* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, March 14, 2010

ဗုဒၶဘာသာဆိုတာ


ဗုဒ္ဓဘာသာဆိုတာ သိဒ္ဓတ္ထ ဂေါတမလို့ အမည်တော်ရတဲ့ ဗုဒ္ဓရဲ့ ဘဝနှင့် သင်ကြားပြသမှု (ဒေသနာတော်)မှ ပေါ်ပေါက်လာတာဖြစ်ပါတယ်။ အေဒီ ငါးရာစုမှာ အိန္ဒိယမြောက်ပိုင်း (အခုခေတ် နီပေါ)တွင် မင်းမျိုး မင်းနွယ် တွင် မွေးဖွားတော်မူပြီး၊ မင်းမျိုးမင်းနွယ် တစ်ဦး၏ အကျိုးကျေးဇူးကို ခံစားရသဖြင့် ဥစ္စာဓန ကြွယ်ကြွယ်ဝဝ၊ စည်းစိမ်ချမ်းသာ ပြည့်ဝစွာဖြင့် သူ့ကို ပြုစုစောက်ရှောက် လူလားမြောက်စေခဲ့ပါတယ်။ သို့တစေ လောကီ ချမ်းသာဟူသည် ချမ်းသာစစ် ချမ်းသာမှန်ဖြစ်မှုနှင့် အားရကျေနပ်မှုကို လုံလောက်သည့် အာမခံချက် မပေးနိုင်သည်ကို မကြာမီ ရှာဖွေ တွေ့ရှိခဲ့လေသည်။ လူသားတို့ ခံစာရနိုင်သည့် ဒုက္ခ၏ စေ့ဆော် တိုက်တွန်းခြင်းခံရသည်ဖြစ်၍သက်တော်နှစ်ဆယ့်ကိုးတွင် နန်းတော်က သူ့ဘဝကို စွန့်လွတ် ထားခဲ့ပြီး လူသားတို့အတွက် ချမ်းသာသုခ၏ သော့ချက်ကို စတင်ရှာဖွေခဲ့သည်။ ခြောက်နှစ်ကြာ အပြင်းအထန် ကြိုးမ်းမှု၊ ဒုက္ကရစရိယာကျင့်ကြံပြီးနောက် သက်တော် သုံးဆယ့် ငါးတွင် အနှောင်အဖွဲ့အားလုံး ဆင်းရဲ အားလုံးမှ လုံးဝလွတ်မြောက်ရာသို့ သွားရာလမ်းကို ရှာဖွေတွေ့ရှိခဲ့သည်။ ဤလမ်းကို လျှောက်ခြင်းဖြင့် သူ၏ ရှာဖွေတွေ့ရှိမှု၏ အထွဋ်အထိပ်ဖြစ်သည့် သဗ္ဗညုတဉာဉ်တော်ကို ရရှိတော်မူခဲ့ပါသည်။ ထိုအချက်မှ စတင်ကာ လူနတ်ဦးခိုက် ပူဇော်ထိုက်သည့် ဗုဒ္ဓဟု သိလာကြသည်။ သူ၏ ကျန်ရှိနေသည့် လေးဆယ့် ငါးနှစ်တာ ကာလကို အိန္ဒိယ မြောက်ပိုင်းတစ်ခွင်လုံးကို တရားဓမ္မဟောပြတော်မူရင်း၊ ရှာဖွေ တွေ့ရှိထား သည့် သစ္စာ တရား၊ အမြတ်ဆုံး အမြင့်ဆုံး ချမ်းသာ ဖြစ်သည့် နိဗ္ဗာန်သို့ သွားသွားရာလမ်းကို ဟောဖော် ညွန်ပြတော်မူရင်း လှည့်လည်တော်မူခဲ့သည်။ သူပရိနိဗ္ဗာန်ပြုတော် မူပြီးနောက် သူ့ဒေသနာများကို ဆက်လက်ဟောကြား ကျင့်ကြံနိုင်ကြရန် သံဃာဟု ခေါ်သည့် ဘိက္ခုနှင့် ဘိက္ခုနီ အဖွဲ့အစည်း ကိုလည်း တည်ထောင်တော်မူခဲ့သည်။ သက်တော်ရှစ်ဆယ်တွင် ဗုဒ္ဓရှင်တော်မြတ်သည် သူ့ကို ကြည်ညိုမြတ်နိုးကြသည့် တပည့် အပေါင်း ခြံရံလျက် ငြိမ်းချမ်းစွာ ပရိနိဗ္ဗာန်ပြုတော်မူခဲ့ပါသည်။

နောင်ရာစုနှစ်ပေါင်းများစွာ ဗုဒ္ဓ၏ ဒေသနာတော်သည် အာရှ တိုက်ကြီးတခွင်သို့ ပျံ့နှံ့ ရောက်ရှိသွားသည်။ အရှယဉ်ကျေးမှု၏ အခြေခံအကြောင်းတရား၊ ဉာဏ် ပညာပိုင်းဆိုင်ရာ၊ ဘာသာရေး ဆိုင်ရာနှင့် အနုပညာရသ ခံစားမှုဆိုင်ရာ အကြီးကျယ်ဆုံးသော အောင်မြင်ပြီးမြောက်မှု၏ ရင်းမြစ် ဖြစ်လာခဲ့ပေသည်။ ရာစုနှစ် ပေါင်း နှစ်ဆယ့်ငါးခု ကုန်လွန်လာသည့်တိုင် ဗုဒ္ဓ၏ တရားဒေသနာ ကား စတင်ဟောကြားတော်မူခဲ့စဉ်ကနှင့်မခြား ဒီနေ့အထိလဲ အလွန်တရာမှ ဆီလျှော် သင့်အပ် ကောင်းမြတ်နေသေးသည်သာ။ ရှင်းရှင်းလင်းလင်း၊ လက်တွေ့ကျကျနှင့် ကြောင်းကျိုး သင့်လျော်သည့် ထိုတရားတော်သည် စိတ်ဓာတ်ဖွံ့ဖြိုးတိုက်တက်မှုသို့ သွားရာ တယူသန် တရားသေ မဟုတ်သည့်လမ်းကို ပေးအပ်ပါသည်။ ယင်းစိတ်ဓာတ် ဖွံ့ဖြိုးတိုးတက်မှုသည် ကိုယ်ကျင့်တရား ခိုင်မာမှု၊ စိတ်နှလုံး ဖြူစင်သန့်ရှင်းမှုနှင့် လူ့အခြေအနေ နှင့် ပတ်သက်သည့် အခြေခံ သစ္စာ တရားများကို ကိုယ်တိုင် ထိုးထွင်း သိမြင်မှုတို့ကို အလေး အနက်ထားသည်။ ထိုအချက်သည် ကမ္ဘာ့ အရှေ့ခြမ်း အနောက်ခြမ်းနှစ်ခုလုံးတွင် ဘာသာဝင်ဦးရေ တိုးပွားနေအောင် ဆွဲဆောင် သည့် အကြောင်း တရားများပင် ဖြစ်နေပေတော့သည်။

မှတ်ချက်: http://bodhimonastery.net/bm/about-buddhism.html မှ About Buddhism ကို ဘာသာပြန်သည်။ ဦးဉာဏ် ၁၃၊၀၃၊၁၀။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP