သက်ရင့်အိုးတစ်လုံးရဲ့  ဝေဒနာ
လှိုင်းလိပ် တစ်လိပ်လိုပါပဲ
စိတ်ဓာတ်တွေက ကျလိုက်တက်လိုက်
သူလဲသူ့လို ကိုယ်လဲကိုပါပဲ လုံးချာလိုက်
ဖြေလျှော့စရာ ချည်မျှင်အစ ဖွေရှာနေကြသူချည်း။
တစ်ရာသီပြီး တစ်ရာသီ
ကမ္ဘာမြေကြီးပေါ် မှီတွယ်ကပ်လို့
နံညှပ်ရိုးကြားက သမုဒ္ဒရာ တစ်ထွာပြင်စာ အတွက်
အဆက်မပြတ် ယုယုယယ ဖေးမမှုတွေ ပေးနေရဆဲရယ်။
နယ်ခြားမြေခြားပဲ တောမကျွမ်းလဲ
မုဆိုးတိုင်က သားကောင်ရှာသူချည်းပါ၊
သက်တမ်းရင့် အတွေ့ကြုံနဲ့ပဲ
အားမငယ်ကြစေအောင် ဟင်းစာလဲ ပေးဆောင်ခဲ့ဘူးပြီး၊
ကွန်ချက်လဲ ပြထားပေးတောင် ကွန်ပိုက်တစ်ဖုံ အပိုတောင်းမြဲ
မပြည့်ဝပဲ ဘောင်ဘင်ခတ်တဲ့ အိုးသံတွေက
စေတနာကို ဆူဝေစေခဲ့တယ်။
ကြွက်များရင် တွင်းမတိမ်စေဖို့
အားလုံးအတွက် ခပ်နက်နက်ကြီးကို ဇက်ပခုံးအဖေးတက်
တူးထားပေးခဲ့ပါတယ်၊
သူငယ်ချင်းရဲ့ သူငယ်ချင်း...
သူငယ်ချင်းရဲ့ သူငယ်ချင်း ယောက်ဖ...
သူငယ်ချင်းရဲ့ သူငယ်ချင်း ယောက်ဖရဲ့သူငယ်ချင်း...
သူငယ်ချင်း...,.....,....,......,..,တွေအတွက်
လုပ်ပါဗျ...လုပ်ပါနဲ့..........ရက်စက်ကြတယ်။
ဟူး..တော် . တော်ပါပြီး...
အသစ်သူငယ်ချင်း သူငယ်ချင်းနောက်အသစ်ထက်
စာအုပ်အသစ် တစ်အုပ်ပဲ ၀ယ်ဖတ်တော့မယ်၊
စိတ်ပျက်တယ်။
စိတ်နောက်လေတိုင်း ဂစ်တာခေါက်ရလို့
အာခေါင်းတောင် ခြောက်ခမ်း ကုန်ပြီး၊
ရနိုင်မယ်ဆိုရင် chat-room တစ်နေရာရာမှာ
အရင်ကလို ပြန်မရနိုင်တော့မယ့်
ကလေးငယ် တစ်ယောက်အဖြစ် နေချင်မိတယ်။

0 comments:
Post a Comment