၂၀၁၀ နှစ်သစ်ကူး (ပူနေး)

၂၀၁၀ နှစ်သစ်ကူးမင်္ဂလာအတွက် ၃၁-၁၂-၂၀၀၉ နေ့ ည ၈ နာရီမှ စ၍ နိုင်ငံခြားသားကျောင်းဆောင် (အမျိုးသား) ၏ မျက်နှာစာတွင် ပါတီပွဲကျင်းပသည်။ နိုင်ငံပေါင်းစုံက ကျောင်းသားများ ပါဝင်ကြသည်၊ အချို့လည်း အပြင်မှာ ပါတီပွဲလုပ်ကြသည်တဲ့။ ထိုပါတီပွဲတွင် ညစာ ထိုင်းရိုးရာ အစားအစာနှင့် ကိတ်မုန့်များဖြင့် ဧည့်ခံကျွေးမွေးသည်။ အစားအစာ တစ်မျိုးစားပြီးတိုင်း အစီအစဉ် တမျိုးစီဖြင့် ကျင်းပသည်၊ အာဖရိက ကျောင်းသားက ကြေညာသူ (announcer)လုပ်သည်။ ထိုကျောင်းသားသည် အင်္ဂလိပ်စကား တော်တော်လေးကို ကောင်းသည်။ နိုင်ငံအသီးသီး၏ နုတ်ခွန်းဆက်စကားများကို စာရွက်ပေါ်မှာ ကူးလာကာ မိတ်ဆက်ပါသည်၊ မြန်မာနိုင်ငံအတွက် မင်္ဂလာပါ ဟု ပီပီသသကို ပြောသည့်အတွက် လက်ခုပ်သြဘာများ ပေးကြပါသည်၊ အခြားသော နိုင်ငံများလည်း ထိုနည်းတူစွား လက်ခုပ်တီးပြီး သြဘာပေးကြသည်။ တစ်နိုင်ငံစီ က dancing (သို) သီချင်း singing ဖြင့် ဖျော်ဖြေရသည။ မွန်ဂို ကျောင်းသားတစ်ယောက်ကလည်း ဂီးတာတစ်လုံးနှင့် ဖျော်ဖြေသည်။ သီတဂူစတားတို့ အလှည့်ရောက်လာတော့မည်။ သီတဂူစတားလည်း သီချင်းဆိုရမှာ ကြောက်တာနှင့် စားစရာများစား သောက်စရာများ သောက်၊ (ဖျော်ရည်)၊ ဓာတ်ပုံတစ်ပုံလောက် ရိုက်ပြီး လစ်ခဲ့ရသည်။ နို့မို့ဆို မလွယ်၊ သီချင်း အတင်းဆိုခိုင်းမည်။
သီတဂူစတား
၃၁-၁၂-၂၀၀၉

0 comments:
Post a Comment