* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, May 15, 2010

သာသနပါလကျောင်းမှ ဟာသများ အမှတ်(၄)

တစ်နေ့ ကိုရင်နန္ဒသာမိတို့သည် အစိုးရ အငယ်တန်း စာမေးပွဲကို ဖြေကြရသည်။ သူတို့ထဲတွင် မြန်မာပြည်အ ထက်ပိုင်းမှ မြန်မာစကားကောင်းကောင်းမတတ်သေးသော ဂဒူးကိုယ်တော်လေးတစ်ပါးပါရှိသည်။ သူသည် စာ မေးပွဲကို ကောင်းမွန်စွာ ဖြေဆိုခဲ့ကြောင်း ကိုရင်နန္ဒသာမိတို့ကို ကြွားနေလေသည်။ ဤတွင် ကိုရင်နန္ဒသာမိက
“ဟ ကိုရင်ဂဒူး မင်းစာမေးပွဲကောင်းကောင်းဖြေနိုင်တယ် ပြောတယ်၊ မင်းကိုမေးပါအုံးမယ်၊ (၁)နံပါတ်မှာ “ရဟန်း တော်များ အကပ်မခံဘဲ သုံးဆောင်ကောင်းသောအရာများကို ဖေါ်ပြပါ”လို့ မေးထားတယ်၊ မင်းအဲဒါကို ဘယ်လို ဖြေဆိုခဲ့လဲ။”ဟု မေးသောအခါ ဂဒူးကိုရင်က
“ အရှင်ဘုရားကလဲ ဒါလေးများ အလွယ်လေး၊ ကျောင်းဖြစ်ပါသည်လို့ ဖြေခဲ့တာပေါ့ဘုရား။” ဟု အားရ၀မ်းသာ
ပြောကြားလေသည်။ ထိုအခါ ကိုရင်နန္ဒသာမိက
“ဟ ကိုရင်ဂဒူးရ မင်း အစကတည်းက မှားနေပြီ၊ ဘယ်လိုလုပ်စာမေးပွဲအောင်မှာလဲ၊ ပါစိတ် ဒန္တပေါနသိက္ခာ ပုဒ်မှာအညတြ ဥဒကဒန္တပေါနာထောက်ပြီးရေဒန်ပူတို့ကို ကြဉ်ထားပြီး ကျန်သောအရားများကို အကပ်မခံဘဲ မသုံး ဆောင်ရ၊သုံးဆောင်လျှင် ပါစိတ်အာပတ်သင့်တယ်၊ ရေနဲ့ဒန်ပူကတော့ အကပ်မခံဘဲ သုံးဆောင်ကောင်း တယ်လို့ဆိုထားတယ်လေ။ မင်းဒါလေးတောင် မရဘူးလား၊ ဒါနဲ့ မင်းက ဘာကို ထောက်ပြီး ရဟန်းများ အကပ်မ ခံဘဲ သုံးဆောင်ကောင်းသော အရာသည်ကား ကျောင်းဖြစ်ပါသည်လို့ ဖြေခဲ့တာလဲ။” ဆက်မေးလေသည်။ ဤတွင် ဂဒူးကိုရင်လေး၏ ဖြေဆိုသံကို ကြားလိုက်ရသော ကိုရင်နန္ဒသာမိနှင့် အနီးအနားရှိ ကိုရင်တို့သည် အားရပါးရ ဟက်ဟက်ပက်ပက် ရယ်ကြရလေတော့သည်။ ဂဒူးကိုရင်ငယ်ဖြေကြားလိုက်သည်ကား
“ကိုရင်နန္ဒသာမိရယ် အရှင်ဘုရားပြောမှဘဲ ရှင်းသွားတာဘဲ၊တပည့်တော်လဲ စာမေးပွဲခန်းထဲမှာ အမျိုးမျိုးတွေး တယ်၊ အွန်း ရဟန်းတော်များ အကပ်မခံဘဲ သုံးဆောင်နေတာတော့ ကျောင်းဘဲရှိတယ်၊ ကျောင်းကြီးကို ဒကာ ဒကာမတွေကလဲ မ,ပြီးကပ်တာမရှိ၊ ရဟန်းတော်များကလဲ ကျောင်းကြီးကို အကပ်ခံတာမျိုးမရှိဘူး၊ ဒါကို တွေး တောပြီးရဟန်းများ အကပ်မခံဘဲ သုံးဆောင်ကောင်းသောအရာသည်ကား ကျောင်းဖြစ်ပါသည်၊”လို့ ဖြေခဲ့တာဘဲ ဘုရား၊ ရေနဲ့ဒန်ပူကိုလဲ မစဉ်းစားမိလိုက်ဘူးဘုရား။”ဟူသတည်း။
0 comments

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP