* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, January 2, 2010

ကပ္ပိကျော်ခေါင် နှင့် ပြောမယုံ ကြုံမှသိ

Friday, January 1, 2010

”ပြောကို မပြောချင်တော့ဘူး ‘‘ဟူသော စကားဖြင့် နိဒါန်းပျိုးလာသောသူသည်ကား၊ တကယ်ပင်လျှင် သူပြောတော့မည်မှာ ဧကန်မုချဖြစ်ပေသည်၊ အလိုက်ကန်းဆိုးမသိပဲ ”မပြောချင်လျှင်လည်း ပြောမနေ ပါနဲ့တော့‘‘ဟု တားမြစ်မိလျှုင်ကား သင်သည် အလွန်လူကဲခပ်ညံ့သူ တစ်ယောက် ဖြစ်သွား ပေလိမ့်မည်။ ယခုလည်းကြည့်..ကပ္ပိယကျော်ခေါင် တစ်ယောက် ”ပြောကို မပြောချင်တော့ဘူုး‘‘ဟူ၍ အစပျိုးပြီးလျှင် သူသိခဲ့ သမျှ ဖြစ်ကြောင်းကုန်စင်ကို အိပ်သွန် ဖာမှောက် အကုန်ပြောနေလေတော့၏၊ ပြောမည်ဆိုလည်း ပြောစရာပင်။
ကပ္ပိယကျော်ခေါင်သည် ကြေးစငွေစလေးများ အနည်းငယ်စုမိထားသဖြင့်၊ ထိုင်းနိုင်ငံဖက်သို့ မတော် တဆ အလည်အပတ်ရောက်ရှိခဲ့ဖူးလေသည်၊ ကပ္ပိယကျော်ခေါင် ထိုင်းနိုင်ငံသို့ရောက်ရှိခဲ့စဉ်က တိုက်တိုက် ဆိုင်ဆိုင် ပင် ပီမိန်(ခေါ်) Happy New Year(ခေါ်) နစ်သစ်နှင့် ကြက်ကန်း ဆန်အိုးတိုး တိုးမိခဲ့လေသည်၊ ကပ္ပိယကျော်ခေါင်သည်ကား ဘုန်းကြီးကျောင်းထွက် ဖြစ်သည်အားလျှော်စွာ၊ ဟိုတယ်တွင် တည်းချင် ခိုချင် သော ဆန္ဒမရှိသဖြင့်၊ ရွာဦးကျောင်းဆရာတော်၏ အဆက်အသွယ် ပေးမှူကြောင့် မြန်မာကျောင်းသား ရဟန်းတော် များ သီတင်းသုံးရာ ဝပ်တလုမ်ကျောင်း၌ တည်းခိုခွင့်ရ လေသည်။
နစ်သစ်အချိန်အခါသည်ကား ထိုင်းနိုင်ငံတွင် ၃/၄ ရက်ခန့် အလုပ်များပိတ်လေ့ရှိသဖြင့်၊ မြန်မာရွေ့ပြောင်း အလုပ်သမားများ၏၊ ဒုရေးသုရေး စသည့် ကိစ္စအဝဝများကို အလုအယက် ပြုလုပ်ရလေသည်၊ ထို့နေ့ကလည်း ဦးဇင်းလေး သုံးပါးကို မင်္ဂလာဆောင်တစ်ခုမှ မင်္ဂလာဆွမ်းစားပင့်ထားသည်ဟု ဆိုကာ၊ နံနှက်ကိုးနာရီခွဲလောက် ကတည်းက သင်္ကန်းများ တစ်ပြင်ပြင်ဖြင့် ကြွရမည့်အချိန်ကို စောင့်ဆိုင်းနေကြသည်ကို အကျွန်ုပ် ကပ္ပိယကျော်ခေါင် သတိထားမိလေသည်။ သို့သော် ဆယ်နာရီ ထိုးသွားသည့်တိုင်အောင် ကြွသွားခြင်း မရှိသေးပေ၊ ထို့နောက် ဆယ့်တစ်နာရီး ထိုးပြန်ပါလေပြီ၊ ဦးဇင်းလေးများမှာကား ဂနာမငြိမ်နိုင်တော့ပေ၊ သူတို့၏ လက်ကိုင်ဖုန်းလေးများဖြင့် ပွစိပွစိပြောနေသည်ကို တွေ့ရပြန်သည်၊ ခနအကြာတွင် အသင့်ရုံထားသော သင်္ကန်း များကို ပြန်လည်ကာဖြေကြပြီး မိမိတို့နေရာတွင်ပင် ပက်လက်လှန်ပြီး စိတ်ပျက်လက်ပျက် အိမ်နေကြလေတော့ သည်၊ ၄င်းကောင်း အခြင်းအရာကို မြင်သောအခါ ဆာပုလင်းနှင်းမောင်နှင့် စုံထောက်ကြီးဦးစံရှားတင်တို့၏ စုံထောက်ပညာများကို တစ်ဖက်ကမ်းခပ်လေ့လာထားသော အကျွန်ုပ်ကပ္ပိယကျော်ခေါင်သည်လည်း ဝါသနာ အရ မနေနိုင်မထိုင်နိုင်ဖြစ်ကာ သွားရောက် စပ်စုကြည့်မိလေတော့သည်။
အကြောင်းစုံကိုသိရသည်မှာ အောက်ပါအတိုင်း ဖြစ်လေ၏၊ မင်္ဂလာဆောင်ခါနီး ဆဲဆဲတွင်မှ ၄င်းသတိုးသားနဲ့  သဘောမတူနိုင်ဟုဆိုကာ သတိုးသမီးအား သူမ၏ အဒေါ်ဖြစ်သူမှ လာရောက်ခေါ်ဆောင် သွားသောကြောင့် ဖြစ်သည် ဟူ၍ သိရှိရလေတော့သည်။
သွားလေသူ စာရေးဆရာ နှင့် ရုပ်ရှင်ဒါရိတ်တာကြီး ဘဘဦးသုခ သည်သာ အောက်ပါအမည်ကို အကယ်၍ မသုံးစွဲခဲ့ဘူးဆိုလျှင် အကျွန်ုပ်ကပ္ပိကျော်ခေါင် သည်၊ ”ရဟန်း မစားရသော ဆွမ်းတစ်နပ်‘‘ဟူ၍ အမည်တပ်မိ မည်မှာ မြေကြီးလက်ခတ် မလွဲနိုင်တော့သတည်း။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP