* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, March 30, 2010

မုသာနဲ့ ပရိယာယ်။

အမေး။ ။ အရှင်ဘုရား…. မုသာနဲ့ ပရိယာယ် ဘယ်လိုကွာခြားပါသလဲဘုရား
ခင်ဖုန်းမြင့်
မြိတ်-ကွန်ပျူတာတက္ကသိုလ်
အဖြေ။ ။ မုသာ
မုသာဆိုတာ လိမ်လည်ခြင်း၊ ညာဖြန်းခြင်း၊လှည့်စားခြင်းစတဲ့ မဟုတ်မမှန်တာ အားလုံးကို “မုသာ” လို့ခေါ်ပါတယ်။ မုသာဆိုမှတော့ ၀ါဒ လဲရှိသေးတဲ့အတွက် ပြောပါအုံးမယ်။“၀ါဒ” ဆိုတာက လက်ပြ ခြေပြ ခေါင်းညိတ် ခေါင်းခါ စာရေးသားမှုစတာတွေပါ။ နားလည်အောင်ပြောရင် မဟုတ်မှန်းသိရက်နဲ့ ဒါတွေကို လက်ပြ ခြေပြ ခေါင်းညိတ် ခေါင်းခါ စာရေးခြင်း(ကာယပယောဂ၊၀စီပယောဂ) တွေကို “မုသာဝါဒ” လို့ခေါ်ပါတယ်။
မုသာဝါဒဟာ သူတစ်ပါးထိခိုက်ပျက်စီးမှာ မဟုတ်ပါဘူး။ မထိခိုက်လဲ မဟုတ်မမှန်ပြောရင် မုသာဝါဒ ကံထိုက်ပါတယ်။ အောက်ပါအင်္ဂါလေးချက် ပြည့်စုံရင် ကံထိုက်ပါတယ်။

(၁)မဟုတ်မမှန်ပြောသောအကြောင်းအရာဖြစ်ခြင်း။
(၂)မဟုတ်မမှန်ပြောလိုစိတ်ရှိခြင်း။
(၃)ပြောလည်းပြောခြင်း။
(၄)လိမ်တဲ့အတိုင်း သူတစ်ပါးက ယုံကြည်သွားခြင်း။ ဒါဆိုရင် မုသာဝါဒကံပျက်ပါတယ်။
ပရိယာယ်
“ပရိယာယ်” ဆိုတာကို ပရိယာယ ဆိုတဲ့ ပါဠိကဆင်းသက်လာတဲ့ ပါဠိပျက်ပါ။ ဒါကိုပါဠိ-မြန်မာအဘိဓါန်က (အလှည့်။ အကြိမ်။အစဉ်။အကြောင်း။ ပရိယာယ်။ဒေသနာ) လို့ ဆိုထားပါတယ်။ ဒီနေရာယူရမှာက ပရိယာယ် ကိုယူရပါမယ်။ စကားကိုလှည့်ပြောင်း ပြောဆိုတာပါ။
ပရိယာယ်ကို နားလည်အောင် ပြောရရင်..မိမိအကျိုးသူတစ်ပါးအကျိုးဖြစ်ထွန်းစေချင်တဲ့အတွက် စကားပရိယာယ်သုံးပြီး ပြောဆိုတာပါ။
ဥပမာ- သားသမီးများအား အန္တရာယ်ရှိတဲ့ လမ်းကို မသွားစေချင်တဲ့ မိဘများက ဒီလမ်းမသွားနဲ့ ဒီလမ်းမှာ တစ္ဆေသရဲရှိတယ်၊ ကျားရှိတယ် ဆိုပြီး ပရိယာယ်သုံးပြီးပြောဆိုကြတာပါ။
ဘုရားရှင်လက်ထက်က သာကီဝင်မင်းမျိုးတွေအပေါ် အညိုးအာဃာတကြီးလွန်းလှတဲ့ ၀ိဋဋူဘမင်းသားဟာ သူမင်းဖြစ်တဲ့အခါ သာကီဝင်မင်းမျိုးနွယ်တွေကို တွေ့ရာသချိုင်း ဓါးမဆိုင်းဆိုပြီး မြင်သမျှလူတွေ အကုန်သတ်နေပါတယ်။ ဒီအချိန်မှာ သာကီဝင်မင်းမျိုးများဟာ အောက်ဆုံးအဆင့် သီလလုံခြုံကြတဲ့ သူများက များပါတယ်။ သူသတ်သမားများကလဲ မင်းဟာ သာကီဝင်မျိုးလား လို့မေးတဲ့အခါ သာကီဝင်တွေက ပါးစပ်မှာ မြက်ပင်ကိုက်ထားပြီး “သာကီမြက်တွေပါ” လို့ ပြောကြတဲ့အခါ သေဘေးမှ အချို့လွတ်ကုန်ကြတယ် လို့ စာကဆိုပါ တယ်။ ဒါဟာမိမိအကျိုးအတွက် စကားပရိယာယ်ဆင်ပြောလိုက်တဲ့စကားတွေပါ။
မဟာသုတသောမဇာတ်မှာ တစ်ရာ့တစ်ပါးမင်းတွေ သွေးချောင်းစီး သေမဲ့အဖြစ်က လွတ်အောင် အများအကောင်းကျိုးအတွက်ရည်ရွယ် ပြီး ညောင်စောင့်နတ်က ပေါရိသာဒကို သုတသောမမင်းပါမှ ငါပူဇော်ခံမယ် လို့ ပြောခဲ့တယ်။
ရှင်သာရိပုတ္တရာက တမ္ဗဒါဌိကလူဆိုးကြီးဟာ တရားတော်ကို ဖြောင့်စွာ မနာနိုင်တာကို မြင်တဲ့အတွက် မင်းလူသတ်တာဟာ သတ်ချင်လို့သတ်တာလား ခိုင်းလို့သတ်တာလား မေးလိုက်တယ်။ လူဆိုးကြီးက သူသတ်ချင်လို့မဟုတ်၊ မင်းကခိုင်းလို့သာ သတ်ရတာပါ ဆိုတော့ အရှင်သာရိပုတ္တရာက ဒါဆိုရင် မင်းမှာ မပြစ်မရှိဘူး လို့ ပရိယာယ်စကားပြောလိုက်မှ စိတ်သက်သာရသွားကာ စိတ်ဖြောင့်ဖြောင့်ဖြင့် တရားနိုင်ပါ တော့တယ်။
တစ်ခါဘုရားရှင်က နန္ဒမင်းသားရဲ့တရားရရေးကို ရည်ရွယ်ပြီး နန္ဒမင်းသားအား ဒီမန္တန်ကို ရွတ်ရင် နတ်သမီးရလိမ့်မယ် လို့ ပရိယာယ်နဲ့ ပြောခဲ့ပါတယ်။
သတိပြုရမဲ့အချက်က မုသာဝါဒက အကုသိုလ်စိတ်နဲ့ဖြစ်ပေါ်လာပါတယ်။ ပရိယာယ်က အများအားဖြင့် ကိုယ်စိတ်ဖြစ်တယ် ဆိုတာပါပဲ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP