* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, January 1, 2010

သူငယ်တော်တောရ ဆရာတော်၏ နေ့ စဉ်ဟောပြ သြ၀ါဒ (၂၀)

အက္ခရာ ခုနှစ်လုံး

ယောဂီသူတော်စင်တွေအားလုံး ‘ ပျင်း ’ ရင် ‘ ဖျင်း ’ မယ်။ ဖျင်းရင် မသိနားမလည်သူ ( ဗာလ ) လူမိုက်ဖြစ်မယ်။ လူမိုက်ဖြစ်ရင် ဘေးတွေ့ မယ်။ ဘေးတွေ့ တော့ ( မရဏ ) သေမယ်။ သေရင် ယမမင်းကြီးက ငရဲပို့ လိမ့်မယ်။ ဒါကြောင့် ပ ဖ ဗ ဘ မ ယ ရ ဆိုတဲ့ အက္ခရာ ( ၇ ) လုံးကို အမြဲတမ်း သတိပြုရမယ်။

ထိနမိဒ္ဓ ပယ်ဖျောက်နည်း

အိမ်ဦးခန်းမှာ တရားမှတ်ရင်းနဲ့  ထိနမိဒ္ဓ၀င်လာခဲ့သည်ရှိသော် နှုတ်ကနေတရားတွေရွတ်လိုက်၊ သညာပြောင်း ပေးပြီးမှ တရားပြန်မှတ်၊ နှာသီးဖျားမှာ ၀င်လေ တိုးထိတာသိ၊ ထွက်လေ တိုးထိတာသိ၊ အဲဒီနှစ်ချက်ကို မှတ်ဆက် အောင် လိုက်ကြည့်ရမယ်။

အကုသိုလ် နဲ့  ကုသိုလ်

အကုသိုလ်ဟာ ကျောက်ခဲနဲ့ တူတယ်။ ကုသိုလ်ဟာ ထောပတ်၊ ဆီနဲ့ တူတယ်။ ကျောက်ခဲတို့  မည်သည် အောက်ကိုသာနစ်မြုပ်တတ်သလို အကုသိုလ်ဟာလည်း အပါယ်လေးပါးဆိုတဲ့ အောက်သံသရာမှာသာ နစ်မြုပ်တတ်တယ်။ ထောပတ်၊ ဆီတို့ သည် ရေပေါ်သို့ သာတက်လာကြသလို ကုသိုလ်ပါရမီတွေဟာလည်း လူ နတ် နိဗ္ဗာန် ( ၃ ) တန်ချမ်းသာဆိုတဲ့ အထက်သုဂတိဋ္ဌာန တွေသို့  ရောက်စေနိုင်၊ ရစေနိုင်တယ်။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP