* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, December 27, 2009

သတိၿမဲစြာ ပထမာ (၄)


ရုပ်ပုံနံပါတ် ၆-တွင် ပြဆိုခဲ့သော ဓမ္မရောင်ခြည်ခေါ် အာနာပါနသမထသမာဓိလေအာရုံဟူသော ဥဂ္ဂဟနိမိတ်ထူးကို ရလာရခြင်း၊ ပေါ်ထွက်လာရခြင်းသည် အားထုတ်သူယောဂီပုဂ္ဂိုလ်၏ ပါရမီထူးကြောင့် ဖြစ်ပေသည်။ ထိုပါမောဇ္ဖ(ကျေနပ်ဝမ်းမြောက်ခြင်း) ပေါ်လုနီးသောအခါ မနေမနားကြိုးစားလိုသောစိတ်၊ မဖြစ်မနေ မလျှော့တန်း အားထုတ်လိုသော ၀ီရိယ၊ သတိ၊ သမာဓိမဂ္ဂင်တို့ ခိုင်မြဲစွာတည်လာမှုကိုပင်

အဋ္ဌကထာ၌ ကုသလစ္ဆန္ဒ၊ ဆန္ဒာဝသာကာရဟူ၍ ပြဆိုတော်မူကြသည်။
ထိုဆန္ဒ၊ ပါမောဇ္ဖအခြင်းအရာများကား ဤနံပါတ် ၇-ပုံအတိုင်း မိမိ၏ နှာခေါင်း ကြီး၍ ခွက်တောင်းပြည်တောင်း၊ အုန်းသီးခန့် ကြီး၍ဖု၍လာသည်ဟုလည်း ထင်မြင်တတ်ကြသည်။ ရှေ့သို့ တစ်ထွာတစ်တောင်ခန့် ကြီးလာသည်ဟုလည်း ထင်လာတတ်ကြသည်။ လွှဆွဲသကဲ့သို့ ပုခတ်လွှဲနေသကဲ့သို့ စသည်ဖြင့် အမျိုးမျိုးအဖုံဖုံ မိမိ၏နှာခေါင်း၌ ထင်လာတတ်ကြသည်။ ဤကားဆန္ဒာဝသာကာရလိုက်၍ ဖြစ်ပေါ်နေခြင်းသာဖြစ်သည်ဟု အဋ္ဌကထာ၌ ပြဆိုထားသည်။

ထိုအခြင်းအရာများကို အထူးဂရုပြု၍ မှတ်သင့်ပါသည်။ ဆန္ဒပြင်းထန်နေသော ယောဂီပုဂ္ဂိုလ်သူမြတ်သည် ထွက်လေနှင့်ဝင်လေတို့ အထူးသဖြင့် သန့်ရှင်းလာပြီး ရေတွက်၍ မှတ်ရာတွင်လည်း အမြဲတမ်းသတိမလွတ်ဖြစ်လာလျှက် အရှုအရှိုက်အထုတ်အသွင်းတို့ ညင်သာသိမ်မွေ့လာတတ်ပါသည်။
ကောင်းကင်ယံတွင် ပန်းဆိုင်းဆွဲထားသကဲ့သို့ မိမိ၏ခန္ဓာကိုယ်ကြီးမှာ ကောင်းကင်ပျံတက်နေသကဲ့သို့ထင်မှတ်ကာ တစ်နေကုန်ထိုင်၍ ရှုမှတ်နေရသော်လည်း ညောင်းခြင်း၊ ကိုက်ခဲခြင်းအလျဉ်းမရှိ၊ ဆာလောင်မွတ်သိပ်ခြင်းအလျဉ်းမရှိ၊ မပင်မပန်းမနွမ်းမနယ် အားထုတ်၍ မွေ့လျော်လာတော့သည်။ ကာယလဟုတာ (ကိုယ်ခန္ဓာပေါ့ပါးခြင်း)၊ စိတ္တလဟုတာ (စိတ်ပေါ့ပါးခြင်း)၊ ကာယမုဒုတာ (ကိုယ်ခန္ဓာနူးညံ့ခြင်း)၊ စိတ္တမုဒုတာ (စိတ်နူးညံ့ခြင်း)၊ ကာယကမ္မညတာစိတ္တကမ္မညတာ (ကိုယ်အမှု၊ စိတ်အမှုတို့၌ လွယ်ကူစွာစွမ်းနိုင်ခြင်း)ဟူသော အခြေအနေတို့ ဖြစ်ပေါ်နေခြင်း ဖြစ်ပါသည်။

ဤသည်တို့မှာ အာနာပါနဘာဝနာ၏ ကုသလစ္ဆန္ဒခေါ် ဆန္ဒာဝသာကာရလိုက်ခြင်းတို့၏ အကျိုးတရားများပင် ဖြစ်ပါသည်။

ပါမောဇ္ဖ၀သာကာရ၏အကျိုးတရားဖြစ်သော အလင်းကွက်၊ အလင်းတန်းတို့သည် ပေါ်တစ်လှည့်၊ ပျောက်တစ်လှည့်သာ ဖြစ်နေပေလိမ့်မည်။ ထိုကဲ့သို့ ဖြစ်နေသေးလျှင် ထပ်ကာထပ်ကာ မနေမနား အားထုတ်သင့်ပါသည်။ တစ်ချက်မှိတ်၊ တစ်ချက်ရှု၊ တစ်ချက်ပေါ်နှင့် ကောက်လိုက်တိုင်း ကောက်လိုက်တိုင်း မြင်ထင်နေသော လေနိမိတ်စွဲထင်လာတော့သည်ကိုပင် သတိမြဲစွာ ပထမာဟု ဆိုလိုရင်း ဖြစ်ပါတော့သည်။
အထက်တွင် ပြဆိုခဲ့သော ဆန္ဒ၊ ပါမောဇ္ဖအခြင်းအရာများသို့ မသက်မူ၍ ကိုယ်ခန္ဓာကြီး လေးလံထိုင်းမှိုင်းလာသကဲ့သို့လည်းကောင်း၊ အသက်ရှုကျပ်ကာ မောပန်းလာသကဲ့သို့လည်းကောင်း၊ မိမိထိုင်နေသော အခင်း၊ ဖျာတို့ တွန်လိမ်လာသကဲ့သို့လည်းကောင်း၊ မြေကြီးကြမ်းပြင်တို့သည် ညွတ်ကုန် ကြိတ်ကြိတ်မြည်ကုန်သကဲ့သို့လည်းကောင်း ထင်မြင်လာလျှင် နိမိတ်မရဘဲ ကြာနေတတ်ပါသည်။ အခြင်းအရာ မဖက်သူဟု ဆိုပါသည်။ မဉ္ဖပိဋ္ဌံ သြဏမတိ၊ ၀ိကူဇတိဟု အဋ္ဌကထာပြလိုရင်း စကားတော်ဖြစ်ပါသည်။



ဤနံပါတ် ၈-ရုပ်ပုံသည် သတိမြဲပြီး အခြင်းအရာနှစ်ပါး (ဆန္ဒ၊ ပါမောဇ္ဖ)ဖြစ်လာပြီးသော ယောဂီတို့သည် မိမိရအပ်သော လေတန်းလေချောင်းဟူသော ဥဂ္ဂဟအထူးကို တစ်ထပ်တည်း တစ်ချက်တည်း ပိုင်ပိုင်နိုင်နိုင် နိုင်နင်းစွာ အားထုတ်လေ့လာပွားများ၍ နေပုံဖြစ်ပါသည်။

အထူးမှာ နိုင်နင်းပိုင်နိုင်ပြီဟု သေချာကျနသိပြီးသောအခါ တစ်ခါတစ်ရံ ရှေ့သို့ တစ်ထွာခန့်၊ တစ်ပေခန့်၊ တစ်တောင်ခန့်၊ တစ်လံခန့် မှုတ်အပ်၊ ရှိုက်အပ်၊ လေ့လာအားထုတ်သင့်ပါသည်။ ထိုကဲ့သို့ အားထုတရှုမှတ်ရာတွင် မိမိစိတ်က ရှေ့မှပြေးစေ ပြန်လာစေပြီးမှ စိတ်နှင့်တစ်ထပ်တည်းသော လေနိမိတ်တန်းကိုလည်း ပြေးစေပြန်စေအောင် အားထုတ်ရမည်။ သို့မှသာ လွယ်ကူမည်ကို အထူးသတိပြုသင့်ပါသည်။

သဘောတရားကို သေချာနားမလည်ကြသော အချို့ယောဂီများမှာ မိမိစိတ်က ပြေးစေရန် ပြန်စေရန် လုံ့လမပြုရဘဲ မိမိရသော အလင်းနိမိတ်ကိုသာ ပြေးစေရန် ပြန်စေရန် ရှုမှတ်ကြသည်။ ထိုကဲ့သို့ ရှုမှတ်ရာတွင် နိမိတ်တန်းမှာ မိမိလိုသလို မပြေး မပြန်ရှိနေသဖြင့် စိတ်ပျက်ပြီး ဆရာထံလာ၍ ပြောတတ်ကြသည်။ သတိပြုသင့်ပါသည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP