အဇာတသတ် ကိုနော
ဂျိန်းကြောင်ဘွဲ့တံဆိပ်တော်ရ-အဇာတသတ် ဘဒ္ဒန္တ အရှင် ဦး ဆရာတော် ကိုနော
`ကိုနော....ကုလားတွေနဲ့ စကားမပြောတာ အတော်ကြာပြီနော်...။´
`အေးဗျာ...မမဝေ အထူထုတ် အဲ အဲ အထူးထုတ်မဂ္ဂဇင်းတော်ကြီးမှာလည်း နည်းနည်းပါးပါး ၀င်ဖွနေရသေး တယ် ဆိုတော့....ကိစ္စများမြောင် ရဟန်းဘောင်တဲ့ ကွာ..မှန်သလိုလိုတော့ရှိသား...နောက်ပြီး တစ္ဆေက လည်း ကိုက်ချင်ချင်ရယ်.....´
`လုပ်ပီ သင်္ကြန်က လိုပါသေးတယ်´
`စကားမစပ် ဓမ္မဂင်္ဂါကြီးရဲ့ အတွင်းသား ဖတ်ဖြစ်လား...?
`အတွင်သားကို တူးဖြိုခြင်းလား, ဖတ်ဖြစ်ပါတယ်...ကောင်းတယ်ဗျ....။´
`ဟာ မင်းကလည်း သူ့ဟာ မကောင်းတာမှ မရှိတာကွာ...ဒါနဲ့ မင်းကို နည်းနည်းမေးကြည့်လို့ရမလား...?
`ကြီးကြီးကျယ်ကျယ်ဗျာ...အခွင့်တွေ ဘာတွေတောင်းလို့....ပြီးရင် ပြောချင်ရာပြောမှာကို သိနေတဲ့ ဥစ္စာ´
`လူကြီးလူကောင်းတွေဆိုတော့ တောင်းရသပေါ့ကွာ....လူကြီးလူကောင်းတွေ အခွင့်တောင်းပြီးမှ မေးရမယ် လို့ ဥပဒေရှိတယ် မဟုတ်လား...?
`ခင်ဗျား သဘောပါပဲ လေ...၊´
`ကဲ ဒီလိုဆို မေးပြီ ကိုပိန် ရေ...´
`လျှာရှည်လိုက်တာဗျာ...´
`ဗိုလ်ချုပ်အောင်ဆန်းဟာ ဘာဘွဲ့တွေ ရထားလဲဗျ...´
`ဗိုလ်ချုပ်ဘွဲ့ရတာ မကြားဖူးဘူး...လွတ်လပ်ရေးဖခင်ကြီးလို့တော့ အမြတ်တနိုးခေါ်ကြတယ်...´
` ဟုတ်ပီ အိန္ဒိယရဲ့လွတ်လွပ်ရေးဖခင်ကြီး(နိုင်ငံ့ဖခင်ကြီး)ကကော ဘယ်သူလဲ..?
`ဟာ အဲဒါက ခင်ဗျားပိုင်နက်လေဗျာ... ကိုနောက ကုလားတွေနဲ့စကားပြောတယ် မဟုတ်လား..?
`ဒါဆို ဒီလိုမှတ်ထားဗျ...မဟတ္တမဂန္ဓီကြီးကို ယုဂပုရိသ(တစ်ခေတ်တစ်ယောက်ထွန်း),ရဋ္ဌပိတာ(နိုင်ငံ့ဖခင်), ဗာပူ(ဘဘကြီး)လို့ အမြတ်တနိုးခေါ်ကြတယ်ဗျ...။´
`အော်.....အမြင်ဆုံး ဘာရတ်ရတန်(ဘာရတရတနာ)ဘွဲ့နဲ့ ဘယ်ကမြင့်လဲ...?
`့ဟာ တခြားစီကွာ....ဘာရတ်ရတန်က အစိုးရကပေးတာ...ဟိုနာမည်တွေက ပြည်သူတွေပေးတာ လေ...´
`ဟုတ်ပါပြီတဲ့ ဟုတ်ပါပြီ...ထင်သားပဲ...ပြောချင်ရာပြောမယ်ဆိုတာ...ဒါနဲ့ အတွင်းသားနဲ့ဘာဆိုင်လဲဗျ...?
`လာမယ်လေ...မလောပါနဲ့...အိန္ဒိယရဲ့ပထမဆုံးသမ္မတ ဘယ်သူလဲ ဟေ့..?
`ဒါကတော့ လူတိုင်းသိတယ်ကွာ...ဒေါက်တာ ရာဂျင်ဒရာပရာဆာဒ် ဗျာ..´
`အေး သူ့ကိုလည်း ပြည်သူတွေက နာမည်သုံးမျိုးနဲ့ခေါ်ကြတယ် ...´
`လင်းစမ်းပါဦး...ခပ်ကျဉ်းကျဉ်း´
`တတိယ ဗီဟာ(ရ်)ဂန္ဓီ ကွာ,ဒုတိယ ဒေရှ်ရတန်(ဒေသရတနာ)ကွာ,ပထမ ဘာဖြစ်မယ်ထင်လဲ...?
`ဟိုက် ရှားဘား ကိုယ် ဘယ်သိမလဲ... ကိုယ့်ကိစ္စ ကိုယ်ဆက်ရှင်းပေါ့...´
`မအံ့သြနဲ့နော်...အဇာတသတ် (အဇာတရှတ်တရု) တဲ့ကွ...´
` သြော ဟော် ဘယ့်နှာကြီးတုန်း....ပေးစရာနာမည် ရှားလို့ကွာ...´
` အဲဒါကြောင့် ပြောတာပေါ့...အတွင်းသားကို ဖတ်ပြီးပြီလားလို့....´
`အေး ဟေ...ရေးတေးတေးတော့ ဖြစ်လာပြီ...ဒါဆို အဇာတသတ်...ယှဉ်နိုင်တဲ့ ရန်သူမရှိ ဆိုတာမှန်ပြီပေါ့´
` အင်းပေါ့...´
`ဒါဆို အဋ္ဌကထာကို ဘယ်လို လုပ်မလဲ...?
`အေး ကိုယ်ကလည်း ပါရဂူမဟုတ်သေးတော့ မပြောတတ်ဘူး,မစ္စတာပါရဂူတော့ ပြောနိုင်လောက်တယ်... ထင်တာပဲ....ကိုယ့်အမြင်ကတော့ အဋ္ဌကထာဆိုတာ အဋ္ဌကထာပဲကွ...´
`ဟိုက် ရှင်းလိုက်တာ...´
` ဒါဆို အဲဒါ ထားလိုက်...ကိုနောက အဘိဓာန်ပေါင်းစုံ ခေါင်မြီးခြုံအိပ်နေသူဆိုတော့ တိတိကျကျလေး လုပ်ပါဦး...´
`ကောင်းပြီ....စာရှိတဲ့အတိုင်းပြောမယ်ကွာ....HINDI-ENGLISHအဘိဓာန်က(one)having no enemy(born), without adversary or equalလို့ ဆိုသကွာ..ဗြူဟစ်ဟိန္ဒီအဘိဓာန်ကြီးက ကုလားလိုပြောရမလား´
`ဟာ ဖေါက်ပြီ ဒီက ကောင်းကောင်းနားထောင်နေတာ..´
`ရန်သူမရှိသူ တဲ့.....ရာ့ဂ်ျပါလ်ဟိန္ဒီအဘိဓာန်ကြီးကလည်း ဒီအတိုင်းပဲ´
`ထူးတဲ့ အဘိဓာန် မရှိတော့ဘူးလား...?
` ရှိသေးတယ်ဗျို့...အိန္ဒိယသမိုင်းအဘိဓာန်(ဘာရတိယ ဣတိဟာစ် ကို့ရှ်)တဲ့...´
`လုပ်ပါဦး...ဘာတဲ့လဲ...?
` အဇာတသတ်ဟာ ဂျိန်းရော,ဗုဒ္ဓရော နှစ်ဦးလုံးကို ကိုးကွယ်ပါသတဲ့..´
` ဟုတ်... ဟုတ်ပါ့မလား ကိုနောရဲ့...´
` မပြောတတ်...စာကတော့ ဆိုတာပဲကွာ...´။
`ဒါနဲ့ အဇာတသတ် ကိုနော ဖြစ်ရောလား...?
` ဆိုင်ဆိုင် မဆိုင်ဆိုင် ဒီလိုပဲ ထွင်နေကြတာပဲ မဟုတ်လား....။
`ဒါပေါ့ ဒါပေါ့.............။
ကိုနော
၁၄.၃.၂၀၁၀

0 comments:
Post a Comment