ယာဂနစ်၊ ရှင်ကာ မဟာဒေ၀န်နဲ့ ဆူရေး ၀ါဒကာတို့က သီဆို ထားကြတာဖြစ်ပါတယ်။

ဂီတနဲ့ ပတ်သက်ပြီး ပုံစံတကျလေ့ကျင့်သင်ကြားမှုမရရှိခဲ့တဲ့ ဒေဗားဟာ ဗုဒ္ဓနဲ့ ဗုဒ္ဓဓမ္မဆိုင်ရာ စာအုပ်များ၊ ရှေးဟောင်းကျမ်းစာများကို ဖတ်ရှုလေ့လာခဲ့ပါတယ်။ သူက သီချင်းတွေ ရေးဖို့အတွက် တစ်ပတ်ကနေ ၅ လအထိ အချိန်ယူခဲ့ရတယ်လို့ ၀န်ခံခဲ့ပါတယ်။

သူ့စိတ်ထဲမှာ ဗုဒ္ဓအရှင်ရဲ့ တရားဓမ္မတွေ ဖြန့်ချီဖို့ အတွက် ဂီတဟာ စံပြမီဒီယာတစ်ခုလို့ ခံစားရပြီး ဗုဒ္ဓရဲ့ တရားတော်တွေဟာလည်း ဂီတလိုပဲ လူသားကမ္ဘာရဲ့ နယ်နိမိတ်အကန့်သတ်တွေကို ကျော်လွှားနိုင်တယ်လို့ ခံယူထားပါတယ်။ ဒေးဗားရဲ့ ဒီဂီတအယ်လ်ဘမ်မှာ ဂီတဖန်တီးမှုအမျိုးမျိုးနဲ့ စမ်းသပ်ဖွဲ့ဆိုထားသလို လျှပ်စစ်စီးဝါးရိုက်ချက်ကနေ ဂါထာရွတ်ဖတ်မှုအထိ ပေါင်းစပ်ပါဝင်ပြီး မဇ္ဈိမတေးသွားနဲ့ အနောက်တိုင်းဟန် သံစဉ်တွေကိုလည်း ရောသမထားပါသေးတယ်။

ဂီတအယ်လ်ဘမ်ဟာ စမ်းသပ်ရေးဖွဲ့ထားပေမယ့် သီချင်းတွေကို အားရကျေနပ်မှုရှိတယ်လို့ ဒေဗားက အခိုင်အမာပြောပါတယ်။ ဒီဂီတအယ်လ်ဘမ်မှာ ဗုဒ္ဓအရှင်ရဲ့ ထင်ရှားလှတဲ့ သွန်သင်ချက်တွေကို ထည့်သွင်းရေးစပ်ထားတာပါ။ “မီးကို မီးနဲ့ ငြိမ်းသတ်မရ” ”လောဘဟာ ကပ်ဆိုးတွေဆီ ဦးတည်တယ်” ”အကြောင်းတရားတိုင်းမှာ အကျိုးတရားရှိတယ်” “အကျိုးတရားတိုင်းမှာ အကြောင်းတရားရှိတယ်” စတဲ့ ဗုဒ္ဓအရှင်ရဲ့စကားတော်တွေကို ဒေးဗားက ဟိန္ဒီသံစဉ်ရိုးရိုးလေးတွေနဲ့ ယက်ဖောက်ထားတာပါ။ ဒီအယ်လ်ဘမ်မတိုင်မီကလည်း ဒေးဗားက တစ်ခန်းရပ်ပြဇာတ်လေးတွေကို ဖန်တီးထားခဲ့ပါသေးတယ်။ ခုအယ်လ်ဘမ်အပြီးသတ်နိုင်ဖို့ လေးနှစ်လောက်အချိန်ယူခဲ့ရတာပါ။

မူလစာမျက်နှာ

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP