* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, December 27, 2009

*လောကီလူ့ဘောင်အတွက်အလိုအပ်ဆုံး*


ကျွန်တော်ဖတ်လိုက်ရသောဆရာတော်ဦးဇောတိကရဲ့“ချီးမွမ်းခြင်း၊ကဲ့ရဲ့ခြင်း”စာအုပ်မှ“အကောင်းဆုံး
ကိုလုပ်မယ်”ဆိုတဲ့ခေါင်းစဉ်လေးကိုကြိုက်နှစ်သက်လို့ကောက်နုက်ဖော်ပြလိုက်ခြင်းဖြစ်ပါသည်။
““ကိုယ့်ဘ၀မှာ principle တစ်ခုရှိထားဖို့လိုတယ်။ မူတစ်ခုရှိဖို့လိုတယ်။မူတစ်ခု မရှိတဲ့ လူဟာကောင်း
ချင်တဲ့အခါကောင်းတယ်၊မကောင်းချင်တဲ့အခါမကောင်းဘူး။သူ့စိတ်က အခုတစ်မျိုးတော်ကြာတစ်မျိုး
ပြောင်းသွားမှာပဲ။ဒါကြောင့်ငါ့ဘ၀မှာဘယ်လိုမှုရှိသလဲ။ဘယ်လိုprinciple ရှိလဲလို့ကိုယ့်ကိုယ်ကိုမေးပါ။
“ဘယ်လိုအခြေအနေမျိုးနဲ့ကြုံရကြုံရအတတ်နိုင်ဆုံးကောင်းတာ၊မှန်တာကိုလုပ်မယ်”ဆိုတဲ့မူကိုထား
နိုင်ဖို့လိုတယ်။မိသားစုရေးမှာပဲဖြစ်ဖြစ်၊စီးပွားရေးမှာပဲဖြစ်ဖြစ်၊အဖွဲ့အစည်းကိစ္စမှာပဲဖြစ်ဖြစ်၊“အကောင်း
ဆုံးကိုလုပ်မယ်ဆိုတဲ့”မူကိုထားနိုင်ရမယ်။ဒီမူဟာကိုယ့်ဘ၀ရဲ့မဏ္ဍိုင်ဖြစ်ရမယ်။“အကောင်းဆုံးကိုလုပ်
မယ်”ဆိုတဲ့မူရှိရင် မှားသွားတာကို မဖုံးကွယ်ဘူး။ဝန်ခံနိုင်တယ်။ပြုပြင်နိုင်တယ်။အမှားကိုထောက်ပြရင်
စိတ်မဆိုးဘူး။ပွင့်ပွင့်လင်းလင်းပြောတာကိုလက်ခံနိုင်တယ်။တိုင်တိုင်ပင်ပင်လုပ်ရမှာကိုဝန်မလေးဘူး။
လှည့်စားမှုတွေမရိုးသားမှုတွေဟာရေရှည်မှာအဆင်မပြေမှုအမျိုးမျိုးကိုဖြစ်စေတယ်။ဒါကြောင့်ရိုးသား
မှုကိုမူအဖြစ်နဲ့ထားရမယ်။
Honesty is the best policy.
“ရိုးသားမှုဟာအကောင်းဆုံးမူဖြစ်တယ်”လို့ဖတ်ဖူးတယ်။
ရိုးသားမှုမရှိရင်ယုံကြည်မှုကိုမရနိုင်ဘူး။ယုံကြည်မှုကိုမရရင်ရေရှည်မှာအောင်မြင်မှုကိုမရနိုင်ဘူး။ဘွဲ့ကြီး
ကြီးရှိရုံနဲ့အများအကျိုးကို ထိထိရောက်ရောက် မဆောင်ရွက်နိုင်ဘူး။မှန်ကန်တဲ့ ခိုင်မာတဲ့ မူကိုအခြေခံ
ထားမှသာစိတ်ဓာတ်အင်အားကြီးမားတဲ့သူဖြစ်မယ်။အဆင့်မြင့်တဲ့ခံယူချက်ရှိမှ၊ပြတ်သားတဲ့မူရှိမှ၊ရိုး
သားမှုရှိမှ၊အများအကျိုးကိုထိထိရောက်ရောက်ဆောင်ရွက်နိုင်မယ်။ဒါမှလည်းခေါင်းဆောင်ကောင်းဖြစ်
မယ်။
Without honesty there is no growth.
ရိုးသားမှုမရှိရင်တိုးတက်မှုကြီးပွားမှုမရှိဘူး။
Without honesty there is no freedom.
ရိုးသားမှုမရှိရင်လွတ်လပ်မှုမရှိဘူး။
Without honesty nothing is real.
ရိုးသားမှုမရှိရင်ဘယ်ဟာမှအစစ်အမှန်မဟုတ်တော့ဘူး။
Without honesty nothing is.
ရိုးသားမှုမရှိရင်ဘာမှမရှိတော့ဘူး။””
ဒါကြောင့်ကျွန်တော်တို့ဟာဘ၀မှာဘယ်အလုပ်ကိုဘဲလုပ်လုပ်ရိုးသားမှုရှိစွာနဲ့လုပ်နိုင်ရပါမယ်။သူဘက်
ကမရိုးသားလို့ဆိုပြီးကိုယ်ကပါလိုက်ပြီးတော့မရိုးသားစွာကျင့်သုံးရင်ကိုယ်အပေါ်လူအများယုံကြည်မှု
ကင်းမဲ့သွားမှာဖြစ်ပါတယ်။ရိုးသားတဲ့ လူကို လူတိုင်းကချစ်မြတ်နိုးပြီးတန်ဖိုးထားတတ်ပါတယ်။ကိုယ်မှာ
စည်းစိမ်ဥစ္စာနဲ့ပညာတွေဘယ်လောက်ဘဲပြည့်စုံနေပါစေရိုးသားမှုမရှိရင်တော့လူအများရဲ့ယုံကြည်မှု
ကင်းမဲ့သွားမှာဖြစ်ပါတယ်။လောကီလူ့ဘောင်မှာနေထိုင်လုပ်ကိုင်နေသမျှပတ်လုံးလူအများရဲ့ယုံကြည်
မှုရမှသာကိုယ်လျောက်ချင်တဲ့လမ်း၊ကိုယ်လုပ်ချင်တဲ့ရည်မှန်းချက်များကိုအောင်မြင်အောင်ဆောင်ရွက်
နိုင်မှာဖြစ်ပါတယ်။
ဥပမာ-ကိုယ်ကလုပ်ငန်းကြီးတစ်ခုကိုလုပ်ချင်လို့ငွေလိုအပ်နေတယ်ဆိုပါစို့ဗျာ။အဲဒီအခါမှာ ကိုယ်ကရိုး
သားမှုမရှိဘူး၊လိမ်လည်တတ်တယ်ဆိုတာကိုသိနေရင်ဘယ်လိုလုပ်ပြီးအဆင်ပြေနိုင်တော့မလဲဗျာ။ထို
နည်းတူစွာ အခြားသော လူမှုရေးလုပ်ငန်းများတွင်လည်း ရိုးသားစွာ ကြိုးစားလုပ်ကိုင်သူကိုသာပတ်ဝန်း
ကျင်ကလေးစားအားကိုးမှာဖြစ်ပါတယ်။ထို့ကြောင့်ဘ၀မှာရွေ၊ငွေစည်းစိမ်တွေမရှိလည်းနေထိုင်လို့ရ
ပါတယ်၊ဒါပေမယ့်ရိုးသားမှုမရှိရင်ဘယ်လိုမှရပ်တည်ဖို့မဖြစ်နိုင်ပါဘူးဗျာ။
ထို့ကြောင့်ဘ၀မှာအလိုအပ်ဆုံးကရိုးသားစွာနေထိုင်လုပ်ကိုင်စားသောက်ဖို့ဘဲဖြစ်ပါတယ်ခင်ဗျာ။
ဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းတို့လည်းရိုးသားစွာနဲ့ဘ၀ကိုရပ်တည်နိုင်ပါစေ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP