* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, March 30, 2010

ရှင်းရှိန်ကိုနောနှင့် အေးဆေး လူစီ(၂)


Posted by ကိုနော Tuesday, March 30, 2010
စာအုပ်ပြခန်းထဲရောက်တော့ ကိုနောအတော်ရှိန်သွားသည်။ဆန်ဆကရစ်တက္ကသိုလ်မှထုတ်ဝေသောစာအုပ် များကို ပြသထားပြီး လျှော့ဈေးဖြင့်ရောင်းချနေခြင်းဖြစ်သည်။စေ့စေ့စပ်စပ် လိုက်ကြည့်မိသည်။
ကိုနော ရှင်းရှိန် ရှိန်သွားသည်။ စာပေတာဝန်ကျေပွန်လှသောတက္ကသိုလ်ကြီးပါတကား။ ရှားပါးစာအုပ်များ စုံ လင်လှသည်။ မြန်မာပြည်ဖြစ်ပါဠိစာအုပ်များကိုလည်းတွေ့ရသည်။ သဒ္ဒါကျမ်းကအများစုဖြစ်သည်။ မြန်မာ ဖြစ်ခြင်းကြောင့်ဂုဏ်ယူနေမိသည်။ ထိုင်းနိုင်ငံဖြစ် နာမည်ကျော် ဇိနကာလမာလိနီကျမ်းကို ၀ယ်ယူဖြစ်လိုက် သည်။ ၀ံသအနွယ်ဝင်ကျမ်းမြတ်တစ်ဆူတည်း။
စာအုပ်ပြခန်းမှ ထွက်လာခဲ့ကြသည်။အခမ်းအနားပြီး၍ တစ်သုတ်ပြီးတစ်သုတ်ထွက်လာနေကြချေပြီ။ အပူရှိန်အပြင်းဆုံးအချိန်ဖြစ်သည်။

`ကိုပိန် ရေ…ပြန်တော့မယ်ကွာ´
`ဓာတ်ပုံလေး ဘာလေး မရိုက်တော့ဘူးလား´
`တော်ပြီကွာ…ဒေါက်တာဘွဲ့ကျမှ အားရပါးရ ရိုက်တော့မယ်´

ရေတစ်ချိုင့်မော့လိုက်သည်။
သင်းပိုင်အဟောင်းလေးကို ခေါင်းပေါင်းသဖွယ်ပြုလိုက်သည်။
ထီးဖွင့်လိုက်သည်။
နေပူထဲစလျှောက်သည်။အငှားကားများတက္ကသိုလ်ထဲ ၀င်ခွင့်မရှိပေ။
ဟော…ဟိုမှာ လူစီ..။ပိုဝနေပါလား..။

`နမတ်စတေး´(လူစီ လက်အုပ်ကလေးချီသည်)
`ဟိန္ဒီ အာတီး ဟို´(ဟိန္ဒီစကားတတ်သလား)[တတ်မှန်းသိ၍မေးခြင်းဖြစ်သည်]
`အားတီး ဟဲ´(တတ်ပါတယ်)
နေပူထဲတွင် ပြောနေကြရသဖြင့် ကိုနောက ထီးကို မသိမသာမိုးပေးထားလိုက်သည်။

`အခု ဘယ်မှာ နေတာလဲ´
`ဂံဂါနားက ဘုရားကျောင်းတစ်ကျောင်းမှာပါ´
`လွန်ခဲ့တဲ့ (၃)လလောက်က သတင်းစာမှာ လူစီအကြောင်းဖတ်ရတယ်´
`ဟုတ်ပါတယ်´
အပူရှိန်အတော်ပြင်းသည်။စကားအများကြီး မပြောနိုင်ပေ။
`နောက်မှ တွေ့ကြဦးမယ်လေ´
`ဟုတ်ကဲ့ပါ´
ဓာတ်ပုံရိုက်ဖို့မေ့သွားသည်။ကိုနော ချွေးပြန်နေချေပြီ။အေးလေ….ပူလည်း ပြန်ရမှာပဲ…။
ကားစောင့်နေသည်။လမ်းလျှောက်ပြန်သွားသောလူစီကို လှမ်းကြည့်လိုက်သည်။
`ဟိုက်….လူစီမှာ ဖိနပ်လည်း မပါပါလား´
လူစီကား အေးဆေးပင် ဆက်လျှောက်သွားလေသည်။
အဘယ်ရှိန်နည်းဖြင့် ရှိန်ရမှန်း မသိတော့သည်သာတမုံ့...။

မှတ်ချက်။ ရှင်းရှိန်ဟူသည် ရှင်းရှင်းလင်းလင်းရှိန်သွားခြင်းဖြစ်သည်။ဤအသုံးအနှုံးကို မည်သည့် အဘိဓာန်တွင်မျှ မရှာဖွေခြင်းက ပို၍သင့်လျှော်ဖွယ်ရှိပါကြောင်း။

ကိုနော
၃၀.၃.၂၀၁၀

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP