* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, January 14, 2010

အရောင်အလင်း လေးမျိုး။

အခါတပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်တွင် သီတင်းသုံးနေတော်မူ၏။ ထိုအခါ ညဥ့်တညဥ့်၏ သန်းခေါင်ယံအချိန်လောက်တွင် နတ်သားတပါးသည် မြတ်စွာဘုရားထံ လာရောက်၍ ဤသို့မေးလျှောက်သည်။

မြတ်စွာဘုရား-
လောကကြီးကို တောက်ပြောင်ထွန်းလင်းစေတတ်ကုန်သော အရောင်အလင်းတို့ကား အဘယ်မျှရှိပါကုန်သနည်း ဘုရား။ ထိုအလင်းရောင်အကြောင်းကို သိလိုပါသဖြင့် ရှင်တော်ဘုရားထံ တပည့်တော်တို့သည် လာရောက်၍ မေးလျှောက်နေခြင်း ဖြစ်ပါသည်ဘုရား-ဟု လျှောက်ထားသည်။
မြတ်စွာဘုရားက-အို နတ်သား လောက၌ အရောင်အလင်း လေးမျိုး ရှိ၏။ ဤလေးမျိုးမှ တပါး ငါးခုမြောက် အရောင်အလင်းဟူ၍ကား မရှိ။

နေမင်းသည် နေ့အခါ၌ ထွန်းလင်းတောက်ပ၏။ လမင်းသည် ညဥ့်အခါ၌ ထွန်းလင်းတောက်ပ၏။
မီးသည် နေ့ရောညပါ ထွန်းလင်းတောက်ပ၏။ ထွန်းလင်းတောက်ပသော အရောင်တို့တွင် မြတ်စွာဘုရားတည်းဟူသော အရောင်အလင်းသည် အမြတ်ဆုံးဖြစ်၏။ အသာဆုံးအရောင်အလင်း ဖြစ်၏-ဟု ဟောတော်မူသည်။

မှတ်ချက်။
မြတ်စွာဘုရားတည်းဟူသော အရောင်အလင်း ဆိုသည်မှာ-
(၁) မဂ်ဉာဏ် ဖိုလ်ဉာဏ် သဗ္ဗညုတဉာဏ်ဟူသော ဉာဏာလောက။ (ဉာဏ်တော်အလင်း)
(၂) မြတ်စွာဘုရားတွင် ကောင်းစွာဖြစ်သော ကိုယ်တော်မှထွက်သော ပီတိအလင်းသည် ပီတိအာလောက။ (ပီတိအလင်း)
(၃) မျက်စိအကြည် အရောင်အလင်း ဟူသော ပသာဒါလောက။ (ပသာဒအလင်း)
(၄) သတ္တ၀ါတို့၏ စိတ်နှလုံးမှ မောဟ အမိုက်ကို ပယ်ခွါရန် တရားဒေသနာ ဟောကြားခြင်းဟူသော ဓမ္မာလောက။ (တရားအရောင်အလင်း) ဟု ၄-မျိုးရှိသည်။ (အဋ္ဌကထာ-ဋီကာ)

(သဂါထာဝဂ္ဂသံယုတ် ဒေ၀တာသံယုတ် သတ္တိဝဂ် ပဇ္ဇောတသုတ် ပါဠိတော် အဋ္ဌကထာနှင့် ဋီကာ)

( ဦးငွေအောင်မွန်)
(မြတ်မင်္ဂလာ ၂၀၀၃-ခု ဧပြီလ)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP