* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, September 30, 2009

အကအခုံဖြင့်ပူဇော်





ညနေပိုင်းတွင်း ဗုဒ္ဓဘာသာမိန်းကလေးငယ်လေးများက ရိုးရာအကဖြင့် နဖူးမှာ သာသနာ့အလံများ စည်းကာ အကဖြင့်ပူဇော်ကြသည်၊ ညပိုင်းတွင် အမျိုးသားငယ်လေးမှာက တစ်မြို့လုံးလှည့်လည်ကာ ရိုးရာအကဖြင့်ပူဇော်ကြည်သည်မှာ မြန်မာနိုင်ငံ ကထိန်းပွဲလှည့်သည်ပမာ၊ ရက်ကွက်တစ်ခုပအတွက် အုပ်စုတစ်စုရှိသည်၊ ထိုအုပ်စုတိုင်းတွင်း ရှေ့က ကားကြီးများအပေါ်တွင် ရုပ်ပွားဆင်းတုတော်ကြီးများ ပင့်ဆောင်ကာ နောက်ကားများမှာတော့ အကအခုံတွေနှင့်အလွန်စည်းစည်ကားကား ပူဇော်ကြသည်။

တရားနာယူစဉ်





မြန်မာပြည် နှစ်ဆန်းတစ်ရက် နေ့ ရက်ကွက် ဓမ္မာရုံးတိုင်းမှာ သီလယူ တရားနာကြသလိုမျိုး လုပ်ကြသည်မှာ မြန်မာပြည် ပြန်ရောက်သလို အောင့်မေ့မိသည်၊ သီတဂူစတားနှင့် ကောင်းမွန် (အရှင်ကုသလ)၊ အရှင်စန္ဒာဝရတို့ အလှည့်ကျ တရားဟောရသည်၊ အိန္ဒိယသား ဒကာလေး တစ်ယောက်က မာရတီလိုဘာသာပြန်ပေးသည်၊ (မဟာရဋ္ဌ ပြည်နယ် စကားသည် မာရတီစကားဖြစ်)၊ ဘာသာပြန်နှင့်ဟောရသဖြင့် သိပ်အဆင်မပြေလှပါ၊ တိုက်ရိုက်ဟောနိုင်လျင်ပိုအဆင်ပြေသည်၊သီတဂူစတားတို့ရဲ့ပထမဆုံး အင်္ဂလိပ်လိုဟောခွင့်ရသည့် အတွေ့ကြုံလည်းဖြစ်သည်၊ သီတဂူစတားသည် ပထမပွဲတွင် the essence of Buddhism အကြောင်းဟောသည်၊ ဒုတိယပွဲတွင် Buddhist karma theory ( ကံအကြောင်း) ဟောခဲ့သည်။ အရှင်ကုသလ (ကောင်းမွန်) သည် ဓမ္မစကြာနှင့် ဒုတိယပွဲတွင် မြန်မာနိုင်ငံဗုဒ္ဓဘာသာအကြောင်း နှင့် အရှင်စန္ဒဝရ အရှင်မြတ်ကတော့ ပထမပွဲနှင့် ဒုတိယပွဲတွင် ငါးပါးသီလအကြောင်းဟောခဲ့ကြသည်။ ညပိုင်းတရားပွဲမှာကိုတော့ မိုးပြင်းထန်စွာ ရွာချသဖြင့် တရားပွဲတစ်ပွဲ နားလိုက်သည်။

သံဃာရှားပါး



သို့သော် ဘုန်းကြီးကျောင်းမရှိ၊ ရဟန်းသံဃာမရှိဖြစ်နေသည်၊ သီတဂူစတား တို့အဖွဲ့ရောက်သွားတော့ စောဠပူသားတွေ တအံ့တသြဖြစ်နေကြသည်၊ လာပြီးဦး တိုက်ကြသည်၊ သီတဂူစတားတို့ဆီပြေးလာကြပြီး ခြေဖမိုးကိုး နဖူးနှင့်တိုက်သည်၊ လက်နှင့်ပွတ်သည်၊ အလွန်းသနားစရာကောင်းပါသည်။

သီတဂူစတားရဲ့ ဓမ္ဓဓူတခရီးမှတ်တမ်း



သီတဂူစတားနှင့်အဖွဲ့သည် ၂၇-၉-၂ဝဝ၉ တနင်္ဂနွေနေ့ညနေမှ စတင်၍ ရထားဖြင့်ခရီးစတင်ထွက်ခဲ့ကြသည်။ သီတဂူစတားတို့ခရီးသည်ကား အိန္ဒိယနိုင်ငံ မဟာရဋ္ဌပြည်နယ်၏ ခြောက်ခုမြောက်မြို့ဖြစ်သည့် စောဠပူရ အမည်ရှိ ခရိုင်မြို့တစ်မြို့ပင်ဖြစ်သည်။ ဝမ်းမြောက်စရာကောင်းသည်မှာ ထိုမြို့ရှိလူဦးရေ ၄၆ရာခိုင်နုန်းသည်ကား ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည်၊ ဘုရားပွင့်ရာအိန္ဒိယနိုင်ငံသည် ဘုရား တရား သံဃာ ရတနာသုံးပါးတို့ဖြင့်ကင်းကွာလာသည်မှာ ရာစုနှစ်ပေါင်းပင် ကြာခဲ့လေပြီ၊ အများစုလူဦးရေမှာ ဟိန္ဒူဘာသာဝင်တွေလွမ်းမိုးနေပါသည်၊ ရတနာသုံးပါးအဖျက်ဆီးခံရသည်မှာလဲ ထိုဟိန္ဒူဘာသာဝင်တွေရဲ့လွမ်းမိုးမှုလည်း ပါဝင်ပါသည်၊ သီတဂူစတားတို့နေသည့် ပူနေးမြို့မှာ ရထားဖြင့် လေးနာရီအကြာ စီးရသည်၊ ထိုမြို့ရဲ့လူဦးရေမှာ ၅သိနိးကျော်ကျော်ရှိ၊ တက္ကသိုလ်တစ်ခုနှင့် ကောလိပ်ပေါင်း ၁ဝဝကျော်ရှိသည်၊ အိန္ဒိယနိုင်ငံသည် ပညာရေးကိုဦးစားပေးသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ တက္ကသိုလ်ကြီးတွေ ကောလိပ်တွေ များစွာရှိသည်။ နိုင်ငံရဲ့ Fund ငွေကိုလည်း ပညာရေးအတွက် အသုံးများသည်ဟုသိရပါသည်။ သီတဂူစတားနှင့် အဖွဲ့သည် ညနေ ၆နာရီရထားဖြင့် ထွက်ခဲ့ရာ စောဠပူရ မြို့သို့ ည ၁ဝ နာရီရောက်သည်၊ ဟိုတယ်မှာ တည်းခိုဘို့ စီစဉ်ပေးသည်၊ ခရီးသည်ကား ပင်ပန်းပေမည့် သီတဂူစတားတို့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံပင်ဖြစ်သည်။ နံက် ၉-၃ဝ ကနေ ဟိုတယ်ကနေ ထွက်လိုက်တာ ည ၁ဝကျော်မှ ဟိုတယ်မှာ ပြန်အနားယူရသည်။ ပွဲကျင်းပပုံမှာ တမူထူးခြားသည်၊ မြန်မာနိုင်ငံလို ရက်ကွက်တိုင်းမှာ ဓမ္မာရုံတစ်ခုစီရှိသည်။ တချို့ ဓမ္မာရုံတွေသည် အဖြစ်သဘောမျှသာ၊ တချို့သည် ကြီးကျယ်သည့် ဓမ္မာရုံတွေရှိ ကြသည်။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP