*2010 အဖွင့်*

၂၀၀၉-ခုနှစ်ဟောင်းကုန်ဆုံးပြီး ၂၀၁၀- နှစ်သစ်သို့ရောက်ရှိလာပြီဖြစ်ပါတယ်။နှစ်သစ်ကိုဘယ်
လိုကြိုဆိုကြလဲ။နှစ်သစ်ကို ရှန်ပိန်သောက်ပြီး ကြိုဆိုရမှာလား။ပျော်ပွဲ ရွင်ပွဲတွေနဲ့ သရုပ်ပျက်စွာ
ကြိုဆိုရမှာလား၊မလုပ်နဲ့လိုတော့ မဆိုလိုပါဘူး။ပုထုဇဉ် လူသားတွေဘဲ။လူအမျိုးမျိုး စိတ်အထွေ
ထွေရှိကြတာဘဲ။ဒါပေမယ့် အဲဒီလိုပျော်ရွင်မှုတွေကိုသာယာယစ်မူးပြီနှစ်သစ်မှာမဆင်မခြင်လုပ်
မိလို့မဖြစ်သင့်တာတွေ ဖြစ်ကုန်ကြရင်ဘာမှအကျိုးမရှိဘဲရခဲလှတဲ့ လူ့ဘ၀ကို ဆုံးရှုံးရမှာဖြစ်ပါ
တယ်။ကျွန်တော်တို့ကမြန်မာလူမျိုးဗုဒ္ဓဘာသာဝင်တွေပါ။အနောက်တိုင်းနဲ့တော့ဘယ်လိုမှယှဉ်
လို့မရပါဘူး။သူ့လူမျိုး၊ သူဒေသ၊ သူ့စရိုက်တော့ ရှိတာပါဘဲ။သူတို့ လုပ်တိုင်း ကိုယ်လိုက် လုပ်ရင်
ကိုယ်မြန်မာယဉ်ကျေးမှုတွေတဖြည်းဖြည်းနဲ့ပျောက်ပျက်ပြီး တိုင်းတစ်ပါးယဉ်ကျေးမှုတွေဖုံးလွမ်း
သွားမှာပါ။နှစ်သစ်ကိုကြိုဆိုတာအနောက်တိုင်းယဉ်ကျေးမှုပါ။ကျွန်တော်တို့မြန်မာမှာနှစ်သစ်ကို
ကြိုဆိုတာအတာ သင်္ကြန်ဆိုတဲ့အေးမြတဲ့ရေတွေနဲ့ယဉ်ကျေးပူငှာစွာရေကစားပြီး၊သက်ကြီးရွယ်
အို၊မိဘ၊ဆရာသမားများကိုပူဇော်ကန်တော့ကြတာတကယ့်ကို မွန်မြတ်တဲ့နှစ်သစ်မင်္ဂလာကိုကြို
ဆိုခြင်းပဲဖြစ်ပါတယ်။
နှစ်သစ် ရောက်ပြီဆိုတော့ သေဖို့ တစ်နှစ်နီးလာပြီဆိုတာကိုလည်း သတိပြု ဆင်ခြင်သင့် လှပါ
တယ်။နှစ်သစ်ရဲ့ အစမှာ ဘယ်လိုခြေလှမ်းတွေနဲ့ ဘ၀ခရီးလမ်းကိုစတင်လျောက်လှမ်းကြမလဲ။
ဘာတွေလုပ်ကြမလဲ။သေဖို့တစ်နှစ်နီးလာပြီဆိုတော့ကိုယ်နောက်ကိုဘာတွေပါအောင်စုဆောင်း
ထားကြပြီလဲဆိုတာကိုပြန်လည် စဉ်းစားဆင်ခြင်သင့်ပါတယ်။ကျွန်တော်တို့ တစ်နှစ်အသက်ကြီး
လာတော့ကိုယ်နဲ့ရွယ်တူတွေရော၊အသက်ကြီးသူ၊ငယ်သူတွေပါနေ့စဉ်နဲ့အမျှသေနေကြတာမြင်
တွေ့နေကြရသော်လည်းသေခြင်းတရားကငါနဲ့မဆိုင်သလိုသဘောထားပြီးငါတစ်နေ့နာရမှာ၊အို
ရမှာ၊သေရမှာကိုမေ့လျော့ပြီးနေကြတယ်။တစ်ချို့တွေကမသေခင်လေးတော့ပျော်ပျော်နေလိုက်
မယ်၊စားမယ့်သောက်မယ်၊ပျော်မယ်၊ပါးမယ်ဆိုပြီးရခဲလှတဲ့လူ့ဘ၀ကိုအလဟဿဖြုန်းတီးနေကြ
တယ်။အဲဒီလိုအတွေးတွေနဲ့ ကျန်းမာနေတုန်း ငယ်တုန်းရွယ်တုန်း အချိန်မှာ သူ့အသတ်ကိုသတ်၊
သူ့ဥစ္စာကိုခိုး၊သူ့သားမယားကိုစော်ကားဖောက်ပြား၊မဟုတ်မမှန်တာတွေကိုအဟုတ်အမှန်လို့လိမ်
လည်ပြောဆို၊အရက်သေစာသောက်ပြီးပျော်မြူးနေကြပြီးသေခြင်းတရားကိုမေ့၍လူ့တန်းဖိုးတွေ
ကိုကျဆင်းအောင်ပြုလုပ်နေကြခြင်းဖြင့် တန်ဖိုးရှိလှတဲ့လူ့ဘ၀ကိုအလဟဿဖြုန်းတီးနေကြခြင်း
ဘဲဖြစ်ပါတယ်။ဘာတွေကိုဘဲလုပ်နေနေ ကိုယ်လုပ်သမျှ ကိုယ်ဘဲ ခံရမှာဖြစ်ပါတယ်။သရက်ပင်
စိုက်ရင် သရက်သီး စားရမှာဖြစ်သလို၊တမာပင်စိုက်ရင် တမာသီးဘဲ စားရမှာဘဲဖြစ်ပါတယ်။
ကောင်းတာခံစားခြင်းရင်တော့ကောင်းတဲ့မျိုးကောင်း မျိုးသန့်တွေကိုစိုက်ပျိုးရမှာဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့နှစ်သစ်မှာပြောချင်တာကတော့နှစ်ဟောင်းလည်းကုန်၊နှစ်သစ်လည်းရောက်ပြီ
ဆိုတော့ အသက်လည်း တစ်နှစ်ကြီးလာပြီးသေဖို့ တစ်နှစ်နီးလာပြီဆိုတာကို သတိပြုဆင်ခြင်ပြီး
ရှေ့ဆက်ရမယ့် ဘ၀ခရီးလမ်းမှာကျန်နေသေးသမျှဘ၀သက်တမ်းလေးမှာအကောင်းဆုံးလုပ်ပြီး
မိဘဆွေမျိုးအသိုင်းအ၀ိုင်းတွေရဲ့အကျိုးကိုထမ်းဆောင်နိုင်သော၊ သာသနာအကျိုး၊တိုင်းပြည်အ
ကျိုးကိုထမ်းဆောင်နိုင်သောသားကောင်း၊သမီးကောင်းရတနာလေးများဖြစ်အောင်တန်ဖိုးရှိတဲ့
လူ့ဘ၀မှာ အဖိုးတန် လူသားတစ်ယောက်ဖြစ်အောင်ကြိုးစားကြပါစို့လို့ပြောကြားရင်းနှစ်သစ်ကို
ကြိုဆိုလိုက်ပါတယ်ခင်ဗျာ။
ဓမ္မမိတ်ဆွေ သူတော်ကောင်းအပေါင်းတို့ မင်္ဂလာရှိသော နှစ်သစ်မှာ ပျော်ရွင်စရာဘ၀ခရီးလမ်း လေးကိုလျှောက်လှမ်းနိုင်ကြပါစေ။

0 comments:
Post a Comment