* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, January 14, 2010

နာမ် နှစ်ခု ရဲ့အဓိပ္ပါယ်မရှင်းပါ

အမေး။ ။အရှင်ဘုရား…မြန်မာစာအသုံးအနှုန်းမှာ နာမ်ဆိုတာ သက်ရှိ၊ သက်မဲ့၊ ဒြပ်ရှိ၊ ဒြပ်မဲ့၊ အမည်ဟူသမျှကို ‘နာမ်’ လို့ခေါ်ပါတယ်လို့ သင်ရပါ တယ်ဘုရား။ ဒီဘက် ဘာသာရေးမှာကျတော့ နာမ်ဆိုတာ စိတ်+စေတသိက် လို့ ခေါ်တာလားဘုရား။ အဓိပ္ပါယ် နှစ်မျိုးကို ဝေါဟာရတစ်မျိုးတည်း သတ်မှတ်ထားတာဟာ မသိတဲ့သူတွေအတွက် နားမရှင်းစရာ ဖြစ်ရပါတယ်။ ဒီအတွက် အဖြေပေးတော်မူပါဘုရား။
အောင်မော်ဟိန်း
ရန်ကုန်

အဖြေ။ ။ ပါဠိတစ်ချက် အနက်ဆယ်ထွေ ဆိုတဲ့အတိုင်း အချို့ပါဠိဝေါဟာရတွေဟာ အဓိပ္ပါယ်ဆယ်ခုထွက်တယ်ဆိုတာရှိပါတယ်။ အဓိပ္ပါယ်များတဲ့ ပါဠိဝေါဟာရတစ်ခုကို သုံးတဲ့နေရာမှာ သူ့နေရာနဲ့သူ သုံးတတ်ဖို့၊ ဖတ်တဲ့သူကလဲ ဒီဝေါဟာရက ဘာကို ဆိုလို တာလဲဆိုတာ သူ့ရဲ့ စာကြောင်းကိုကြည့်ပြီးသိဖို့လိုပါတယ်။ တစ်ခါတစ်ရံ ဒဿနဆန်ဆန်တွေးတယ်ဆိုတဲ့နေရာမှာ လိုတာထက်ပို တွေးရင်လဲ အဖြေရှာမရဖြစ်တတ်ပါ တယ်။ ဆိုကြပါစို့…. ဘုရားရှင်သည် သစ္စတရားကို ဟောတော်မူသည် ။ မောင်သစ္စာသည် အိမ်စာလုပ်နေသည်။ ဒီဝါကျနှစ်ခုကို ကြည့်ပါ ပထမ၀ါကျမှ သစ္စာ က သစ္စာလေးပါးကို ပြောတာပါ။ ဒုတိယသစ္စက မောင်သစ္စာဆိုတဲ့ လူရဲ့နာမည်ကို ပြောတာပါ။
မေးခွန်းရှင်ပြောတဲ့အတိုင်းဆိုရင် မောင်သစ္စာ မှာပါတဲ့ သစ္စာဟာ သစ္စာတရားကိုပြောတာလားလို့ ဘယ်သူမှ တွေးမှာလဲမဟုတ်ပါဘူး။ ဒီလိုပါပဲ…သစ္စာလေးပါးမှာပါတဲ့ သစ္စာဟာ မောင်သစ္စာလားလို့ ဘယ်သူမှ မထင်ပါဘူး။ အခုလဲ စာပေနယ်က နာမ်ကိုဟောတာနဲ့ ဓမ္မ ဘက်က ဟောတဲ့ နာမ်တရားဟာ မတူပါဘူး။ စာပေက အမည်နာမကို နာမ် ။ ဓမ္မက အာရုံကိုသိတတ်တာကို နာမ် မတူပါဘူး။ သူ့နေရာနဲ့သူ အဓိပ္ပါယ်ယူ တတ်ဖို့ အရေးကြီးပါတယ်။ ရှင်းတာကို ရှုပ်အောင်မလုပ်မိဖို့ အရေးကြီးပါတယ်။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP