အရူးဗီတာမင်
ချို့တဲ့နေသလား.?..
ကြေအောင် ၀ါးစား...။
(+၀)
ငယ်ငယ်ရွယ်ရွယ်နဲ့...၊
လက်ဆော့လို့ သွေးစို့သွားတယ်...၊
တံတားကနီရဲ...
ဖျက်လို့မပျက် တကယ်...၊
ကိုဖုန်းမော် ရူးတယ်...။
(၁)
လူသားချင်း စာနာစိတ်နဲ့၊
ဂျွန်ယတောကို လက်ခံ စကားပြောတယ်၊
အမေ ရူးတယ်…။
(၂)
ဒီမှာ ကိုဝင်းတင်..
ဒီကိုပဲ ရောက်ရောက်လာတာ...
ခင်ဗျား အိမ်မဲ့၊ ယာမဲ့လား
အိမ်က ပေါ်ဆန်း စားဖို့ ငြင်းဆန်တယ်..
ဦးဝင်းတင် ရူးတယ်....။
(၃)
ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာ ဆိုလား…
ဘုန်းကြီးလည်းမဟုတ်ဘဲ…၊
ကတုံးကြီးနဲ့…၊
ဇာဂနာ ရူးတယ်…။
(၄)
အကယ်ဒမီက ခါလီဖြစ်သွားတယ်…၊
မုတ်ဆိတ်မွေး ဗလဗျစ် သုဘရာဇာစစ်စစ်က…၊
ဒါရိုက်တာ ရုပ်ရှင်မင်းသား ပန်းချီဆရာဆိုလား…
ကိုကျော်သူ ရူးတယ်…၊
(!!)
အေးအတူ အပူမျှပေါ့ ကွယ်....
စီရင်ချက် ကျတဲ့နေ့ကို...၊
မင်္ဂလာ ရက်မြတ်ရွေးလို့...၊
ပြဿဒါးကို ရက်ရာဇာ လုပ်တယ်
ချစ်သူစုံတွဲလေး ရူးတယ်...။
(၅)
Cbox သော့ခတ်ထားပြီး…၊
ဘုန်းဘုန်းများ ကန်တော့ပါ ဘုရားတဲ့…၊
မသဒ္ဒါ ရူးတယ်…။
(၆)
အနုပညာ သမားဆိုတာ…
အပြောင်းအလဲ များနဲ့ပါတဲ့…၊
ဂင်္ဂါဂျီး ရူးတယ်…။
(၇)
ငယ်ငယ်ရွယ်ရွယ်နဲ့ ကြောင်သွားသူ…၊
ဂျိန်းတပိုင်း နောသာဂရတဲ့…၊
ကိုနော ရူးတယ်…။
(၈)
ပါရဂူလား ရူးယောင်ယောင်လုပ်နေတယ်…၊
မော်ကွန်းသစ် အရူးတွေကိုချစ်လို့တဲ့…၊
Crystal ကြည့်လုပ်မှပေါ့ကွယ်…၊
ကိုပိန်လည်း ရူးမယ်…၊
အခွင့်ခါသင့်တုန်း...
ပုဏ္ဏားများလည်း ရူးကြအုံး(ဦး)…။ ။
``အရူးတွေက စိတ်အချ ရဆုံး``…။ ။
။ ။ ။
ကိုပိန်
(၁၃.၀၃.၂၀၁၀)
ကြေအောင် ၀ါးစား...။
(+၀)
ငယ်ငယ်ရွယ်ရွယ်နဲ့...၊
လက်ဆော့လို့ သွေးစို့သွားတယ်...၊
တံတားကနီရဲ...
ဖျက်လို့မပျက် တကယ်...၊
ကိုဖုန်းမော် ရူးတယ်...။
(၁)
လူသားချင်း စာနာစိတ်နဲ့၊
ဂျွန်ယတောကို လက်ခံ စကားပြောတယ်၊
အမေ ရူးတယ်…။
(၂)
ဒီမှာ ကိုဝင်းတင်..
ဒီကိုပဲ ရောက်ရောက်လာတာ...
ခင်ဗျား အိမ်မဲ့၊ ယာမဲ့လား
အိမ်က ပေါ်ဆန်း စားဖို့ ငြင်းဆန်တယ်..
ဦးဝင်းတင် ရူးတယ်....။
(၃)
ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာ ဆိုလား…
ဘုန်းကြီးလည်းမဟုတ်ဘဲ…၊
ကတုံးကြီးနဲ့…၊
ဇာဂနာ ရူးတယ်…။
(၄)
အကယ်ဒမီက ခါလီဖြစ်သွားတယ်…၊
မုတ်ဆိတ်မွေး ဗလဗျစ် သုဘရာဇာစစ်စစ်က…၊
ဒါရိုက်တာ ရုပ်ရှင်မင်းသား ပန်းချီဆရာဆိုလား…
ကိုကျော်သူ ရူးတယ်…၊
(!!)
အေးအတူ အပူမျှပေါ့ ကွယ်....
စီရင်ချက် ကျတဲ့နေ့ကို...၊
မင်္ဂလာ ရက်မြတ်ရွေးလို့...၊
ပြဿဒါးကို ရက်ရာဇာ လုပ်တယ်
ချစ်သူစုံတွဲလေး ရူးတယ်...။
(၅)
Cbox သော့ခတ်ထားပြီး…၊
ဘုန်းဘုန်းများ ကန်တော့ပါ ဘုရားတဲ့…၊
မသဒ္ဒါ ရူးတယ်…။
(၆)
အနုပညာ သမားဆိုတာ…
အပြောင်းအလဲ များနဲ့ပါတဲ့…၊
ဂင်္ဂါဂျီး ရူးတယ်…။
(၇)
ငယ်ငယ်ရွယ်ရွယ်နဲ့ ကြောင်သွားသူ…၊
ဂျိန်းတပိုင်း နောသာဂရတဲ့…၊
ကိုနော ရူးတယ်…။
(၈)
ပါရဂူလား ရူးယောင်ယောင်လုပ်နေတယ်…၊
မော်ကွန်းသစ် အရူးတွေကိုချစ်လို့တဲ့…၊
Crystal ကြည့်လုပ်မှပေါ့ကွယ်…၊
ကိုပိန်လည်း ရူးမယ်…၊
အခွင့်ခါသင့်တုန်း...
ပုဏ္ဏားများလည်း ရူးကြအုံး(ဦး)…။ ။
``အရူးတွေက စိတ်အချ ရဆုံး``…။ ။
။ ။ ။
ကိုပိန်
(၁၃.၀၃.၂၀၁၀)
ကဲ…ကဲ..
ဦးဇင်းလေး bhu
မင်းပြောတာ……မင်းပဲဆက်ရှင်း……။ ။
(မှတ်ချက်။ ။လာမည့်ရက် အနည်းငယ်တွင်း ဗာရဏသီ ပုဏ္ဏားအရူးစာရင်း ပြုစုသွားမည်ဖြစ်သည်၊ မရူးသေးရင် ဦးထားကြ....၊ ရူးပြီးသူများ သွက်သွက်ခါ ရူးကြ.....။ ကိုပိန်ကိုယ်တိုင် တုတ်ကိုင်လို့ လိုက်တို့ကြည့်မည်။ ကော်နက်ရှင်းလေး ကောင်းရင်ပေါ့၊ ပြန်ဆော်ရင်လည်း ကုန်းအော်မယ်နော်....အေ့...။)

0 comments:
Post a Comment