Happy New Year
ဓမ္မမိတ်ဆွေ ဓမ္မသဟာယ ဓမ္မညီအကိုမောင်နှမတို့ရေ......ရောက်ရှိလာတဲ့ ၂၀၁၀ဆိုတဲ့ နှစ်သစ်မှာ ဘ၀တု သဗ္ဗမင်္ဂလံ လို့နှုတ်ခွန်းဆက်သလိုက်ပါတယ်။ အားလုံး ကျန်းမာပျော်ရွှင်ကြပါစေလို့ မေတ္တာပို့သလိုက်ပါတယ်။ နှစ်သစ်မှာ တစ်ဦးမေတ္တာ တစ်ဦးရရှိကြကာ ဘ၀ခရီးကို သာယာချမ်းမြေ့စွာ လျှောက်လှမ်းနိုင်ကြပါစေနော်။
နှစ်တွေ ဘယ်လိုပြောင်းပြောင်း ကာလတွေဘယ်လိုပြောင်းပြောင်း ကိုယ့်အတွင်းစိတ်ပျော့ပြောင်းလာဖို့လိုတယ် ဆိုတာတော့ သတိထားရမယ်။ အရင်နှစ်တွေလိုပဲ ကြမ်းတမ်းသော ကိလေသာ အာသဝေါတွေ တိုးသထက်တိုး နေကြမယ်ဆိုရင်တော့ ထူးမခြား နှစ်မူးတပြားသာသာနဲ့ အရူးသားပဲ ထပ်ဖြစ်ယုံပဲပေါ့။ ပုထုဇ္ဇနော ဥမ္မတ္တကော- လို့ ကြားဖူးကြတယ်။ ကိလေသာတွေ ထုထည်နဲ့ ဖြစ်ချင်တိုင်းဖြစ်နေတဲ့ လူသားကို ပုထုဇဉ်ခေါ်တယ်။ ပုထု ကိလေသေ ဇနေတီတိ ပုထုဇ္ဇနော-လို့ ဂရမ်မာနည်းအရ ၀ိဂ္ဂဟပြုထားတယ်။ ကိလေသာတွေကြောင့် လူသား သည် ခုတမျိုး နောက်တဖုံဖြစ်တတ်သည်။ ဒါကြောင့် စိတ်အမျိုး စိတ်အဖုံဖုံ ဖြစ်လေ့ရှိသည်ကြောင့် အရူးလို့ တင်စားခေါ်ခြင်းပေါ့။
စိတ်အစဉ်မှာ ဖြစ်လေ့ရှိတဲ့ လောဘ ဒေါသ မောဟတွေကို လူကလည်း လူ့ကျင့်ဝတ်၊ ရှင်ကလည်း ရှင့်ကျင့်ဝတ်၊ ရဟန်းကလည်း ရဟန်းကျင့်ဝတ်နဲ့ အညီနေထိုင်ကာ ဖြေရှင်းလိုက်ရင် နှစ်သစ်ဟာ ထူးခြားလို့ အရူးသားနယ်က လွတ်ပြီပေါ့။ ကဲ စကားရှည်မနေတော့ပါဘူး....ပြောချင်တာက....
နှစ်သစ်မှာ ကုသိုလ်များစွာ စည်းပူး၊ ကိလေသာကြမ်းတွေကို တိုက်ထုတ်လို့ မေတ္တာကာယကံ မေတ္တာဝစီကံ မေတ္တာမနောကံ ပွားတိုးကြဖို့ နှစ်သစ်မှာ တိုက်တွန်းလိုက်ပါရစေ။

0 comments:
Post a Comment