* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, March 30, 2010

လိုတရနှလုံးသား။

Sunday, March 28th, 2010 | Author: admin

lotaya

ဒီစာအုပ်လေးက အရမ်းကောင်းတဲ့အတွက် ကျွန်တော် သူငယ်ချင်းတစ်ယောက်ဆီကနေ..ငှားပြီး စကန်ဖတ်တင်ပေးလိုက်ပါတယ်။ ငှားပေးတဲ့သူငယ်ချင်းကိုလည်း ကျေးဇူးတင်ပါတယ်။
မဖတ်ဖူးသေးတဲ့အွန်လိုင်းက မိတ်ဆွေများ ဖတ်ရှုခွင့်ရအောင် တင်ပေးလိုက်ပါတယ်။ ဒီစာအုပ်လေးကို ရွှေပါရမီ ဆိုက်ဒ်မှာ
လည်း တင်ထားတာ မတွေ့သေးပါဘူး။
တခြားဆိုက်ဒ်တွေမှာလည်း တင်ထားတာ မတွေ့သေးပါဘူး။
မြတ်ဗုဒ္ဓရဲ့ ဂုဏ်တော် များကို ဘယ်လို ပွားများရမယ် ဗုဒ္ဓါနုဿတိဘာဝနာဖြစ်အောင်
ဘယ်လို ဆင်ခြင်နှလုံးသွင်းရမယ် စတဲ့ ပွားပုံပွားနည်းများကို ဆရာတော်က. သေချာရှင်းပြ ရေးထားပါတယ်။ မိမိရဲ့ နှလုံးသားထဲမှာ စေတီတည်ခြင်းနဲ့ ဥပမာ ပေးရှင်းထားပါတယ်။ နှလုံးသားထဲမှာ
မြတ်ဗုဒ္ဓရဲ့ ဂုဏ်တော်တွေပွားများခြင်းနဲ့..ဂုဏ်တော်စေတီတော်တွေတည်ခြင်းများကို ရေးသားထားပါတယ်။
စာအုပ်ထဲက ကျွန်တော်ကြိုက်နှစ်သက်တဲ့ စာသားလေးတချို့ကတော့…

ဂုဏ်တော်ပွားသောအားဖြင့် ကိုယ့်နှလုံးသားမှာ တည်လိုက်တဲ့ဘုရားက ကိုယ့်အတွက်တော့ ကမ္ဘာပေါ်မှာ တန်ခိုးအကြီးဆုံး ဘုရားပါပဲ။ ပြင်ပမှာ တည်ထားတဲ့ ဘုရားတွေက.
အလကားနေရင်း အလိုအလျောက်ကိုယ့်ကို လာပြီး ကောင်းကျိုးမပေးနိုင်ပါဘူး။ ကိုယ့်နှလုံးသားမှာ တည်ထားတဲ့ ဘုရားကမှ ကိုယ့်ကို ကောင်းကျိုးပေးနိုင်တာပါ။
ပြင်ပက တန်ခိုးကြီးဘုရားတွေကို ဖူးမြော်ပူဇော်တာဟာ အဲဒီ ဘုရားတွေကို အာရုံပြုပြီး ကိုယ့်နှလုံးသားမှာ ဘုရားတည်ဖို့အတွက်ပါပဲ။ ကိုယ့်နှလုံးသားမှာ ဘုရားပြောင်းမတည်ဘဲနဲ့တော့ ဘယ်တန်ခိုးကြီးဘုရားကမှ ကိုယ့်ကို မ မစနိုင်ပါဘူး။ (စာမျက်နှာ-၁၃၃)

စာအုပ်ထဲက..ဂုဏ်တော်ပွား စာမျက်နှာတွေကတော့..

lotaya_11

lotaya_2

lotaya_3

lotaya_4


လိုတရနှလုံးသား
အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
စာအုပ်အပြည့်အစုံ Download လုပ်ရန်..

(ifile.it)
Download
OR
(Adrive.com)
Download



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP