* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, June 1, 2010

အမွန္တရားခါး၏ မုသားခ်ဳိ၏

လူဆိုတာကတော်တော်ခက်တဲ့သတ္တ၀ါ ကျနော်လည်းလူသားဆိုတော့ ခက်တဲ့အထဲကျနော်လည်းပါနေတယ် ကိုယ်မကြိုက်တာကို ကြိုက်ချင်ယောင်ဆောင်ပြီးနေပြလိုက်ရ၊ မချစ်သော်လည်းအောင့်ကာနမ်းရ၊ ရင်ထဲမရှိတဲ့စကားကို ရှိယောင်ပြောရ၊ မောလိုက်တာ၊ ကိုယ်ရပ်တည်နေတဲ့ အခြေအနေလေးတစ်ခု၊ ကိုယ့်ရဲ့ဘ၀လို့ပြောနိုင်တဲ့ပစ္စုပန် အခြေနေလေးတစ်ခု မပြောင်းသွားဖို့ ဖက်ထားတွယ်ကပ်ကုတ်ချက်ပြီးနေနေရတာ မောစရာတော့အကောင်းသား။

ပိုဆိုးတာက..အခြေနေတစ်ခုပျက်မသွားဖို့၊ အမှန်တရားကိုကျောခိုင်းလိုက်ရတဲ့အခါ၊ မှားတာကိုမှားနေပါတယ်လို့ လူသိရှင်ကြားထုတ်မပြောရဲတဲ့အခါ အဲလိုအခါတွေရောက်လာရင် လူဟာလူအဖြစ်က ဈန်လျှောပြီး တိရိစ္ဆာန်ထက်နိမ့်တဲ့ဘ၀တစ်ခုကိုရောက်သွားတယ်လို့ကျနော်ထင်နေမိတယ်။

ဟုတ်တယ်လေ..ခွေးဟာကြောက်လာရင်အမြီးကုတ်သွားတယ်၊ ဒါဆိုသူကြောက်နေပြီ ခွေးအချင်းချင်းလည်းသိတယ် လူတွေလည်းသိတယ် ဒီကောင်ကြောက်နေပြီလို့ တခြားသောသတ္တ၀ါတွေလည်းသိမှာပဲ.. ခွေးက သူကြောင့်နေပါတယ်လို့ အမှန်ကိုအမှန်အတိုင်းပြောတာ၊အမူရာပြတာပေါ့လေ၊ အဲ..ခွေးဒေါသထွက်လာရင်..ဂီး.. ကနဲအော် မာန်ဖီပြီး အမြီးထောင်၊ ဘာကောင်ပဲဖြစ်ဖြစ်ကိုက်ပစ်မယ်ဆိုတာ၊ အားလုံးအသိ၊ဒါလည်းအမှန်ပဲဒေါသထွက်နေတာကိုး။

ခွေးကချစ်လာပြီဆိုရင် အမြီကလေးတလှုပ်လှုပ် တရမ်းရမ်းနဲ့ ပွတ်သတ်ကျီစယ်ပြီး ချစ်နေတယ်ဆိုတဲ့ အမူရာပြတာ..ဟုတ်တယ်နော်၊

ကျနော်တို့လူတွေများ၊ အမှန်တရားကိုပြောရမှာ၊ နားထောင်ရမှာကြောက်သလားပဲ၊ ဘာလို့ကြောက်နေလဲ ဒီအမှန်တရားဆိုတာကို၊ ဘာလို့အမှန်တရားကိုချောင်ထဲထည့်ပြီး မာယာကိုအိမ်ဦးခန်းမှာထားပြီး ကိုးကွယ်ချင်နေကြတာလဲ၊၊ လေးသင်္ချေ ကမ္ဘာတစ်သိန်းပါရမီဖြည့်ပြီး ဘုရားရှာခဲ့တာ သစ္စာဆိုတဲ့ အမှန်တရားကိုပါ၊ဒါပေမဲ့ ကျနော်တို့မှန်တရားကိုကြောက်နေကြတယ်၊ အမှန်တရားကိုမုန်းနေကြတယ်..မမုန်းတဲ့သူနည်းပါလိမ့်မယ်၊။

မယုံရင် သူခိုးတစ်ယောက်ကို..သူခိုးလို့ပြောကြည့်..တစ်ခါတည်း ဓါးနဲ့အခုတ်ခံရသလို နာလိုက်တာ ၊နာကျည်းလိုက်တာ တခါတည်းထသသတ်မလားပဲ ကျနော့်ကိုပြောကြည့်ပါလား ခင်ဗျားအရုပ်က ဘီလူးချဉ်သီးကျွှေးထားတဲ့ရုပ်လို့ ကျနော်ထသတ်မလားပဲ အရှက်ပေးတာကိုး ကျနော်ကချောနေလို့လား? နိုး ခုနကပြောတဲ့အရုပ်ပဲ.ဒါဆိုဘာလို့ နာလိုခံခက်ဖြစ်နေလဲ၊ မှန်နေလို့ပေါ့ဗျာ၊ မှန်နေလို့ပေါ့။

ငါတို့ကမှန်မှရတယ်ကွ..လို့ကြေါကျော်နေတဲ့သူတွေ၊ မှားတယ်ထင်တာကိုထောက်ပြကြည့်ပါလား? တစ်ခါတည်းအမှုန့်ဖြစ်သွားနိုင်တယ်၊ တစ်ခါတစ်ခါတော့လည်း လူတွေအမှန်တရားကို အမှန်တကယ်ချစ်လာကြပါစေလို့ ဆန္ဒပြုမိတယ်၊ ကျီးကိုဒေါင်းပြော ဒေါင်းကိုကျီးပြောပြီး နေကြရတာကို သာယာနေလား၊ သမုဒ္ဒရာဝမ်းတစ်ထွာအတွက် ခွေးကို ခြင်္သေ့လို့ပြော တီကောင်မဟုတ်ပါဘူးကွာ နဂါးကြီးပါလို့ပြောနေရတာလား?

မှားနေတာကိုတော့မှားနေတယ်ပြောရင်၊ မခံခြင်တဲ့ပုထုဇဉ်သဘောကို သိကြလို့လား ကျနော်တွေးတုံးပဲ။

ရွှေ့လျားနေတဲ့ယဉ်ကျေးမှုတွေကိုယ်တိုင်က အတုတွေလား? ဘာအတွက်တစ်ဦးကိုတစ်ဦး လိမ်နေကြတာလဲ?
ဘာအတွက်အဖွဲ့စည်းတစ်ခုနဲ့တစ်ခု ညာနေကြတာလဲ? ကမ္ဘာပေါ်မှာရှိတဲ့ ကိုးကွယ်ရာဘာသာတရား အားလုံးနီးပါး လိမ်ညာတာကို တားမြစ်ကြပေမဲ့၊ Followers တော့ ဒီတားမြစ်ချက်ကို အကြောင်းပြချက်ပေါင်းစုံနဲ့ ချိုးဖေါက်နေကြတာပဲလေ။

အကြောင်းရှာတော့..တစ်ခုတည်းပဲ၊ ငါကောင်းစားရေး ၀ါဒကရှေ့တန်းရောက်လာတာပါပဲ ငါကောင်းစားရေးဝါဒ အရှေ့တန်းရောက်လာတဲ့ အိမ်တစ်ဆောင်မှာ အိမ်ဆူတယ် ၊အလားတူပဲ ငါကောင်းစားရေးတွေရှေ့တန်းတင်လာတော့ ပြည်ဆူတယ်၊ နောက်ဆုံးကမ္ဘာစစ်ကြီးတွေဖြစ်လာတဲ့အထိ တရားခံက ငါကောင်းစားရေးဝါဒပဲ။

မရှိတဲ့ငါကိုရှေ့တန်းတင်မိခြင်းအမှားကို ကျနော်အပါအ၀င် ပုထုဇာဉ်အားလုံး ခံစားနေရတာပါပဲ၊ ကျနော်တို့ပုထုဇာဉ်သဘာဝကိုတိုင်က မာယာကိုမင်းမြှောက်ပြီး သစ္စာကိုခံချချင်နေကြတာလေ၊ တကယ်တော့ ဘု၇ားရဲ့တရားတော်ကိုယ်တိုင်က အသေကို ရှာပီး အသေလွတ်ရာကိုသွားတာလေ၊ ဒုက္ခကို သစ္စာမြင်အောင်ကြည့်ပြီး လွန်မြောက်ရာကိုသွားတာပါလေ၊ ကျနော်တို့လိုချင်တာက ၊တွေ့ချင်တာက၊ သုခ မှန်သမျှ၊ အစားကောင်း အသောက်ကောင်း အနေကောင်း ဆိုတဲ့လောကသတ်မှတ်ချက်တွေ၊။

အဲလိုကောင်းတာတွေလိုချင်တဲ့စိတ်ရယ်၊ မရှိတဲ့ငါကိုရှေ့တန်းတင်တာရယ်ပေါင်းလိုက်တော့ မလုပ်ရဲတာဘာမှမရှိ တော့၊ ဘာမှမမြင်တော့ဘူးလေ၊

ဆရာတော်ကြီးဆုံးမခဲ့ဘူးတာကိုပြန်သတိရလာတယ်၊

ပုထုဇာဉ်တွေမှာ အမှန်တရားခါး၏ မုသားချို၏ တဲ့လေ။

ငြိမ်းချမ်းကြပါစေ။

ဥပသကာ။
5 ပါဝင်ဆွေးနွေးသူ ၊

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP