* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, May 15, 2010

ကြွက်ကိုက်သော ပုဆိုး

Friday, May 14, 2010

မေး။ ။ အောင်ကျော်ဇော။ ။ အရှင်ဘုရား တပည့်တော် တစ်ခုမေးပါရစေဘုရား၊ ရပ်ကွက်ထဲမှာ အမြဲလိုလို ကြားနေရတဲ့ ၊ အတိတ် နိမိတ် ဆိုတာနဲ့ ပါတ်သက်ပြီးတော့၊ ကြွက်ကိုက်တဲ့ အဝတ်ကို မဝတ်ရဘူးဟု ကြားဖူးပါသည်ဘုရား၊ ဘာသာရေးရှု့ထောင့်မှ ဘယ်လို အယူရှိသည်ကို ဖြေကြားပေးတော်မူပါဘုရား။

ဖြေ။ ။ ကြွက်ကိုက်သောအဝတ်၊ မီးလောင်သောအဝတ်၊ ရေမျော်သောအဝတ်၊ ရက်ရာဇာ၊ ပြဿဒါး၊ ဝါရမိတ္တု၊ အိမ်ထောင်ဖက်၊ မိတ်ဖက်၊ ရန်ဖက်၊ ဓာတ်နေ၊ လာဘ်နေ၊ နတ်နေ၊ စက်နေ၊ ရေချိုးနေ့၊ ခေါင်လျှော်နေ့၊ သမားဖြူနေ့၊ တာနောနေ့၊ ဤများလှစွာသော၊ ရှောင်စရာအဖုံဖုံ ပေါက်ကရ မျိုးစုံတို့ကြောင့်၊

သောကြာရေကြောင်း မသွားကောင်း၊ တနင်္လာတစ်ခါနှင့်မပြီး၊ ပန်းပေး အလှန်းဝေး၊ ပါဝါပေး တစ်ကမ္ဘာဝေး၊ စသည် စသည်အားဖြင့် ပြောမဆုံးပေါင် တောသုံးတောင် မျှလောက်သော၊ အယူအဆ အစွဲအလမ်းတို့သည်၊ လူလောက လူ့ဘဝထည့်တွင်၊ အနည်းနှင့်အများ ရှိနေကြသည်ကို နေရာတိုင်း ဒေသတိုင်း၌ တွေ့နေရလေသည်။

ဤကဲ့သို့ အယူအဆများကို အစွဲဥပါဒါန်မထားသင့်ဟု ဘုရားရှင်ဟောတော်မူခဲ့သော၊ ဇာတ်နိပါတ်များမှ တစ်ခု ထုပ်နုတ်ရေးသားပြပါမည်။

ရာဇဂြိုဟ်ပြည်တွင် အတိတ်နိမိတ်ကို အလွန်ယုံကြည်သော ပုဏားတစ်ယောက်သည်၊ မိမိ၏ အဝတ်များကို ကြွက်ကိုက်ခံရသဖြင့်၊ နိမိတ် မကောင်းဟု ယူဆကာ သားဖြစ်သူကို သုဿာန်၌ စွန့်ပစ်ရန် စေခိုင်းလိုက်လေ၏၊

ချစ်သား ဒီအဝတ်တွေကို လက်နှင့်မထိစေနဲ့ ၊ လက်နှင့် ထိမိလျှင် ပျက်စီးတော့မည်၊ အိမ်မှာထားလျှင်လည်း စီးပွားပျက်မည်၊ အစေခံတွေက မလွင့်ပစ်ပဲ သိမ်းဆည်းထားလျှင်လည်း ပျက်စီးတော့မည် ဟု ပြောဆိုကာ သူ့သားကိုလည်း မထိမိစေပဲ ထုပ်ချောင်းနှင့် ကော်ယူကာ သွားရောက် စွန့်ပစ်ခိုင်းလေတော့၏။

ထိုအခြင်းအရာကို သိတော်မူုသော ဗုဒ္ဓက၊ သုဿာန်တွင် အသင့်စောင့်၍ နေလေ၏၊ ပုဏား၏သား ရောက်လာသောအခါ၊
အသင်လုလင် ဘာ့ကြောင့် သုဿာန်သို့ လာသနည်းဟု မေးလေ၏၊

ထိုအခါ လုလင်က၊ အရှင်ဘုရား တပည့်တော်တို့အိမ်မှာ အဝတ်တွေကို ကြွက်ကိုက်ခံရပါသည်၊ ၄င်းမင်္ဂလာမရှိတော့သော အဝတ်များကို သိမ်းဆည်းထားမိလျှင် ပျက်စီးတတ်သောကြောင့်၊ သုဿာန်၌ စွန့်ပစ်ရန် လာခဲ့ပါသည်ဘုရား ဟူ၍ လျှောက်ထားလေ၏။

ဘုရားရှင်သည် လုလင်ငယ် စွန့်ပစ်သော အဝတ်များကို ကောက်၍ယူသွားလေ၏၊ ထိုအကြောင်းကို သိသော ဖခင်ပုဏားကြီးသည်၊ ဤအရှင်ဂေါတမသည်၊ ပျက်စီးဆုံးရှုံးရတော့မည်ဟု စိုးရိမ်မိသဖြင့်၊ မိမိအိမ်၌ရှိသော အဝတ်အစားများကိုယူကာ ဝေဠုဝန်ကျောင်းသို့ ချက်ချင်းလိုက်သွားလေ၏၊

အရှင်ဂေါတမ ကြွက်ကိုက်သော အဝတ်အစားတွေကို သိမ်းထားလျှင် အရှင်ဂေါတမရော ကျောင်းတိုက်ကြီးပါ ပျက်စီးရတော့မည်၊ သင်္ကန်းအတွက် အဝတ်မလုံလောက်လျှင် ဤအဝတ်သစ်များကိုယူ၍ သင်္ကန်းချုပ်ဝတ်ပါဟု လျှောက်ထားလေ၏။
ထိုအခါဘုရားရှင်က ပုဏားသားအဖအား မင်္ဂလဇာတ်တော်ကို ဟောကြားတော်မူလေ၏၊ မင်္ဂလဇာတ်အဆုံးတွင် ပုဏားကြီးအား ဘုရားရှင်က ဤသို့ ပြောလိုက်လေ၏၊

ပုဏားကြီး.. ရဟန္တာပုဂ္ဂိုလ်တို့မည်သည်၊ နေကြတ်၊ လကြတ်၊ နက္ခတ်ကြတ်၊ ဥက္ကာကျ၊ ပြဿဒါး၊ အရပ်မီးလောင်ခြင်းစသော အထူး ထူးသော၊ အတိတ်ဖတ် နိမိတ်ဖတ်၊ လက္ခဏာဖတ်၊ အစွဲများကို လွန်မြောက်နေလေပြီ၊ အစွဲအလန်းများကို ပယ်ဖြတ်ပြီးလေပြီ၊ ယုတ်စွာ့အဆုံး ဤလောကကိုပင် အစွဲမရှိကြတော့ပြီးဟူ၍ ဟောတော်မူလေ၏။
ပုဏားသားအဖသည်လည်း ဘုရားရှင်၏တရားကို နာကြားရသဖြင့်၊ သောတာပန်တည်လေတော့သတည်း။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP