* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, May 15, 2010

Ph.D ကျောင်းသား


ပူနေးတက္ကသိုလ် supervisor ရှာသွားစဉ်က တက္ကသိုလ်စာကြည့်တိုက်နှင့် အမှတ်တရ

ပထမခြေလှမ်း
Course တစ်ခု ပြီးပြန်တော့လဲ နောက်ထပ် Course တစ်ခုတက်ရန်ပြင်ရပြန်၊ မည်သည့် subject (ဘာသာရပ်)နှင့်မဆို M.A ပြီးကျောင်းသားတစ်ယောက်ဟာ Ph.D ဒေါက်တာဘွဲ့အတွက် ကျမ်းရေးရန် Supervisor or Guide ရှာရတဲ့ ဒုက္ခ နှင့် မလွဲမသွေ ရင်ဆိုင်ကြရမည်။ မထမဆုံး အခက်အခဲကတော့ ကိုယ့်ကျမ်းစာ အတွက် လမ်းညွှန်ပေးမဲ့ ဆရာရဘို့ပင်ဖြစ်သည်၊ ဆရာတစ်ယောက်ကို Ph.D ကျောင်းသား ၈ ယောက်သာ လက်ခံခွင့်ရှိသည်ဟု မှတ်သားရပါသည်။

ရာနှင့်ချီသော M.A ကျောင်းသားများ
အိန္ဒိယနှင့် သီရိလင်္ကာ နှစ်နိုင်ငံတွင်ပင် တစ်နှစ်ကို M.A ဘွဲ့ရ မြန်မာကျောင်းသား ရာဂဏန်းနှင့်ချီပြီး မွေးထုတ်ပေးနေသည်။ ပူနေးတက္ကသိုလ်တွင်ပင် ၂၀၁၀ ခုနှစ်တွင် ဒဿနိကဗေဒ တစ်ယောက် (သီတဂူစတား)၊ အင်္ဂလိပ်စာ ဌာန တစ်ယောက်နှင့် ပါဠိဌာန ၂ ယောက်၊ စုစုပေါင်း ၄ ယောက်သော မြန်မာကျောင်းသားများကို မွေးထုတ်ပေးလိုက်သည်။ အိန္ဒိယနိုင်ငံတွင် မဂဓတက္ကသိုလ်၊ ဆန်စခရစ်တက္ကသိုလ်နှင့် နာလန္ဒာတက္ကသိုလ်ကြီးများမှ ရာနှင့်ချီသော မြန်မာကျောင်းသားများ၊ အထူးအားဖြင့် ရဟန်းတော်များ မွေးထုတ်ပေးနိုင်သလို သီရိလင်္ကာတက္ကသိုလ်များမှလဲ မြန်မာကျောင်းသားများကို ရာနှင့်ချီပြီး မွေးထုတ်ပေးနေသည်ဟု သိရသည်။ ဤသို့အားဖြင့် ထိုတက္ကသိုလ်အသီးသီးမှ တစ်နှစ်ကို M.A ဘွဲ့ရ မြန်မာကျောင်းသား ၂၀၀ ၀န်းကျင် မွေးထုတ်ပေးနိုင်လိမ့်မည်ဟု ခန့်မှန်းရပါသည်။

ပြဿနာက
ထို M.A ပြီးကျောင်းသားအားလုံး ရှေ့ဆက်ပြီး Ph.D အတွက် ပြင်ဆင်နိုင်ကြမည်ဟူ၍ မဆိုနိုင်ပေမဲ့ (အကြောင်းအမျိုးမျိုကြောင့် ဆက်မတက်နိုင်ပေမဲ့) တစ်ဝက်လောက် (၁၀၀ နီးပါး)က ဆက်တက်နိုင်ကြမည်။ ပြဿနာက ထို ၁၀၀ နီးပါးသော ကျောင်းသားတွေ အတွက် Ph.D ကျမ်းပြုရန် Supervisor အဖြစ် ဆရာ အလုံလောက် မပေးနိုင်ခြင်းပင်ဖြစ်သည်။ သီရိလင်္ကာမှ ကျောင်းသား အများစုကလဲ အိန္ဒိယဘက်ကိုပဲ ရောက်လာကြသည်။

Ph.D ကျောင်းသားဖြစ်ရန်
Ph.D ကျောင်းသားဖြစ်ဘို့ရန် M.A တန်းမှာတုန်းက ရမှတ်သည် အနဲဆုံး ၅၅ % နှုန်းရှိရမည်ဟု သိရသည်။ အိန္ဒိယ တက္ကသိုလ်တွေမှာ ယေဘုယျအားဖြင့် တူညီတဲ့ စည်းမျဉ်းများရှိသလို မတူညီတဲ့ စည်းမျဉ်းများလဲ ရှိနေသည်။ ပူနေးတက္ကသိုလ်တွင်မှာလဲ ဌာနတစ်ခု စည်းကမ်းတစ်မျိုးရှိတက်သည်။ ယခုအခါ Ph.D ကျောင်းသားများသည် ပြည်တွင်းရော ပြည်ပကျောင်းပါ ၀င်ခွင့်ဖြေဆိုရမည်။ ၀င်ခွင့် ဖြေဆိုနိုင်သော ကျောင်းသားသည် ပြည်တွင်းကျောင်းသားဖြစ်ပါက အနဲဆုံး Grade Point 55 or Second class ဖြစ်ရမည်၊ ပြည်ပကျောင်းသားဖြစ်ပါက အနဲဆုံး grade point 50 ဆို ၀င်ခွင့်ဖြေဆိုခွင့်ရှိသည်။ တက္ကသိုလ် တစ်ခုနှင့် တစ်ခုလဲ Grade Point သက်မှတ်ပုံ ကွဲပြားပြန်သည်။

ပူနေးတက္ကသိုလ်၏ Grade Point
ပူနေးတက္ကသိုလ်မှာတော့ 40မှ 44 E grade? 45 မှ 49 အထိ D grade ၊ 50 မှ 54 point အထိ C grade ဟုသက်မှတ်သည်၊ 55 မှ 64 အထိ B၊ 65မှ 74 အထိ A grade နှင့် 75 မှ 100 အထိ O grade ဟုသက်မှတ်ထားသည်၊ ပူနေးတက္ကသိုလ်၏ ပုံစံသည် Semester နှင့် သွားသည်ဖြစ်ရကား M.A တန်းအတွက် Semester 4 ခု ရှိသည်၊ ထို semester အားလုံးမှ grade points တွေကို ပေါင်းပြီး နောက်ဆုံးရမှတ်ကို အတည်ပြုသည်။ သီတဂူစတားတို့ ဒဿနိကဗေဒဌာနတွင် ကျောင်းသားအများစုသည် B grade (55) နှင့် B grade အောက်မှာပဲ ရှိကြသည်၊ B grade- 55 ရဘို့ပင် အလွန်ခက်ခဲပါသည်၊ အင်္ဂလိပ်စာတော်လှပါသည်ဆိုသည့် အိန္ဒိယကျောင်းသားများသည်ပင် 55 အောက်မှာ အများစုရှိကြသည်၊ သို့သော် သူတို့အတွက် ကိစ္စမရှိ၊ M.Phil ဆက်တက်နိုင်ရန် အချိန်ပေးနိုင်သောကြောင့်။
သီတဂူစတားရရှိထားသည့် grade points မျာသည်-
First semester တွင် 56 point B grade
Second semester တွင် 56 point B grade
Third semester တွင် 64 point B grade မျှသာ ရရှိထားပြီးဖြစ်သည်။
Fourth semester တွင် မသိရေသေးပေမဲ့ အမှတ်နည်းမည်မှာ သေချာသည်။ ဒီsemester အတွက် စိုးရိမ်နေရသည်။

ဆိုလိုသည်မှာ ပူနေးတက္ကသိုလ်က ဒဿနိကဗေဒ ကျောင်းသားသည် အခြားတက္ကသိုလ်တွေမှာ Ph.D ကျောင်းသားဖြစ်ရန် အခက်ခဲရှိနိုင်သည်၊ အများစုတက္ကသိုလ်ကြီးတွေက 55 point ကို အနဲဆုံးထား သက်မှတ်ထားသည့်အတွက်ကြောင့်ပင်ဖြစ်သည်၊ ကိုယ့်ပူနေးတက္ကသိုလ်မှာပင် ပြန်တက်ဘို့စိတ်ကူးပြန်တော့လဲ ၀င်ခွင့် စာမေးပွဲကြောင့် ဗီဇာ မလောက်ဖြစ်၍ အခြားတက္ကသိုလ်တွေမှာတက်ဘို့ စိတ်ကူးရပြန်။ ထို့ကြောင့် ဆရာ (supervisor) ရပေမဲ့ 55 point မရပါက ရှေ့ဆက်ရန် စိတ်မချရပေ။ အဲဒီအတွက်လဲ စိတ်ပူရပြန်သည်။

စတင်လှုပ်ရှား
ယခုအချိန်အခါသည် supervisor အလုအရက် ရှာနေရသည့် ခေတ်ဖြစ်နေသည်။ ထို့ကြောင့် မနေ့က ဂေဇာတ် မထွက်သေးပေမဲ့ supervisor ရှာ ထွက်ခဲ့ရသည်၊ အစဉ်ပြေပါသည် ပူနေးတက္ကသိုလ်မှ အနားယူတော့မည့် ဆရာမကြီးသည် အခြားတက္ကသိုလ်တွင် ဆက်လက်လုပ်မည် ဟု သူငယ်ချင်းများထံမှ တဆင့်ကြားရသဖြင့် ချက်ခြင်း လှုပ်ရှားရတော့သည်၊ seat ပြည့်သွားရင် တက္ကသိုလ်များ တစ်ခုပြီးတစ်ခု လိုက်ရှာနေရရင် ပိုက်ဆံ၊ အချိန်ကုန်မည်၊ နေကလဲပူနဲ့ လူလဲ အရမ်းပင်ပန်းမည်။ သူငယ်ချင်းတစ်ယောက် အကူအညီဖြင့် ဆရာမကြီးဆီ သွားကြသည်။ တွေ့ပါပြီ ဆရာမ၊ ငါက ဒီတက္ကသိုလ်မှာ အနားယူလိုက်ပြီဆိုတော့ ကျောင်းသားလက်ခံဘို့ မဖြစ်နိုင်ဟုပြောရှာပေမဲ့ ကြိုတင်သတင်းရယူထားသော သီတဂူစတားက ချက်ချင်းပဲ နောက်ထက် တက္ကသိုလ်တစ်ခုမှာ အလုပ်လုပ်မည်ဟုကြားသိထားပါတယ်၊ ဆရာမ ဆက်လက် အလုပ်လုပ်မည့် တက္ကသိုလ်မှာ ဆရာမဆီမှာပဲ Ph.D ဆက်လုပ်ချင်ပါသည်ဆိုတော့။

ဆရာမက ကိုယ်ရေးမဲ့ ခေါင်းစဉ်ကို မေးသည်၊ မင်းရေးမည့်ခေါင်းစဉ်က သူများရေးထားတာ ရှိသလား? ဟုမေးသည်၊ မရှိပါဘူးဆရာမ၊ အေး အဲဒါဆို မနက်ဖန်ခါ ကိုယ်ရေးမဲ့ ကျမ်းစာ(thesis)ရဲ့ အကျဉ်းချုပ် SYNOPSIS ရေးခဲ့ဟု ညွှန်ကြားသည့်အတိုင်း အဲဒီနေ့ကပဲ ဆရာမဆီက အပြန် ချက်ချင်း ရေးရသည်၊ နဂိုကလဲ နဲနဲပြင်ဆင်ထားသဖြင့် ပို၍အဆင်ပြေသွားသည်။ ဒီကနေ့တော့ ဆရာမနှင့် သွားတွေ့ပြီး ကျမ်းစာအကျဉ်းချုပ် စာတမ်းကို အပ်ခဲ့သည်၊ သဘောကျဟန်ရှိပေမဲ့ နောက်နေ့ ထက်ချိန်ပြန်သည်၊ ငါဖတ်ကြည့်ဦးမယ် မနက်ဖန်ခါ ထက်လာခဲ့ဦးတဲ့၊ နေပူပူနဲ့ သွားရလိမ့်မည်။ ကိုယ်က မြန်မြန်နှင့် အဆင်ပြေချင်တော့ နေပူပူ မိုးရွာရွာ၊ တုံးတိုက်တိုက် ကျားကိုက်ကိုက် သည်းခံကာ သွားရမည်။ ကုလားပြည်မှာ သည်းမခံ၍မရ။ အချိန် ၊ ဗီဇာ ၊ ငွေကြေး စသည်တို့ကြောင့် မြန်မြန်ပြီးလေ ကောင်းလေပဲ။ ဤကား Ph.D ကျောင်းသားတစ်ယောက်၏ ပထမဆုံး တွေ့ကြုံရမည့် ဒုက္ခပင်ဖြစ်သည်။

သီတဂူစတားသည် လောလောဆယ် ဤ အစီအစဉ်ထိ အဆင်ပြေနေသေးသည်ဟူ၍ ဆိုနိုင်သည်၊ ဂေဇာတ် ကောင်းဘို့ရန်သာ လိုသည်။ အခုမှ ပထမ ခြေလှမ်းသာရှိပါသေးသည်။ နောက်ထက် အစီအစဉ်များကိုတော့ အစီအစဉ် အားလုံးပြီးမှ ဆက်ရေးပါဦးမည်။
အိန္ဒိယနိုင်ငံ၏ Ph.D ကျောင်းသားဘ၀ တစ်စိတ်တဒေသ အဖြစ် ဗဟုသုတရရန် ရည်ရွယ်ပါသည်။

သီတဂူစတား
၁၄-၅-၂၀၁၀

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP