* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, September 30, 2009

သစၥကေနာက္ဆက္တြဲ

သစ္စက ကို ဘာကြောင့်အထုံဖြစ်ရုံလောက်လေးဘဲ ဘုရားရှင်က တရားဟောခဲ့သလဲ

သစ္စကဟာ အထုံဖြစ်ရုံလောက်သာ တရားနာခဲ့ရတဲ့ အကျိုးကြောင့် နောင် သာသနာနှစ် (၂၀၀) မှာ သီဟိုဠ်ကျွန်းမှာ အမတ်သားတစ်ယောက် ဖြစ်ခဲ့ပြီး အထုံကြောင့် သာသနာ့ဘောင်ထဲ ၀င်ခဲ့ပါတယ်။ ပိဋကစာပေကို တစ်လုံးမကျန်အောင် သွားရောက် သင်ယူပြီးနောက် ဥပဇ္ဈာယ်ဆရာကို လာပြန်ကန်တော့ပါတယ်။ ဥပဇ္ဈာယ်ဆရာက တစ်ချိန်က သစ္စကဖြစ်ခဲ့ဖူးပြီး ဒီအချိန်မှာ ကာလဗုဒ္ဓရက္ခတမည်တဲ့ ရဟန်းကို စကားလက်ခံ မပြောပါဘူး။ ကာဠဗုဒ္ဓရက္ခတက ၀မ်းနည်းစွာနဲ့ မနက်လင်းတော့ ဆရာ့ကို သွားကန်တော့ပါတယ်။ ဘာကြောင့် သူ့ကို စကားမပြောသလဲလို့လည်း မေးပါတယ်။
“ကာဠဗုဒ္ဓရက္ခတ၊ မင်းက စာတတ်တာနဲ့ ရဟန်းကိစ္စပြီးပြီလို့ ထင်နေတာလား”
“တပည့်တော် ဘာလုပ်ရမလဲ ဘုရား”
“မင်းသင်ထားတဲ့အတိုင်း ကျင့်ရမှာပေါ့ကွာ”
အဲဒီလိုနဲ့ သစ္စကပရဗိုဇ်ဖြစ်ခဲ့ဖူးသူ ကာဠဗုဒ္ဓရက္ခတိရဟန်းဟာ တရားကိုကျင့်ကြံလိုက်တော့ ခဏတွင်းချင်းမှာ ရဟန္တာဖြစ်သွားပါတယ်။
အဲဒီအချိန်မှာ ကာဠဗုဒ္ဓရက္ခတနေတဲ့ နိုင်ငံဟာ တိဿမင်းစိုးစံနေတဲ့ နိုင်ငံဖြစ်ပါတယ်။ သူ့အမတ်ရဲ့ သားရဟန်းကို သူသိပါတယ်။ အဲဒါကြောင့် အကယ်၍ ကာဠဗုဒ္ဓရက္ခိတရဟန်း တရားဟောခဲ့ရင် သူ့ကို အကြောင်းကြားပါလို့ စေတိယတောင်ရဲ့ လိုဏ်ဂူတစ်ခုမှာ ဥပုသ်စောင့်ရင်း ရဟန်းအချို့ကို မှာထားပါတယ်။ တစ်ချိန်မှာ ကာဠဗုဒ္ဓရက္ခိတကို တစ်ရက်မှာ ဆွမ်းတစ်နပ်ကို တစ်ထိုင်တည်းသာဘုဉ်းပေးခြင်းပြုတဲ့ ဓုတင်ဆောင်ရဟန်းက “ဒီနေ့ တရားပွဲနေ့ပါဘုရား”လို့ လျှောက်တယ်။ ဒါဆို ငါတရားဟောမယ်။ ငါ့ရှင်တို့ တရားဟောဖို့ ထိုင်ရာအင်းပျဉ်ကို ယူခဲ့”လို့ မှာတယ်။ အဲဒီအချိန် ရဟန်းငယ်တစ်ပါးက တိဿဘုရင်ကို ကာဠဗုဒ္ဓရက္ခိတ တရားဟောပြီဖြစ်ကြောင်း တိဿဘုရင်ကို သွားပြောတယ်။

တရားနိဒါန်းမဆုံးခင်မှာ ဘုရင်ရောက်လာပြီး အရပ်သားအသွင်နဲ့ ဘေးတစ်နေရာမှာ ရပ်ပြီး တရားကို နာယူပါတယ်။ တရားပွဲဆုံးသွားတော့ ကာဠဗုဒ္ဓရက္ခိတက ရှင်ဘုရင်ကို လှမ်းတွေ့လိုက်တယ်။
“အရှင်မင်းကြီးလည်း တရားလာနာတာလား”
“တင်ပါ”
“ဘယ်အချိန်က ရောက်လာတာလဲ”
“တရားနိဒါန်း မဆုံးခင်လေး ရောက်လာပါတယ်ဘုရား”
“ငါဟောလိုက်တဲ့ တရားကို မှတ်မိလိုက်ပါသလား”
“အရှင်ဘုရားဟောလိုက်တဲ့ တရားကို တပည့်တော်မီတဲ့နေရာကနေ စပြီး တစ်လုံးမကျန်အောင် မှတ်မိပါတယ်ဘုရား၊ မေးကြည့်ပါဘုရား၊ အကယ်၍ တစ်လုံးတစ်ပါဒလောက်ကို တပည့်တော် မေ့နေရင် ဟောဒီမြေကြီး ကြိမ်တစ်ထောက်စာလောက်မျှ တပည့်တော် မပိုင်ဆိုင်နိုင်ပါစေသတည်းလို့ ကျိန်ရဲပါတယ်ဘုရား”
“ကောင်းပါလေ့ တကာတော်မင်းမြတ်”
အဲဒီအချိန် ကာဠဗုဒ္ဓရက္ခိတဟောလိုက်တဲ့ တရားက ဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို ချီးမွှမ်းတဲ့ ကာဠာရာမသုတ်ဖြစ်ပါတယ်။
“ဘုရားရှင်ရဲ့ ဂုဏ်တော်က ဒီလောက်လေးပဲလားဘုရား”
တိဿဘုရင်က မေးပြီ။
“ဥပမာနဲ့ ဖြေမယ် တကာတော်။ လယ်ပယ် သုံးပယ်လောက် ကျယ်တဲ့ သလင်းတစ်ခုကိုလုပ်၊ စပါးကို အဲဒီ သလင်းထဲစပါးကို ပုံလိုက်၊ အဲဒီ စပါးပုံနဲ့ စပါးနှံတစ်နှံထဲက စပါးတွေ ဘယ်က များမယ်ထင်လဲ မင်းကြီး”
“အပုံကြီးကွာပါတယ်ဘုရား”
“ပြီးတော့ မင်းကြီး၊ ဂင်္ဂါမြစ်ရေနှင့် အပ်နဖားထဲက ရေ ဘယ်က ပိုများသလဲ မင်းကြီး”
“အဲဒါလည်း အပုံကြီးကွာပါတယ်ဘုရား၊ ဥပမာ ထပ်ပေးပါဦးဘုရား”
“ပျံလွှားငှက်ပျံနိုင်တဲ့ အနေအထားနဲ့ ကောင်းကင်က ဘယ်က ပိုကျယ်သလဲ မင်းကြီး”
“အကွာကြီး ကွာပါတယ်ဘုရား”
“ငါဟောတဲ့ တရားက စပါးနှံတစ်နှံစာလောက်၊ အပ်နဖားထဲက ရေလောက်၊ ပျံလွှားငှက်ပျံနိုင်တဲ့ ကောင်းကင်စာလောက်ပဲရှိပါသေးတယ်၊ ဘုရားဂုဏ်ကတော့ စပါးပုံလောက်၊ ဂင်္ဂါမြစ်ရေလောက်၊ အပြောကျယ်တဲ့ ကောင်းကင်လောက်ရှိပါတယ် မင်းကြီး”
“အဲလောက်တောင်လားဘုရား၊ တပည့်တော်မှာ အရှင်ဘုရားကို တစ်စုံတစ်ခုလှူဒါန်းချင်ပေမယ့် တပည့်တော် ဘာလှူရမလဲ မသိဘူးဘုရား၊ အဲဒီတော့ ဟောဒီ တပည့်တော်ရဲ့ နိုင်ငံကိုပဲ အလှူခံတော်မူပါဘုရား၊ တပည့်တော်တတ်နိုင်တဲ့ အဆင်းရဲဆုံး အလှူပါဘုရား”
“မင်းကြီး သင်ဟာ ငါ့ကို တိုင်းပြည်ကို လှူခဲ့လေပြီ၊ သင်မင်းကြီးအား တိုင်းပြည်ကို ပြန်စွန့်ပါတယ်။ တရားနဲ့ အညီအုပ်ချုပ်နေရစ်ပါ”
ဆိုပြီး ကာဠဗုဒ္ဓရက္ခိတက ရှင်ဘုရင်ကို သဒ္ဓါတရား ပိုခိုင်မာအောင် တရားဟောပါတယ်။

ကျွန်တော်ရေးတဲ့ ဗုဒ္ဓဖြစ်စဉ်နဲ့ မစပ်လို့ ချန်ထားခဲ့တာပါ။ ထိုသို့သော နောက်နောင် သာသနာတွင် အကျိုးများအံ့သောကြောင့် သစ္စကကို ဘုရားရှင်မှ တရားများစွာ ဟောကြားခဲ့လေသည်။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP