* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, January 1, 2010

နှစ်ဟောင်း(ဘင်) ကို နှုတ်ခွန်းဆက်သ၍ နှစ်သစ်(ဥပါဒ်) ကို ကြိုဆိုလိုက်ကြစို့လား

နှစ်ဟောင်းကုန်လို့ နှစ်သစ်ကို ကူးပြောင်းလာခဲ့ပြန်ပြီ။ အဟောင်းအကုန် အသစ်အကူး နှစ်သစ်ကူးအခါသမယမှာ ဒါန သီလ ဘာဝနာကုသိုလ်ကံအသစ်တွေနဲ့အတူ ထိုင်းနိုင်ငံရောက် မြန်မာပြည်သားများအပါအ၀င်ကမ္ဘာ့ဘာသာပေါင်းစုံကိုမင်္ဂလာရှိတဲ့နှစ်သစ်မှာကိုယ်ရောစိတ်ပါ ကျန်းမာချမ်း
သာကြပါစေ၊ကောင်းကံအသစ် များများပြုနိုင်ကြပါစေလို့ဦးစွာပဏာမနှုတ်ခွန်းဆက်သလိုက်ပါသည်။

ဗုဒ္ဓဘာသာဝင်များနည်းတူပဲ အခြားသောဘာသာဝင်အပေါင်းတို့ကလည်း မိမိတို့ဆိုင်ရာ ယဉ်ကျေးမှုထုံးတမ်းအစဉ်အလာအရ ကံအသစ်ဖြစ်တဲ့ သက်ကြီးပူဇော်ပွဲ၊ အသက်လွှတ်ဘေးမဲ့ပေးပွဲ ၊ ပေးကမ်းစွန်ကျဲပွဲ၊မိဘတွေကိုကတော့တဲ့ပွဲစတဲ့ကောင်းမွန်တဲ့အစဉ်အလာကိုယ်စီနဲ နှစ်သစ်ကို ကြိုဆိုကြပါလိမ
့်မယ်လို့်ထင်ပါတယ်။

တကယ်တော့ အချိန်တွေဟာ တစ်စပ်တည်း မရပ်တန့်ဘဲ့  စက္ကန့်တိုင်း မီနစ်တိုင်း နာရီတိုင်းပြောင်းလဲနေကြပါတယ်။ တိုတောင်းတဲ့အချိန်က မထင်ရှားလှလေတော့ အချိန်ကြာပီး ရုပ်ဝတ္ထုများ ဖြစ်ပျက်တာ ထင်ရှားလှတဲ့ နှစ်တစ်နှစ်ကိုပဲ နှစ်ကူးပြီ ( အချိန်ကာလတစ်ခုပြောင်းလဲပြီ)လို့ လောကသမုတိအမှန်အနေဖြင့် ကူးပြောင်းတယ်လို့ သမုတ်လိုက်ကြပါတော့တယ်။

လူတွေ တစ်ဦးနဲ့ တစ်ဦး တွေ့လိုကြယင် တိုတောင်းတဲ့ စက္ကန့်တွေမှာ သတ်မှတ်၍ ချိန်းတွေ့ကြမယ်မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အချိန်ကတိုတောင်းလွန်းလှတဲ့အတွက်ကြောင့်ပါပဲ။၊ ကာလတာရှည်တဲ့ နာရီ ၊ နေ့ရက်တွေမှာ ချိန်းဆိုကြတာများပါတယ်။ သို့ပေတည့် တစ်နှစ်ဆိုတာ တိုင်းတောင်းလှတဲ့ စက္ကန့်ကလေးတွေကိုစုစည်းထားတာပဲလို့ လောကလူအများကလက်ခံကြပီးသားပါပဲ။

သတိမမူလျှင် မြူတွေတောင်မှမြင်ဖို့ခက်ခဲလှပါတယ်။ ထိုနည်းတူပဲ သတိမမူခဲလျှင်အချိန်ရဲ့အခြေခံ ကာလတိုကိုလည်း မြင်နိုင်ခဲကြပါလိမ့်မယ်။

ဒါကြောင့် ဗုဒ္ဓက ဓမ္မပဒ ၊ အပ္ပမာဒ၀ဂ်မှာ ဒီလို ဟောထားခဲ့တာနေမှာပါပဲ။

အပ္ပမာဒေါ အမတံ ပဒံ၊ ပမာဒေါ မစ္စုနော ပဒံ။
အပ္ပမတ္တာ န မီယန္တိ၊ ယေ ပမတ္တာ ယထာ မတာ။( ဂါထာ ၂၁)

ဆိုလိုတာကတော့……
နာမ်ရုပ်သဘောတွေအပေါ်မှာ သတိမြဲစွာရှိနေတဲ့သူဟာ အသက်သေပေမယ့် အမြဲရှင်လျက်နေသူပဲတဲ့။
နာမ်ရုပ်တို့ရဲ့သဘောတွေအပေါ်မှာ မေ့မေ့လျော့လျော့ နေတဲ့သူဟာ အသက်ရှင်ပေမယ့် သေလျက်နေတဲ့သူပါပဲတဲ့။
ဒါဆိုတော့ သတိမူခဲ့လျှင် မြူကိုပင် သင် မြင်နေရမှာပါ။ အဆိုင်အခဲတိုင်တာအအောက်အအုံကြီးတွေဆိုတာ အခြေခံ သဲပွင့်မြူမှုန်ကလေးတွေနဲ့ ဆင့်ကဲပြောင်းလဲတညဆောက်ထားတာပေါ့။ တစ်နှစ်ဆိုတာဟာလဲ အခြေခံ စက္ကန့်ကာလအတိုတွေကို ဆင့်ကဲ စုစည်းထားတာပေါ့။

ဓမ္မစကြာမှာတော့ “အာလောကော ဥဒပါဒိ” လို့ မှတ်ခဲ့ဖူးပါတယ်။ လောကကြီးက အလင်းစက်တွေပေါင်းစပ်ရာကနေ အဆိုင်အခဲ ပုံသဏ္ဍာန်တွေအထိဆင့်ကဲ ဖြစ်လာကြတာပါပဲ။

ဓာတ် အကြီးစား လေးမျိုး၊ ဓာတ် အငယ်စား (အဋ္ဌကလာပ်ရုပ်) ရှစ်မျိုးနဲ့ ဓာတ်တစ်ခုက ဦးဆောင် ကျန်ဓာတ်တွေ နောက်လိုက်ဖြစ်နေတဲ့အစုသဘောနဲ့ လောကကြီးက ပုံဏ္ဍာန်အမျိုးနဲ့ ချယ်လှယ်လာကြရင်း မူရင်းပြောက်သွားလောက်အောင် နာမည်တစ်ခုပေါ် နောက်နာမည်တစ်ခုနဲ့ဖုံးလွှမ်ပစ်လိုက်ကြပါတယ်။

သူဘာသာသူရှိနေတဲ့ အချိန်ကို စက္ကန့် ၊ မီနစ်၊ နာရီ၊ ရက်၊ လ၊ နှစ် တွေနဲ့ သေးငယ်ရာကနေ ကြီးမားလာတဲ့ အဆင့်ကို နာမည်ပညတ်တွေနဲ့ အဆင့်အဆင့်အစားထိုးပစ်လိုက်ကြတယ်လေ။ ဒါကြောင့်လူတွေဟာ နာရီရဲ့လွှမ်းမိုးမှုအောက်၊ အချိန်ရဲ့လွှမ်းမိုးအောက်မှာ နေ့စဉ်နဲ့မျှ မလွတ်မလပ်နဲ့ နစ်မွန်းနေကြရပါတယ်။
ဦးနှောက်ထဲမှာ နာရီတွေကို ထည့်ထားမိကြတာလို့ပဲပေါ့။

အဘိဓမ္မာဝေါဟာရတွေမှာတော့ ရုပ်နာမ်တရားကတော့ ဥပါဒ် နဲ့ ဘင် ( ဥဒယဗ္ဗယ-ဖြစ်ပျက်) ပေါ့၊ ဘင်ဆိုတဲ့ အဟောင်းကာလကို ဥပါဒ်ဆိုတဲ့ အသစ်ကာလက အစားထိုး၍ ၀င်ပြောင်းပေးလိုက်တာပါပဲ။ ရှေးရှေးနာမ်ရုပ်အဟောင်း(အပျက်၊ဘင်ခဏ)ကိုစွန့်ခွာနှုတ်ခွန်းဆက်သ၍ နောက်နောက်နာမ်ရုပ်အသစ်(အဖြစ် ၊ဥပါဒ်ခဏ)အစားထိုး၍ ကြိုဆိုလိုက်ကြလိုက်တာပေါ့။

လူတွေဟာလဲ မီနစ်တိုင်း စက္ကန့်တိုင်း မွေးပြီးသေနေကြတာပါပဲ။ ခဏိက ဇာတိ ဇရာ မရဏလို့ ခေါ်ရမှာထင်ပါတယ်။ သို့ပေမယ့် ထင်းရှားလှတဲ့ ရုပ်ကိုယ်ကောင်အဆိုင်အခဲကြီး မိခင်ဝမ်းကနေမွေးလာတာကိုပဲ မွေးလာကြတယ်။ ဒီရုပ်ကိုယ်ကောင်ကြီး အသက်ထွက်၍ သေသွားတာကိုပဲ သေဆုံးတယ်လို့ ထင်းရှားတဲ့ (ဇာတိ ဇရာ မရဏ) ဘ၀တစ်ခု သေပြီးမွေးတယ်ဆိုတာ သက်မှတ်ကြတာ များပါတယ်။

ဓမ္မရဲ့အနှစ်သာရကတော့ အချိန်ကာလနဲ့ နေရာဌာနတို့ရဲ့အလွန်မှာရှိပါတယ်( True Dhamma exists beyond Time and space)။ ဓမ္မရဲ့ အနှစ်ကို ရထားပြီးတဲ့ ဗုဒ္ဓကို အဂုင်္လိမာလက “ ရဟန်းကြီး ရပ်ပါတော့၊ ငါ့ကိုကြောက်၍ မပြေးပါနဲ့” တဲ့။ ဗုဒ္ဓကတော့ အဂုင်္လိမာလကို ဒီလိုပြန်ပြောလိုက်တယ်။ “အမောင် ဟိံသက ၊ ငါက ရပ်နေပါတယ်။ သင်ကသာ ပြေးနေတဲ့သူပါ”ဲတဲ့။
တကယ်တော့ ဗုဒ္ဓက အချိန်ကာလနဲ့ နေရာဌာနကို ကျော်လွန်ခဲ့ပြီးတဲ့သူဖြစ်လို့ ဒီစကားကို ပြောလိုက်တာပါပဲ။ ကျွန်ုပ်တို့ ပုထုဇဉ်လောကလူသားတွေမှာတော့ အချိန်ကာလနဲ့ နေရာဌာနတွေကို ကျော်လွှားဖို့ ကြိုးစားယင်း ပြေးလွှားနေကြတုန်း ဟော... နှစ်သစ်တစ်ခုကိုတောင် ရောက်လာပြန်ပြီပါကောလား။

နှစ်သစ်မှာ မင်္ဂလာသုခအပေါင်းနှစ် ငြိမ်းချမ်း ပြည့်စုံကြပါစေလို့ မေတ္တာပို့သလိုက်ပါသည် အားလုံးသော ကမ္ဘာသူကမ္ဘာသားအပေါင်းတို့…………………
| |

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP