အညာမြေသို့တစ်ခေါက် ရောက်ခဲ့ပြန်ပေါ့(၅)
Labels: ဆောင်းပါး | 0 ယောက်မှတ်ချက်ရေးခဲ့တယ်
ခုပြောမဲ့အကြောင်းဟာ ကြာရှည်စွာခွဲခွာရမဲ့သားဖြစ်သူကို မိခင်ဖြစ်သူ ဒေါ်ရွှေဥက သူ့ရဲ့အတိတ်ဘ၀အကြောင်းတွေကို ပြော ပြနေတယ်။ ဘ၀ဇာတ်ကြောင်းကို အမှန်တွေကို ဒေါ်ရွှေဥပြောနေခြင်းဟာ သားဖြစ်သူ သဒ္ဓါတရားအားကောင်းပြီး ချမ်းသာအောင်လို့ပါ။ အမေဒေါ်ရွှေဥက သူ့သားတော်မောင်ကို ပြောပြနေတယ်လို့ မှတ်ထားလိုက်နော်။
ရှေးရှေုးတုန်းက ကသာမြို့နယ်၊မိုးတားမြို့ရဲ့ မြို့ဦးအရှေ့စူးစူးကုန်းမြင့်လေးပေါ်မှာ ဗောဓိကျောင်းဆိုတာ ရှိသေးတယ်။ ကျောင်းကနေပီးတော့ ဧရာဝတီမြစ်ထဲဆင်းတဲ့ သစ်သားတံတားအရှည်ကြီး တစ်ခုလဲရှိတယ်။ ရှေးရှေးတုန်းကတော့ ဒီတံတားထိပ်အိမ်လေး တစ်အိမ်မှာ “ရွှေသီ” ဆိုတဲ့ကလေးမလေးတစ်ယောက်ရှိခဲ့ဖူးတယ်။ အသက်က(၁၄)နှစ်လောက်ပဲရှိအုံးမယ်။
ရွှေသီတို့မိသားစုဟာ အလွန်ဆင်းရဲရှာတယ်။ ဒါနဲ့တစ်နေ့ ရွှေသီဟာ ဗောဓိကျောင်းဆရာတော်ထံသွားပြီး လျှောက်ပါတယ်။
“တပည့်တို့အလွန် ဆင်းရဲလှပါတယ်ဘုရား။ ဘာ့ကြောင့်များ ဒီလောက်ဆင်းရဲရတာလဲဘုရား
“အတိတ်က အလှူနည်းခဲ့လို့ပေါ့”
“ခုဘ၀လှူရင် နောင်ဘ၀ချမ်းသာမှာလားဘုရား”
“ဟုတ်တယ်၊နင်လဲချမ်းသာချင်တယ်ဆိုရင် တစ်ခုခုလှူပေါ့”
“တပည့်တော်က ဆင်းရဲလွန်းတော့ လှူစရာမရှိဘူး၊ ဘာကိုလှူရမှာလဲဘုရား”
“ရွှေသီ…..ဘုရားကိုရေလှူပေါ့”
“ဘယ်လိုလှူရမလဲဘုရား”
“ဟောဟိုမှာလေ ဧရာဝတီမြစ်ကြီးထဲမြစ်ရေတွေလေ ဘယ်သူမဆိုယူလို့ရတယ်၊၀ယ်စရာမလိုဘူး၊ ရတနာသုံးပါးကို လှူချင်တယ် ဆိုရင် မြစ်ရေတွေကို ဒီအတိုင်းသွားခပ်ပြီး လှူလို့ရတယ်”
“လှူပုံလှူနည်းပြောပါအုံးဘုရား”
“ရွှေသီ….တစ်နေ့ကို ရေဘယ်နှစ်ခါသောက်လဲ၊ တစ်နေ့သုံးခါသောက်တယ်ဆိုရင် ဘုရားရှင်အားရေသုံးခါလှူပေါ့၊ နေ့တိုင်းလှူရမယ်နော်”
ရွှေသီကစဉ်းစားတယ် ဘုရားကိုရေလှူရအောင် ငါ့အိမ်ဘုရားအဆောင်လေးတောင်မှမရှိ၊ ဆရာတော်ကျောင်းမှာတော့ ဘုရားရှိ တယ်။ မြစ်ဆိပ်ကနေ ဗောဓိကျောင်းကိုတံတားရှည်ကြီးခင်းထားတယ် ပေတစ်ရာကျော်ရှည်ပြီးမတ်စောက်လှပါတယ်။ဒါပေမဲ့ရွှေသီခမျာ ဆင်းရဲဒဏ်ကို မခံနိုင်တဲ့အတွက် သဒ္ဓါတရားအားမွေးပြီး နေ့တိုင်း မြစ်ရေကိုခပ်ကာ ရေအိုးရွက်ပြီး ကျောင်းမှာသွားလှူရပါတယ်။ ပထမတစ်ပတ်လောက် မှာ ၀ီရိယကောင်းကောင်းနဲ့ ခပ်လှူရတယ်။ တာဝန်ကြီးတစ်ခုလိုဖြစ်နေတယ်။ဒါပေမဲ့ နှစ်ပတ်သုံးပတ်ဖြစ်လာတာ့ စိတ်တွေကြည်လင်ပြီး ချမ်းသာလာတာကို ပထမဆုံးခံစားလိုက်ပါတယ်။
ဒါနဲ့ရွှေသီလေးဟာ နေ့တိုင်း ဇွဲကောင်းကောင်းနဲ့ရေလှူလာလိုက်တာ အသက်နှစ်ဆယ်အရွယ်လောက်မှာ ဆုံးပါးသွားရှာတယ်။ ဒါပေမဲ့ရွှေသီလေးဟာ မိုးတားနယ်ထဲမှာပဲ မိန်းကလေးဘ၀ပြန်ဖြစ်ခဲ့ပါတယ်။ သူ့ကိုယ်သူ လူဝင်စားဆိုတာမသိခဲ့ဘူး။ ဒီလိုနဲ့ ကိုးနှစ်သမီးအရွယ်ရောက်တော့ သူ့အမေနဲ့ ဗောဓိကျောင်းကို ဆွမ်းပို့သွားပါတယ်။ ဗောဓိကျောင်းရောက်ခါနီးမှာ ဆင်းဆင်းရဲရဲ အမေအိုကြီးတစ်ယောက်က လမ်းဖြတ်အကူး၊သူမတို့ရောက်တဲ့အချိန်နဲ့ ဆုံမိခိုက်မှာ အမေအိုကြီးက လျော့ရဲရဲတင်လာတဲ့ တဘက်မြိတ်ကို ပုခုံးပေါ်ယမ်းတင်ပါတယ်။ အဲဒီမှာ ကလေးမလေးရဲ့မျက်စိကို တဘက်မြိတ်အစွန်းနဲ့ ရိုက်မိသွားတယ် “အမလေး”လို့ ယောင်ယမ်းအော်လိုက်ပြီး တဘက်မြိတ်ကို ဆွဲမိသွားရာ သူ့စိတ်ထဲမှာ အသိထူးတစ်ခုဝင်လာတယ်။ မျက်စိနာတာကိုတောင် သတိမရဘဲ အံအားသင့်ပြီး ငိုင်နေပါတော့တယ်။
“ဒီတဘက်လေးဟာ ငါကိုယ်တိုင်လက်နဲ့ယက်ခဲ့တဲ့ တဘက်လေးပါလား” လို့ အတိတ်ဘ၀ရွှေသီအကြောင်းတွေ အကုန်လုံး မှတ်မိလာတယ်။ ကျောင်းရောက်လာတော့လဲ ဗောဓိကျောင်းဆရာတော်ကိုကြည့်လိုက်တော့ သူ့ကိုရေအလှူခိုင်းခဲ့တဲ့ဆရာတော်ကြီးပါ လားဆိုတာ သိလာရတယ်။ ဒီဘ၀မှာတော့ သူ့နာမည်က “ရွှေဥ” ဖြစ်လာပါတယ်။
ရွှေဥဘ၀မှာ စီးပွားဥစ္စာဆိုလဲလိုလေသေးမရှိ၊ ရွှေသီဘ၀က ရေလှူခဲ့တဲ့အကျိုးတွေပါ။ ဒီတုန်းက ဒေါ်ရွှေဥ ဘယ်လောက်ချမ်း သာတယ်ဆိုတာ မိုးတားနယ်ထဲက လူတိုင်းသိပါတယ်။ နောက်ပီးတစ်ခုထူးခြားတာက ရွှေဥဘ၀မှာ ဖျားတာ၊နာတာ ၊ ထိခိုင်ရှနာတာတို့ ဆိုတာ ဘယ်လိုဟာမှန်းတောင်မသိ၊ အနာရောဂါကင်းလှပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီး ဆေးဆိုလို့ လျက်ဆားတောင် မသုံးဖူးဘူး။
ဒါဟာ ရွှေသီဘ၀က ရေလှူခဲ့တဲ့အကျိုးတွေဖြစ်ပါတယ်။ (မိုးတားဦးထွန်းရှိန်ရဲ့ 'မအို၊မနာ၊သက်ရှည်ကြာ' ဆောင်းပါးမှ အကျဉ်းချုံးပြီး ဖေါ် ပြလိုက်ပါတယ်)။
“ဒါကြောင့်လဲ မင်းတို့လေးတွေ ဆင်းရဲပေမဲ့ အားမငယ်ကြနဲ့၊ အခုပြောတဲ့အကြောင်းကို သေသေချာချာမှတ်ထားနော်။ ဖြစ်နိုင်ရင် ရေအလှူကို အသက်ထက်ဆုံး လှူပေးနိုင်ပါက ပိုကောင်းတယ်။ ဘုန်းဘုန်းလဲ ဒီညနေခင်း ရန်ကုန်ပြန်တော့မို့ နောက်ဆုံးမှာချင်တာက အခုပြောတဲ့အကြောင်းလိုပဲ အချိန်ကို တန်ဖိုးရှိအောင် အသုံးချကြနော်။ အချိန်က တန်ဖိုးရှိတယ်။ မင်းတို့ငါတို့ဟာ မကြာခင် သေကြရမဲ့သူချည်းပါပဲ။ ဘုန်းဘုန်းကို အမှတ်ရတယ်ဆိုရင် ဘုန်းဘုန်းပြောတဲ့ အဆုံးအမလေးတွေကို အမှတ်ရပြီး ကိုယ်တိုင်လိုက်နာကျင့် သုံးကြဖို့ပါပဲ။”
စကားပြောပြီးအချိန်မှာ ရမည်းသင်းသွားမဲ့ ဆိုင်ကယ်တွေလဲ ရောက်နေခဲ့ပြီမို့ အားလုံးကို နှုတ်ဆက်ကာ လာရာလမ်းကို ပြန်ခဲ့ရပါတော့တယ်။ သူတို့လေးတွေရဲ့မျက်နှာများမှာ စာရေးသူကိုခွဲခွာရမှာမို့ မျက်နှာမကောင်းလှ၊ မျက်ရည်စို့ကာ ကျန်ရစ်ခဲ့ပါတော့ တယ်။ ဒီတွင်ပဲ 'အညာမြေသို့တစ်ခါက် ရောက်ခဲ့ပြန်ပေါ'့ ဆိုတဲ့ ခရီးသွားမှတ်တမ်းကို အဆုံးသတ်လိုက်ပါတယ်။
ဥသြလေးအကြောင်းကနေ စလိုက်တာ မခွေးတို့ ဒေါ်ဘုတို့ အကြောင်းရောက်ကုန်တယ်။ ညနေခင်း ဒေါ်မြရင်တို့ဝိုင်းထဲမှာ အတော်ကြာကွဲကွာနေကြတဲ့သူများနဲ့ ပြန်လည်တွေ့ဆုံရတော့ ရင်ထဲကြည်နူး ၀မ်းသာမဆုံးဖြစ်ရပါတယ်။ အဲဒီအချိန်မှာပဲ အရပ်မြင့်မြင့်နဲ့ ကလေးမတစ်ယောက် စာရေးသူတို့အနားရောက်လာတယ်။ ဒေါ်မြရင်က သူမကို လက်ညိုးထိုးပြီး “အရှင်ဘုရား….သူ့ကိုသိလားဘုရား၊ တပည့်တော်မ မြေးလေဘုရား” “သိပ်သိတာပေါ့….နင် နီနီဝင်းမဟုတ်လား” ဆိုတော့
သူမက “မှန်ပါတယ်ဘုရား…တပည့်တော် နီနီဝင်းပါဘုရား၊ တပည့်တော်ငယ်ငယ်တုန်းက ဘုန်းဘုန်းကို ဆွမ်းလောင်းတာလေဘုရား”
ယခင်က နီနီဝင်းဟာ အသက်(၈)နှစ်အရွယ်ကလေးလေးပေါ့။ ဒါပေမဲ့ ကလေးနဲ့မလိုက်အောင်ပဲ အလိုက်သိတယ်၊ မိဘတွေအပေါ်မှာလဲ သိတတ်လိုက်တာ လွန်ပါလေရော။ သူ့အကြောင်းပြောချင်ပါသေးတယ်။
လွန်ခဲ့တဲ့ ၁၂ နှစ်လောက် သိုက်မြှောင်ရွာမှာ ၀ိပဿနာတရားစခန်းပွဲ လုပ်ပါတယ်။ ဒီတုန်းက ပထမအကြိမ်တရားစခန်းပွဲထင်ပါရဲ့။ စာရေးသူက တရားစခန်းဝင်နေတဲ့ ယောဂီပေါင်း ၇၀ ကျော်ကို ဆွမ်းအတွက် အခက်အခဲမရှိရလေအောင် ကိုယ်တိုင်တစ်ပါးတည်း ဆွမ်းခံ ကြွပါတယ်။ နောက်က ဒကာများလိုက်ကျတာလဲ မနဲပါဘူး။ ဆွမ်းဆိုရင် တောင်းကြီးတစ်တောင်းလောက်ရပြီး ဆွမ်းဟင်းလဲ အများကြီးရပါတယ်။ စာရေးသူ ဆွမ်းခံလာတဲ့ ထမင်းဟင်းနဲ့ဆို တရားစခန်းက နဲနဲပဲ ချက်ရပါတယ်။ အလွန်ထူးတဲ့ကုသိုလ်လို့ဆိုရပါမယ်။ ဒါကို ယနေ့ထိတိုင်အောင် တွေးရင်း ပီတိဖြစ်ရတာလဲ အကြိမ်ကြိမ်ပါပဲ။ အော်….ကြည်နူးစရာကောင်းလိုက်ပါဘိ။
တစ်နေ့ လူကြီးတွေက မနက်အစောကြီး တောထဲအလုပ်သွားကြပါတယ်။ သားသမီးများစားဖို့အတွက် ထမင်းအိုးတစ်အိုးပဲချက် ထားခဲ့တယ်။ မိဘများမရှိတော့ အိမ်မှာ အရွယ်နဲ့မလိုက်အောင် လူကြီးလုပ်နေရသူက နီနီဝင်းလေးပါ။ သူမရဲ့အတွေးက “ ဘုန်းဘုန်းလဲ မကြာခင် ဆွမ်းခံကြွလာတော့မယ်။ ဆွမ်းတစ်ခုထဲတော့ မလောင်းချင်ဘူး။ ဆွမ်းဟင်းလဲလောင်းချင်တယ်” တဲ့…ဒါနဲ့ ဟိုဟိုဒီဒီရှာကြည့် တော့ တစ်နေရာမှာ ကြက်ဥများကို တွေ့ရတယ်။ ဒါနဲ့ဝမ်းသာအားရနဲ့ မီးဖိုမှာ မီးမွှေးပြီး ဒယ်အိုးထဲ ဆီထည့်ကာ ကြက်ဥကြော်တယ်။ ပီးတယ်ဆိုရင်ပဲ သူ့ခမျာ ရေတောင်မချိုးနိုင်ပဲ ဘန်းလေးထဲမှာ ဆွမ်းကတစ်ခွက်၊ သူကိုယ်တိုင်ကြော်ထားတဲ့ ကြက်ဥကြော်ကတစ်ခွက်နဲ့ စာရေးသူ ရွာထဲ ဆွမ်းခံအလာမှာ အမီဆွမ်းလောင်းနိုင်ခဲ့တယ်လေ။
အသက်အားဖြင့် ငယ်ရွယ်လှသော်လဲ သဒ္ဓါတရားမငယ်တဲ့ နီနီဝင်းလေးအကြောင်းတွေးနေမိရာက အတွေးစဖြတ်ကာ ကြည့်လိုက်တော့ နီနီဝင်းဟာ ယခင်လိုမဟုတ်တော့ အသက် ၂၀ နှစ်ဝန်းကျင်လောက်ရှိတဲ့အပြင် အိမ်ထောင်တောင်ကျနေပါပြီ။ အဖြစ်အပျက်တွေဟာ ကြာခဲ့တယ်ဆိုပေမဲ့ မနေ့တစ်နေ့ကလိုပါပဲ။
ပြောချင်ပါသေးတယ်။ မနီနီဝင်းနဲ့ ညီအစ်မတစ်ဝမ်းကွဲတော်တဲ့ ညီအစ်မနှစ်ယောက်ရှိပါသေးတယ်။ နာမယ်က မခိုင်နဲ့ မသူ တဲ့။ သူတို့ အကြောင်းလဲ မပါရင် မပြည့်စုံနိုင်ပါဘူး။ ဘာကြောင့်ဆိုရင် သဒ္ဓါတရားအားကောင်းလွန်းလို့ပါ။ဆက်ပြောပါရစေ…..
၁၉၉၈ခုနှစ် ရမည်းသင်းမြို့နယ်၊သိုက်မြှောင်ရွာ ဒုတိယအကြိမ် ၀ိပဿနာတရားစခန်းပွဲ စတင်ပြီး နောက်တစ်ရက်မှာ ဒကာတစ်ယောက် ရောက်လာပြီး “အရှင်ဘုရား…..တပည့်တော်သမီးလေးတွေက တရားဝင်ချင်လွန်းလို့တဲ့ဘုရား၊ တပည့်တော်တို့က တောင်သူတွေဆိုတော့ အလုပ်များတယ်ဘုရား၊ အခုလဲ သမီးနှစ်ယောက်က တရားဝင်ချင်ပေမဲ့ အလုပ်မပီးသေးဘူးဘုရား အလုပ်ပီးရင် တရားလာဝင်ပါ့မယ်၊ လာလို့ရပါလားဘုရား” လျှောက်ထားတော့ “ ဒကာကြီး ရပါတယ် လာသာလာပါ”။ နောက်တစ်ရက် ဒကာမလေးနှစ်ယောက် တရားအားထုတ်ဖို့ ရောက်လာပါတယ်။ တရားစခန်းရက်ပြီးတဲ့အထိ သူတို့နှစ်ယောက်ဟာ ကြိုးစားပြီး တရားအား ထုတ်သွားကြပါတယ်။ တရားစခန်းသိမ်းပွဲပြီးတော့ သူတို့နှစ်ယောက်က စာရေးသူအား “ဘုန်းဘုန်းဘုရား….တပည့်တော်တို့ တရားစခန်း ၀င်နိုင်အောင်ဆိုပြီး တရားစခန်းမလာခင်ရက် ညတစ်ညလုံး လသာသာအောက်မှာ ပဲစင်းငုံခြွေရပါတယ်ဘုရား။ ဒီတစ်ညအလုပ်ကို ကြိုးစားလုပ်တာ ပြီးသွားပါတယ်ဘုရား။ တပည့်တော်တို့ တရေးမှမအိပ်ရသေးပဲနဲ့ တရားစခန်းဝင်ခဲ့ကြပါတယ်ဘုရား” လျှောက်ထားကြပါတယ်။
ကြားလိုက်ရတဲ့စကားကြောင့် သူတို့ရဲ့ သဒ္ဓါတရားများဟာ ရှာမှရှားတဲ့သဒ္ဓါတရားရှိသူလေးတွေပါ။ သာမန်ဆိုရင် အလုပ်ပင်ပမ်း လို့ တရားစခန်း ဘယ်လာဝင်တော့မလဲ ခုတော့ ပင်ပမ်းပေမဲ့ ဒီတရားပွဲမျိုး ကြုံခဲလို့ ခမျာများ ရတဲ့အခွင့်အရေးကို အသုံးချလိုက်တာပါ။ အော်ကံကောင်းပေစွ၊ ကံကောင်းဖို့ဆိုတာ ကိုယ်က အလုပ်ကောင်းမှ ကောင်းမှာပါ။
အညာသူတွေဆိုတော့ ပင်ပင်ပမ်းပမ်းလုပ်ကိုင်ရတာများပြီး ဆင်းရဲနွမ်းပါးကြတယ်။ ငွေကြေးတတ်နိုင်သူ အနည်းငယ်သာ ရှိပါတယ်။ ဒါနဲ့ စာရေးသူအား သံယောဇဉ်ကြီးရှာကြတဲ့ ဥသြအပါအ၀င် ကလေးမတစ်သိုက်ကို သူတို့ဘ၀တိုးတက်ရေး အကျိုးရှိအောင် ပြောမှဖြစ်မယ်။ လို့ တွေးပြီး “ဥသြ …….ဘုန်းဘုန်းပြောမယ်။ မင်းတို့လေးတွေဟာ အညာဒေသပင်ပမ်းတယ်ဆိုတာ ရိုးနေကြပီ။ အများအားဖြင့် ဆင်းရဲကြ တာများတယ်။ ဒါကြောင့် မင်းတို့လေးတွေရဲ့ဘ၀ တိုးတက်ချမ်းသာအောင် ပြောပြပေးမယ်နော်။နားထောင်ကြ ကြားလား”
လူရယ်လို့ဖြစ်လာရင် ဆင်းရဲချမ်းသာစတဲ့ လောကဓံတရား(၈)ပါးနဲ့ ရင်ဆိုင်ကြရမယ်။ ဘ၀အခြေအနေပေးလို့ ချမ်းသာတဲ့ အချို့လူများကျတော့ ဥစ္စာပေါပေမဲ့ စိတ်အလိုမကျတဲ့အတွက် စိတ်ဆင်းရဲကာ ဘ၀မှာ ပြည့်စုံမှုမရှိခဲ့ကြ။ ဘ၀အခြေအနေမပေးတဲ့အတွက် ဆင်းဆင်းရဲရဲ လုပ်ကိုင်စားသောက်ရတဲ့ သူများကျပြန်တော့ ငါဘယ်တော့မှ ချမ်းသာတော့မလဲ လို့ ချမ်းသာကို တောင့်တကြပြန်တယ်။ “လူ့အလိုနတ်မလိုက်နိုင်” ဆိုတာလိုပေါ့။
“ဥသြရေ………မင်းတို့ အညာမှာ ပင်ပမ်းစွာနဲ့ အလုပ်လုပ်ကြရတာ ငါ့မျက်မြင်ပဲ၊ တစ်ချို့ဆို အလုပ်ပင်ပမ်းပြီး အလုပ်ဒဏ်ပိပြီး လူအရုပ်တောင်မပေါက်တော့ဘူး။ စိတ်မကောင်းဘူး။ ဘယ်တတ်နိုင်မလဲ။ ဘ၀ကံဇာတ်ဆရာ အလိုကျ ကပြနေကြရတာလေ။ ဒါပေမဲ့ ကံဇာတ်ဆရာအလိုကျ ကောင်းတာလေးတွေပဲဖြစ်ချင်တယ်ဆိုရင် ဘ၀မှာ အဆင့်အတန်းမြင့်ချင်ပါတယ်ဆိုရင် ကိုယ့်ကံတရားကို ကိုယ်တိုင်ပဲ ကုသိုလ်ရအောင် ဖန်တီးတတ်ရမယ်နော်၊ ဒါကြောင့် ဘ၀မှာ ဆင်းရဲနွမ်းပါးပြီး ပင်ပမ်းကြတဲ့အတွက် ဘာမှ အားငယ်စရာ မလိုဘူး။ ဘုန်းဘုန်းပြောပြအုံးမယ်……အချိန်ရရဲ့လား” ၊
“အချိန်ရပါတယ်…အမိန့်ရှိပါဘုရား၊ တပည့်တော်တို့နားထောင်နေပါတယ်ဘုရား”
ရှေးရှေုးတုန်းက ကသာမြို့နယ်၊မိုးတားမြို့ရဲ့ မြို့ဦးအရှေ့စူးစူးကုန်းမြင့်လေးပေါ်မှာ ဗောဓိကျောင်းဆိုတာ ရှိသေးတယ်။ ကျောင်းကနေပီးတော့ ဧရာဝတီမြစ်ထဲဆင်းတဲ့ သစ်သားတံတားအရှည်ကြီး တစ်ခုလဲရှိတယ်။ ရှေးရှေးတုန်းကတော့ ဒီတံတားထိပ်အိမ်လေး တစ်အိမ်မှာ “ရွှေသီ” ဆိုတဲ့ကလေးမလေးတစ်ယောက်ရှိခဲ့ဖူးတယ်။ အသက်က(၁၄)နှစ်လောက်ပဲရှိအုံးမယ်။
ရွှေသီတို့မိသားစုဟာ အလွန်ဆင်းရဲရှာတယ်။ ဒါနဲ့တစ်နေ့ ရွှေသီဟာ ဗောဓိကျောင်းဆရာတော်ထံသွားပြီး လျှောက်ပါတယ်။
“တပည့်တို့အလွန် ဆင်းရဲလှပါတယ်ဘုရား။ ဘာ့ကြောင့်များ ဒီလောက်ဆင်းရဲရတာလဲဘုရား
“အတိတ်က အလှူနည်းခဲ့လို့ပေါ့”
“ခုဘ၀လှူရင် နောင်ဘ၀ချမ်းသာမှာလားဘုရား”
“ဟုတ်တယ်၊နင်လဲချမ်းသာချင်တယ်ဆိုရင် တစ်ခုခုလှူပေါ့”
“တပည့်တော်က ဆင်းရဲလွန်းတော့ လှူစရာမရှိဘူး၊ ဘာကိုလှူရမှာလဲဘုရား”
“ရွှေသီ…..ဘုရားကိုရေလှူပေါ့”
“ဘယ်လိုလှူရမလဲဘုရား”
“ဟောဟိုမှာလေ ဧရာဝတီမြစ်ကြီးထဲမြစ်ရေတွေလေ ဘယ်သူမဆိုယူလို့ရတယ်၊၀ယ်စရာမလိုဘူး၊ ရတနာသုံးပါးကို လှူချင်တယ် ဆိုရင် မြစ်ရေတွေကို ဒီအတိုင်းသွားခပ်ပြီး လှူလို့ရတယ်”
“လှူပုံလှူနည်းပြောပါအုံးဘုရား”
“ရွှေသီ….တစ်နေ့ကို ရေဘယ်နှစ်ခါသောက်လဲ၊ တစ်နေ့သုံးခါသောက်တယ်ဆိုရင် ဘုရားရှင်အားရေသုံးခါလှူပေါ့၊ နေ့တိုင်းလှူရမယ်နော်”
ရွှေသီကစဉ်းစားတယ် ဘုရားကိုရေလှူရအောင် ငါ့အိမ်ဘုရားအဆောင်လေးတောင်မှမရှိ၊ ဆရာတော်ကျောင်းမှာတော့ ဘုရားရှိ တယ်။ မြစ်ဆိပ်ကနေ ဗောဓိကျောင်းကိုတံတားရှည်ကြီးခင်းထားတယ် ပေတစ်ရာကျော်ရှည်ပြီးမတ်စောက်လှပါတယ်။ဒါပေမဲ့ရွှေသီခမျာ ဆင်းရဲဒဏ်ကို မခံနိုင်တဲ့အတွက် သဒ္ဓါတရားအားမွေးပြီး နေ့တိုင်း မြစ်ရေကိုခပ်ကာ ရေအိုးရွက်ပြီး ကျောင်းမှာသွားလှူရပါတယ်။ ပထမတစ်ပတ်လောက် မှာ ၀ီရိယကောင်းကောင်းနဲ့ ခပ်လှူရတယ်။ တာဝန်ကြီးတစ်ခုလိုဖြစ်နေတယ်။ဒါပေမဲ့ နှစ်ပတ်သုံးပတ်ဖြစ်လာတာ့ စိတ်တွေကြည်လင်ပြီး ချမ်းသာလာတာကို ပထမဆုံးခံစားလိုက်ပါတယ်။
ဒါနဲ့ရွှေသီလေးဟာ နေ့တိုင်း ဇွဲကောင်းကောင်းနဲ့ရေလှူလာလိုက်တာ အသက်နှစ်ဆယ်အရွယ်လောက်မှာ ဆုံးပါးသွားရှာတယ်။ ဒါပေမဲ့ရွှေသီလေးဟာ မိုးတားနယ်ထဲမှာပဲ မိန်းကလေးဘ၀ပြန်ဖြစ်ခဲ့ပါတယ်။ သူ့ကိုယ်သူ လူဝင်စားဆိုတာမသိခဲ့ဘူး။ ဒီလိုနဲ့ ကိုးနှစ်သမီးအရွယ်ရောက်တော့ သူ့အမေနဲ့ ဗောဓိကျောင်းကို ဆွမ်းပို့သွားပါတယ်။ ဗောဓိကျောင်းရောက်ခါနီးမှာ ဆင်းဆင်းရဲရဲ အမေအိုကြီးတစ်ယောက်က လမ်းဖြတ်အကူး၊သူမတို့ရောက်တဲ့အချိန်နဲ့ ဆုံမိခိုက်မှာ အမေအိုကြီးက လျော့ရဲရဲတင်လာတဲ့ တဘက်မြိတ်ကို ပုခုံးပေါ်ယမ်းတင်ပါတယ်။ အဲဒီမှာ ကလေးမလေးရဲ့မျက်စိကို တဘက်မြိတ်အစွန်းနဲ့ ရိုက်မိသွားတယ် “အမလေး”လို့ ယောင်ယမ်းအော်လိုက်ပြီး တဘက်မြိတ်ကို ဆွဲမိသွားရာ သူ့စိတ်ထဲမှာ အသိထူးတစ်ခုဝင်လာတယ်။ မျက်စိနာတာကိုတောင် သတိမရဘဲ အံအားသင့်ပြီး ငိုင်နေပါတော့တယ်။
“ဒီတဘက်လေးဟာ ငါကိုယ်တိုင်လက်နဲ့ယက်ခဲ့တဲ့ တဘက်လေးပါလား” လို့ အတိတ်ဘ၀ရွှေသီအကြောင်းတွေ အကုန်လုံး မှတ်မိလာတယ်။ ကျောင်းရောက်လာတော့လဲ ဗောဓိကျောင်းဆရာတော်ကိုကြည့်လိုက်တော့ သူ့ကိုရေအလှူခိုင်းခဲ့တဲ့ဆရာတော်ကြီးပါ လားဆိုတာ သိလာရတယ်။ ဒီဘ၀မှာတော့ သူ့နာမည်က “ရွှေဥ” ဖြစ်လာပါတယ်။
ရွှေဥဘ၀မှာ စီးပွားဥစ္စာဆိုလဲလိုလေသေးမရှိ၊ ရွှေသီဘ၀က ရေလှူခဲ့တဲ့အကျိုးတွေပါ။ ဒီတုန်းက ဒေါ်ရွှေဥ ဘယ်လောက်ချမ်း သာတယ်ဆိုတာ မိုးတားနယ်ထဲက လူတိုင်းသိပါတယ်။ နောက်ပီးတစ်ခုထူးခြားတာက ရွှေဥဘ၀မှာ ဖျားတာ၊နာတာ ၊ ထိခိုင်ရှနာတာတို့ ဆိုတာ ဘယ်လိုဟာမှန်းတောင်မသိ၊ အနာရောဂါကင်းလှပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီး ဆေးဆိုလို့ လျက်ဆားတောင် မသုံးဖူးဘူး။
ဒါဟာ ရွှေသီဘ၀က ရေလှူခဲ့တဲ့အကျိုးတွေဖြစ်ပါတယ်။ (မိုးတားဦးထွန်းရှိန်ရဲ့ 'မအို၊မနာ၊သက်ရှည်ကြာ' ဆောင်းပါးမှ အကျဉ်းချုံးပြီး ဖေါ် ပြလိုက်ပါတယ်)။
“ဒါကြောင့်လဲ မင်းတို့လေးတွေ ဆင်းရဲပေမဲ့ အားမငယ်ကြနဲ့၊ အခုပြောတဲ့အကြောင်းကို သေသေချာချာမှတ်ထားနော်။ ဖြစ်နိုင်ရင် ရေအလှူကို အသက်ထက်ဆုံး လှူပေးနိုင်ပါက ပိုကောင်းတယ်။ ဘုန်းဘုန်းလဲ ဒီညနေခင်း ရန်ကုန်ပြန်တော့မို့ နောက်ဆုံးမှာချင်တာက အခုပြောတဲ့အကြောင်းလိုပဲ အချိန်ကို တန်ဖိုးရှိအောင် အသုံးချကြနော်။ အချိန်က တန်ဖိုးရှိတယ်။ မင်းတို့ငါတို့ဟာ မကြာခင် သေကြရမဲ့သူချည်းပါပဲ။ ဘုန်းဘုန်းကို အမှတ်ရတယ်ဆိုရင် ဘုန်းဘုန်းပြောတဲ့ အဆုံးအမလေးတွေကို အမှတ်ရပြီး ကိုယ်တိုင်လိုက်နာကျင့် သုံးကြဖို့ပါပဲ။”
စကားပြောပြီးအချိန်မှာ ရမည်းသင်းသွားမဲ့ ဆိုင်ကယ်တွေလဲ ရောက်နေခဲ့ပြီမို့ အားလုံးကို နှုတ်ဆက်ကာ လာရာလမ်းကို ပြန်ခဲ့ရပါတော့တယ်။ သူတို့လေးတွေရဲ့မျက်နှာများမှာ စာရေးသူကိုခွဲခွာရမှာမို့ မျက်နှာမကောင်းလှ၊ မျက်ရည်စို့ကာ ကျန်ရစ်ခဲ့ပါတော့ တယ်။ ဒီတွင်ပဲ 'အညာမြေသို့တစ်ခါက် ရောက်ခဲ့ပြန်ပေါ'့ ဆိုတဲ့ ခရီးသွားမှတ်တမ်းကို အဆုံးသတ်လိုက်ပါတယ်။
အညာမြေသို့တစ်ခေါက် ရောက်ခဲ့ပြန်ပေါ့(၄)
ဆယ်စုနှစ်ကျော်လို့ အခုတစ်ခါ ကြုံတုန်းမေးကြည့်ပါတယ် “ဟဲ့…ဒေါ်ဘုကြီး.. နင့်ယောင်္ကျားဆီ မသွားတော့ဘူးလား” ဆိုတော့ တပည့်တော် စိတ်နာလို့ မသွားတော့တာပါဘုရား။ အခုတော့လဲ သူဆုံးရှာပြီဘုရား” လို့ ပြောပါတယ်။ အော် သံသရာ့ ခရီးသည်တွေ ပဲလေ ………..ဥသြလေးအကြောင်းကနေ စလိုက်တာ မခွေးတို့ ဒေါ်ဘုတို့ အကြောင်းရောက်ကုန်တယ်။ ညနေခင်း ဒေါ်မြရင်တို့ဝိုင်းထဲမှာ အတော်ကြာကွဲကွာနေကြတဲ့သူများနဲ့ ပြန်လည်တွေ့ဆုံရတော့ ရင်ထဲကြည်နူး ၀မ်းသာမဆုံးဖြစ်ရပါတယ်။ အဲဒီအချိန်မှာပဲ အရပ်မြင့်မြင့်နဲ့ ကလေးမတစ်ယောက် စာရေးသူတို့အနားရောက်လာတယ်။ ဒေါ်မြရင်က သူမကို လက်ညိုးထိုးပြီး “အရှင်ဘုရား….သူ့ကိုသိလားဘုရား၊ တပည့်တော်မ မြေးလေဘုရား” “သိပ်သိတာပေါ့….နင် နီနီဝင်းမဟုတ်လား” ဆိုတော့
သူမက “မှန်ပါတယ်ဘုရား…တပည့်တော် နီနီဝင်းပါဘုရား၊ တပည့်တော်ငယ်ငယ်တုန်းက ဘုန်းဘုန်းကို ဆွမ်းလောင်းတာလေဘုရား”
ယခင်က နီနီဝင်းဟာ အသက်(၈)နှစ်အရွယ်ကလေးလေးပေါ့။ ဒါပေမဲ့ ကလေးနဲ့မလိုက်အောင်ပဲ အလိုက်သိတယ်၊ မိဘတွေအပေါ်မှာလဲ သိတတ်လိုက်တာ လွန်ပါလေရော။ သူ့အကြောင်းပြောချင်ပါသေးတယ်။
လွန်ခဲ့တဲ့ ၁၂ နှစ်လောက် သိုက်မြှောင်ရွာမှာ ၀ိပဿနာတရားစခန်းပွဲ လုပ်ပါတယ်။ ဒီတုန်းက ပထမအကြိမ်တရားစခန်းပွဲထင်ပါရဲ့။ စာရေးသူက တရားစခန်းဝင်နေတဲ့ ယောဂီပေါင်း ၇၀ ကျော်ကို ဆွမ်းအတွက် အခက်အခဲမရှိရလေအောင် ကိုယ်တိုင်တစ်ပါးတည်း ဆွမ်းခံ ကြွပါတယ်။ နောက်က ဒကာများလိုက်ကျတာလဲ မနဲပါဘူး။ ဆွမ်းဆိုရင် တောင်းကြီးတစ်တောင်းလောက်ရပြီး ဆွမ်းဟင်းလဲ အများကြီးရပါတယ်။ စာရေးသူ ဆွမ်းခံလာတဲ့ ထမင်းဟင်းနဲ့ဆို တရားစခန်းက နဲနဲပဲ ချက်ရပါတယ်။ အလွန်ထူးတဲ့ကုသိုလ်လို့ဆိုရပါမယ်။ ဒါကို ယနေ့ထိတိုင်အောင် တွေးရင်း ပီတိဖြစ်ရတာလဲ အကြိမ်ကြိမ်ပါပဲ။ အော်….ကြည်နူးစရာကောင်းလိုက်ပါဘိ။
တစ်နေ့ လူကြီးတွေက မနက်အစောကြီး တောထဲအလုပ်သွားကြပါတယ်။ သားသမီးများစားဖို့အတွက် ထမင်းအိုးတစ်အိုးပဲချက် ထားခဲ့တယ်။ မိဘများမရှိတော့ အိမ်မှာ အရွယ်နဲ့မလိုက်အောင် လူကြီးလုပ်နေရသူက နီနီဝင်းလေးပါ။ သူမရဲ့အတွေးက “ ဘုန်းဘုန်းလဲ မကြာခင် ဆွမ်းခံကြွလာတော့မယ်။ ဆွမ်းတစ်ခုထဲတော့ မလောင်းချင်ဘူး။ ဆွမ်းဟင်းလဲလောင်းချင်တယ်” တဲ့…ဒါနဲ့ ဟိုဟိုဒီဒီရှာကြည့် တော့ တစ်နေရာမှာ ကြက်ဥများကို တွေ့ရတယ်။ ဒါနဲ့ဝမ်းသာအားရနဲ့ မီးဖိုမှာ မီးမွှေးပြီး ဒယ်အိုးထဲ ဆီထည့်ကာ ကြက်ဥကြော်တယ်။ ပီးတယ်ဆိုရင်ပဲ သူ့ခမျာ ရေတောင်မချိုးနိုင်ပဲ ဘန်းလေးထဲမှာ ဆွမ်းကတစ်ခွက်၊ သူကိုယ်တိုင်ကြော်ထားတဲ့ ကြက်ဥကြော်ကတစ်ခွက်နဲ့ စာရေးသူ ရွာထဲ ဆွမ်းခံအလာမှာ အမီဆွမ်းလောင်းနိုင်ခဲ့တယ်လေ။
အသက်အားဖြင့် ငယ်ရွယ်လှသော်လဲ သဒ္ဓါတရားမငယ်တဲ့ နီနီဝင်းလေးအကြောင်းတွေးနေမိရာက အတွေးစဖြတ်ကာ ကြည့်လိုက်တော့ နီနီဝင်းဟာ ယခင်လိုမဟုတ်တော့ အသက် ၂၀ နှစ်ဝန်းကျင်လောက်ရှိတဲ့အပြင် အိမ်ထောင်တောင်ကျနေပါပြီ။ အဖြစ်အပျက်တွေဟာ ကြာခဲ့တယ်ဆိုပေမဲ့ မနေ့တစ်နေ့ကလိုပါပဲ။
ပြောချင်ပါသေးတယ်။ မနီနီဝင်းနဲ့ ညီအစ်မတစ်ဝမ်းကွဲတော်တဲ့ ညီအစ်မနှစ်ယောက်ရှိပါသေးတယ်။ နာမယ်က မခိုင်နဲ့ မသူ တဲ့။ သူတို့ အကြောင်းလဲ မပါရင် မပြည့်စုံနိုင်ပါဘူး။ ဘာကြောင့်ဆိုရင် သဒ္ဓါတရားအားကောင်းလွန်းလို့ပါ။ဆက်ပြောပါရစေ…..
၁၉၉၈ခုနှစ် ရမည်းသင်းမြို့နယ်၊သိုက်မြှောင်ရွာ ဒုတိယအကြိမ် ၀ိပဿနာတရားစခန်းပွဲ စတင်ပြီး နောက်တစ်ရက်မှာ ဒကာတစ်ယောက် ရောက်လာပြီး “အရှင်ဘုရား…..တပည့်တော်သမီးလေးတွေက တရားဝင်ချင်လွန်းလို့တဲ့ဘုရား၊ တပည့်တော်တို့က တောင်သူတွေဆိုတော့ အလုပ်များတယ်ဘုရား၊ အခုလဲ သမီးနှစ်ယောက်က တရားဝင်ချင်ပေမဲ့ အလုပ်မပီးသေးဘူးဘုရား အလုပ်ပီးရင် တရားလာဝင်ပါ့မယ်၊ လာလို့ရပါလားဘုရား” လျှောက်ထားတော့ “ ဒကာကြီး ရပါတယ် လာသာလာပါ”။ နောက်တစ်ရက် ဒကာမလေးနှစ်ယောက် တရားအားထုတ်ဖို့ ရောက်လာပါတယ်။ တရားစခန်းရက်ပြီးတဲ့အထိ သူတို့နှစ်ယောက်ဟာ ကြိုးစားပြီး တရားအား ထုတ်သွားကြပါတယ်။ တရားစခန်းသိမ်းပွဲပြီးတော့ သူတို့နှစ်ယောက်က စာရေးသူအား “ဘုန်းဘုန်းဘုရား….တပည့်တော်တို့ တရားစခန်း ၀င်နိုင်အောင်ဆိုပြီး တရားစခန်းမလာခင်ရက် ညတစ်ညလုံး လသာသာအောက်မှာ ပဲစင်းငုံခြွေရပါတယ်ဘုရား။ ဒီတစ်ညအလုပ်ကို ကြိုးစားလုပ်တာ ပြီးသွားပါတယ်ဘုရား။ တပည့်တော်တို့ တရေးမှမအိပ်ရသေးပဲနဲ့ တရားစခန်းဝင်ခဲ့ကြပါတယ်ဘုရား” လျှောက်ထားကြပါတယ်။
ကြားလိုက်ရတဲ့စကားကြောင့် သူတို့ရဲ့ သဒ္ဓါတရားများဟာ ရှာမှရှားတဲ့သဒ္ဓါတရားရှိသူလေးတွေပါ။ သာမန်ဆိုရင် အလုပ်ပင်ပမ်း လို့ တရားစခန်း ဘယ်လာဝင်တော့မလဲ ခုတော့ ပင်ပမ်းပေမဲ့ ဒီတရားပွဲမျိုး ကြုံခဲလို့ ခမျာများ ရတဲ့အခွင့်အရေးကို အသုံးချလိုက်တာပါ။ အော်ကံကောင်းပေစွ၊ ကံကောင်းဖို့ဆိုတာ ကိုယ်က အလုပ်ကောင်းမှ ကောင်းမှာပါ။
အညာသူတွေဆိုတော့ ပင်ပင်ပမ်းပမ်းလုပ်ကိုင်ရတာများပြီး ဆင်းရဲနွမ်းပါးကြတယ်။ ငွေကြေးတတ်နိုင်သူ အနည်းငယ်သာ ရှိပါတယ်။ ဒါနဲ့ စာရေးသူအား သံယောဇဉ်ကြီးရှာကြတဲ့ ဥသြအပါအ၀င် ကလေးမတစ်သိုက်ကို သူတို့ဘ၀တိုးတက်ရေး အကျိုးရှိအောင် ပြောမှဖြစ်မယ်။ လို့ တွေးပြီး “ဥသြ …….ဘုန်းဘုန်းပြောမယ်။ မင်းတို့လေးတွေဟာ အညာဒေသပင်ပမ်းတယ်ဆိုတာ ရိုးနေကြပီ။ အများအားဖြင့် ဆင်းရဲကြ တာများတယ်။ ဒါကြောင့် မင်းတို့လေးတွေရဲ့ဘ၀ တိုးတက်ချမ်းသာအောင် ပြောပြပေးမယ်နော်။နားထောင်ကြ ကြားလား”
လူရယ်လို့ဖြစ်လာရင် ဆင်းရဲချမ်းသာစတဲ့ လောကဓံတရား(၈)ပါးနဲ့ ရင်ဆိုင်ကြရမယ်။ ဘ၀အခြေအနေပေးလို့ ချမ်းသာတဲ့ အချို့လူများကျတော့ ဥစ္စာပေါပေမဲ့ စိတ်အလိုမကျတဲ့အတွက် စိတ်ဆင်းရဲကာ ဘ၀မှာ ပြည့်စုံမှုမရှိခဲ့ကြ။ ဘ၀အခြေအနေမပေးတဲ့အတွက် ဆင်းဆင်းရဲရဲ လုပ်ကိုင်စားသောက်ရတဲ့ သူများကျပြန်တော့ ငါဘယ်တော့မှ ချမ်းသာတော့မလဲ လို့ ချမ်းသာကို တောင့်တကြပြန်တယ်။ “လူ့အလိုနတ်မလိုက်နိုင်” ဆိုတာလိုပေါ့။
“ဥသြရေ………မင်းတို့ အညာမှာ ပင်ပမ်းစွာနဲ့ အလုပ်လုပ်ကြရတာ ငါ့မျက်မြင်ပဲ၊ တစ်ချို့ဆို အလုပ်ပင်ပမ်းပြီး အလုပ်ဒဏ်ပိပြီး လူအရုပ်တောင်မပေါက်တော့ဘူး။ စိတ်မကောင်းဘူး။ ဘယ်တတ်နိုင်မလဲ။ ဘ၀ကံဇာတ်ဆရာ အလိုကျ ကပြနေကြရတာလေ။ ဒါပေမဲ့ ကံဇာတ်ဆရာအလိုကျ ကောင်းတာလေးတွေပဲဖြစ်ချင်တယ်ဆိုရင် ဘ၀မှာ အဆင့်အတန်းမြင့်ချင်ပါတယ်ဆိုရင် ကိုယ့်ကံတရားကို ကိုယ်တိုင်ပဲ ကုသိုလ်ရအောင် ဖန်တီးတတ်ရမယ်နော်၊ ဒါကြောင့် ဘ၀မှာ ဆင်းရဲနွမ်းပါးပြီး ပင်ပမ်းကြတဲ့အတွက် ဘာမှ အားငယ်စရာ မလိုဘူး။ ဘုန်းဘုန်းပြောပြအုံးမယ်……အချိန်ရရဲ့လား” ၊
“အချိန်ရပါတယ်…အမိန့်ရှိပါဘုရား၊ တပည့်တော်တို့နားထောင်နေပါတယ်ဘုရား”
ဒီလိုနဲ့ပဲ သိုက်မြှောင်ရွာကို နေ့ဆွမ်းအမီ လာခဲ့ပါတော့တယ်။
ရွာအ၀င်လမ်းရောက်တော့ လယ်ကွင်းတွေ ထန်းတောတွေကတော့ အရင်လိုပါပဲလား။ ဒါပေမဲ့ ရွာအ၀င် လမ်းဘေးတစ် လျှောက် ယခင်ကဘာမှ မရှိတဲ့နေရာတွေမှာ အိမ်သစ်လေးတွေ ဆောက်ထားတာကို တွေ့ရပါတယ်။ ရွာအ၀င်ညာဖက်မှာတော့ တံတားကြီးလဲ ယခုတိုင်ရှိနေလေရဲ့ မိုးအခါဆိုရင် ရွာဝင်လမ်းက ရေတွေပြည့်လျှံနေတဲ့အတွက် ဒီတံတားကနေ ရွာအတွင်းဝင် ထွက် ကြရပါတယ်။
ရွာဦးစေတီတော်ကြီးမှာတော့ ယခင်က ထုံးသင်္ကန်းများနဲ့ ဖြူဖွေးနေပါတယ်။ အခုတော့ ရွှေသင်္ကန်းများဖြင့် သပ္ပါယ်လှတာကို ဖူးမြင်ရတော့ စိတ်ကြည်နူးမှုတွေဖြစ်ခဲ့ရပါတယ်။ နံနက်၁၀ နာရီနေအပူချိန်ဟာ ဆောင်းရာသီရဲ့အအေးဒါဏ်ကို အံတုမနိုင်တဲ့အတွက့် နေပူထဲ အအေးဒါဏ်လေး ခံစားရပါတယ်။ ဒီခံစားမှုလေးကတော့ ယခင်ကလည်း ခံစားခဲ့ရဖူးတော့ သိပ်မထူးခြားလှ။
ရွာရောက်တဲ့ရက်ရဲ့ ညနေဖက်မှာ စိတ်ထဲ ခုရက်ပိုင်းအတွင်းစာရေးသူသတိအရဆုံးဖြစ်နေတဲ့ ဒကာမကြီးဒေါ်မြရင်အိမ်ဝိုင်းကို သွားပါတယ်။ သူမဟာ ယခင်တရားစခန်းတွေလုပ်ခဲ့တုန်းက ဦးစီးဦးဆောင်လုပ်ခဲ့တာပါ။ ဒေါ်မြင်ရင်တို့ဝိုင်းထဲရောက်တော့ အနီးအနားက အိမ်တွေကရွာသားတွေပါ လာရောက်ကန်ကြပါတယ်။ ဒေါ်မြရင်ကတော့ အသက်(၈၀)ခန့်ရှိနေပါပြီ။ ဇရာရဲ့ဒဏ်ချက်ကို ခံစားနေရပြီပေါ့။ ဒါနဲ့ဝိုင်းထဲ စာရေးသူနဲ့အတူ ရွာသူ/သားများ အမှတ်ရဖွယ်စကားတွေနဲ့အတူ ပျော်စရာ ညနေခင်းလေးတစ်ခု ဖြစ်ခဲ့ရတယ်။
ဒီလိုစကားပြောဆိုနေတဲ့အခိုက် ကလေးတစ်ယောက်ချီကာ အသက်(၂၀)၀န်းကျင် ဒကာမလေးတစ်ယောက်က စာရေးသူအနားထိုင်ကာ စာရေးသူအား စေ့စေ့ကြည့်နေတာကို သတိထားမိတယ်။ မကြာခင်သူက စကားဆိုလာပါတယ်။ “ဘုန်းဘုန်းဘုရား………….တပည့်တော်ကို မမှတ်မိဘူးလားဘုရား…….” ပုံဖော်ကြည့်တယ် မမှတ်မိဖြစ်နေတယ်။ ရုတ်တရက် သူမက “ဘုန်းဘုန်း….တပည့်တော် ဥသြလေဘုရား” လို့ ပြောလာတော့မှ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်ကျော်တုန်းက ပထမဆုံး တရားစခန်းမှာ တရားထိုင်ခဲ့တဲ့ ကလေးတွေအများကြား အသက်(၈)နှစ်အရွယ်အေးအေးဆေးဆေးနေတတ်သူဖြစ်ပြီး တရာထိုင်ရာမှာ အငယ်ဆုံးလဲဖြစ် တဲ့အတွက် စာရေးသူက သူမတရားထိုင်နေတာကို မှတ်တမ်းတင် ဓါတ်ပုံရိုက်ထားခဲ့ပါသေးတယ်။ အတိတ်ရဲ့ မြင်ကွင်းတွေက ပန်းချီကား တစ်ချပ်နှယ် အာရုံထဲ တရေးရေးပြန်မြင်လို့လာပါတော့တယ်။
“ဟယ်….ဥသြလေး နင် ဒီအရွယ်ကြီးတောင် ဖြစ်နေပီနော်”
“မှန်ပါဘုရား…….တပည့်တော်ဘုန်းဘုန်းကို ပြန်တွေ့ရတော့မှာတောင်မဟုတ်တော့ဘူးလို့ ထင်ထားခဲ့တာဘုရား၊ အခုလို မထင်မှတ်ဘဲတွေ့လိုက်ရတော့ စိတ်ထဲ တမျိုးကြီး ၀မ်းလဲသာ ၀မ်းလဲနဲတယ်ဘုရား” မျက်ရည်ပြည့်လျှံနေတဲ့ မျက်လုံးအစုံဖြင့် စာရေးသူအား တွေတွေကြီးကြည့်ပီး ပြောနေပါတော့တယ်။ ဒီကလေးမလေးနဲ့ ဘယ်ဘ၀က ရေစက်ရယ်လို့မသိ သူမကို ငယ်ငယ်ကတည်းက သူတကာတွေထက် အသနားပိုခဲ့ရပါတယ်။
အော် သူသူငါငါ သတ္တ၀ါများဟာ ဘ၀သံသရာမှာ တစ်ဘ၀ပြီးတစ်ဘ၀ မနားမနေကျင်လည်ခဲ့ကြရတဲ့အခါ ဘ၀မျိုးစုံကြုံခဲ့ရသူ ချည်းပါပဲ။ တကယ်တမ်း ဖြစ်ခဲ့ပြီးတဲ့ ဘ၀များစွာမှာ မိခင်ဖြစ်လိုက် ဇနီးဘ၀ဖြစ်လိုက်၊ သမီးဘ၀ဖြစ်လိုက်၊ မြေးဖြစ်လိုက်နဲ့ အမျိုးမျိုးအဖုံဖုံ ဘ၀ဇာတ်ခုံမှာ ကံဇာတ်ဆရာအလိုကျ ကပြခဲ့ရတာကို သိများသိခဲ့ရင် ဒီမျက်နှာတွေကို ဘယ်လိုလုပ်ကြည့်ရဲတော့မလဲ။ မျက်နှာပူစရာ၊ရှက်စရာတွေ အပြည့်နဲ့ပေါ့။ဒါပေမဲ့ သတ္တ၀ါများကို အ၀ိဇ္ဇာဆိုတဲ့ အမှောင်ကြီးက အုပ်ထားတော့ ဘယ်ဘ၀ကဘာဖြစ်ခဲ့ တယ်ဆိုတာကို တတ်အပ်သေချာမသိရတဲ့အတွက် တော်ပါသေးရဲ့ လို့ပဲ ပြောရပေတော့မယ်။
ဒါကြောင့်ထင်ရဲ့ စာရေးသူဟာ ရေပြင်ကလုပ်လုပ်နဲ့ ၀ါးဖေါင်သစ်ဖေါင်တွေမျောလာတာမြင်ရရင် စိတ်ထဲမှာ လွမ်းသလို ကြည်နူးဆွတ်ပျံ့ ၀မ်းနဲဝမ်းသာဖြစ်ရတာ များခဲ့လှပြီး ငယ်ငယ်ကတည်းက အခုအချိန်အထိဆိုပါတော့။ ဒါဟာ ဖြစ်ခဲ့တဲ့ဘ၀တစ်ခုခုရဲ့ ပုံရိပ် ထင်ဟပ်မှုအပေါ် ခံစားမိတာပဲ ဖြစ်မှာပါ။ ဘာ့ကြောင့်ဆိုရင် စာရေးသူအပါအ၀င် သတ္တ၀ါများစွာဟာ အကြောင်းကင်းတဲ့သူရယ်လို့ မရှိခဲ့လို့ ပါပဲ။
ဒီလိုနဲ့ သိုက်မြှောင်ရွာမှာ နေတဲ့အခိုက် ဥသြလေးဟာ စာရေးသူ တည်းခိုရာကျောင်းသို့ မကြာမကြာလာပြီး ဝေယျာဝေစ္စ လုပ်ပေးပါတယ်။ တစ်နေ့နံနက် လွန်ခဲ့တဲ့ဆယ်နှစ်ကျော်က တရားအတူထိုင်ဖူးခဲ့ကြတဲ့ ဥသြတို့သူငယ်ချင်းတစ်သိုက် ကျောင်းသို့ ရောက်လာကြတယ်။ ဒီအထဲမှာ ဒေါ်ဘု လို့ခေါ်တဲ့ကလေးမလေးလဲ ပါလာတယ်။ ဒေါ်ဘု လို့သာခေါ်တာ အသက်က ငယ်ငယ်လေးရှိသေးတယ်။သူကို ရွာက ချစ်စနိုးလို့ခေါ်ကြဟန်တူပါရဲ့၊ ပီးတော့ ချစ်စနိုးခေါ်ကြတာရှိသေးတယ်။ ‘မခွေး’ တဲ့ …..
ရွာကို ရောက်စက စာရေးသူနဲ့ ခင်မင်းရင်းနှီးရတဲ့ ဒကာမတစ်ယောက်ရှိတယ်၊ နာမယ်က မခွေး၊ သူ့နာမယ်ခေါ်မေးကြည့်တော့၊ “အရှင်ဘုရား……ဒီရွာမှာ မခွေးတွေက အများသားကလား ဘယ်ကမခွေးကို ပြောတာလဲဘုရား” လို့ ဆိုတော့မှ တွေ့ချင်တဲ့မခွေး ဘယ်နားနေမှန်း မသိတဲ့အတွက် ရှာမရခဲ့ပါ၊ နောက်ပိုင်းမှတော့ တွေ့ခဲ့ရပါတယ်။ ဆိုလိုတာက အများအားဖြင့် ရွာမှာ ချစ်စနိုးနာမယ်တွေကို ခေါ်ဝေါ်သုံးစွဲတာ များပါတယ်။
ခုနင်က ဘယ်သူတဲ့ ‘ဒေါဘု’ တဲ့။ သူမအကြောင်းကလဲ စိတ်ဝင်စားစရာကောင်းလှပါတယ်။ ဘာ့ကြောင့်ဆိုရင်သူက လူဝင်စားဖြစ်နေလို့ပါ ပဲ။ လူဝင်စားဆိုတာ အတိတ်ဘ၀ကို ပြန်အမှတ်ရနေသူများကို ပြောတာပါ။ ကြုံတုန်း ‘ဒေါ်ဘု’အကြောင်းပြောချင်ပါသေးတယ်။
တစ်ခါက သိုက်မြှောင်ရွာရဲ့အရှေ့ဘကှ် ကံလှရွာဆိုတာရှိတယ်။ အဲဒီရွာမှာ ဇနီးမောင်နှံနှစ်ဦးလဲနေထိုင်ကြတယ်။ နေ့တစ်နေ့ရဲ့ ညနေခင်း မိုးတွေကလဲ သဲကြီးမဲကြီး ရွာချနေတဲ့အချိန် ဇနီးသည်ဟာ ရုတ်တရက်သေဆုံးခဲ့ပါတယ်။ အခုတော့ သိုက်မြှောင် ရွာမှာ လူလာဖြစ်တယ်။ ကလေးမငယ်ငယ်ကတည်းက အိမ်ကိုဘာမှ မပြောဘဲ အရင်ဘ၀က လင်ယောင်္ကျားရှိတဲ့ ကံလှရွာကို တစ်ယောက်ထဲ သွားခဲ့တယ်။ အဘိုးကြီးကတော့ ဘယ်သိမလဲ။ သူမကတော့ လင်ယောင်္ကျားကို ချစ်ခင်တဲ့သံယောဇဉ်နဲ့ သွားသွားနေပါတော့တယ်။ တစ်နေ့မှာ အဖိုးကြီးဆီရောက်ခိုက် အဖိုးကြီးထံက သူမ၀တ်ခဲ့တဲ့ နားကပ်ကိုတောင်းတော့ အဖိုးကြီးက ဘယ်ပေးမလဲ။ အဲဒီမှာတင် “ငါကတော့ ချစ်လိုက်ရတာ၊ သူကတော့ ငါ့အပေါ်စိမ်းကားရက်တယ်” ဆိုပြီး စိတ်အနာကြီးနာကာ ဒေါ်ဘုကြီးတစ်ယောက် အရင်ဘ၀က လင်ယောင်္ကျားရှိတဲ့ရွာကို နောင် ဘယ်တော့မှ မသွားခဲ့တော့ပါ။ (ဆက်ရန်)

0 comments:
Post a Comment