* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, September 30, 2009

စွန်းလွန်းနှင့် သူ့တရားများ ( ၄ )

ဝန်ကြီးချုပ် ဦးနု နှင့် စွန်းလွန်းဆရာတော် အမေးအဖြေ များ ----

မိမိ နှာသီးဖျားမှာ လေတိုးထိတာကို သတိနှင့် သုံးသပ်ပါများသော် ဈာန် သတ္တိ ဆိုတာ ဖြစ်ပေါ်လာလိမ့်မယ်၊ ကိလေသာတွေ လောင်ကျွမ်းသွားတာကို ဈာန်လို့ ခေါ်တယ်ကွဲ့၊ အဲဒါ ဈာန ပစ္စယော ပဲ။ မှန်လှပါ ဘုရား၊

ဘုန်းကြီးက ခန္ဓာကိုယ်ပေါ်မှာ ပူမှန်းသိတဲ့အခါ အေးမှန်းသိတဲ့ အခါမျိုး ကျတော့ ပူမှု့နှင့် သိမှတ်မှု့ ၊ အေးမှု့နှင့် သိမှတ်မှု့ တွေ ချုပ်သွားလိမ့်မယ်၊ အဲဒါ မဂ်ခရီး ရောက်ခြင်းကြောင့် မဂ္ဂ ပစ္စယော လို့ ခေါ်တယ်၊ မှန်လှပါဘုရား။

၎င်းမဂ် ခရီးကို သွားပါများ၍ သမာဓိ အားကောင်းလာသော် ဖြစ်ခြင်း ချုပ်ခြင်းကို သိသော ဥာဏ်အမြင်ရင့်သန်လာခြင်းကြောင့်

မရှိတာကိုလဲ ကျေးဇူးပြုလိမ့်မယ်၊ ရှိတာကိုလဲ ကျေးဇူးပြုလိမ့်မယ်၊ မရှိတာက ငါ့ခြေ ငါ့လက် ငါ့ခေါင်း ၊ ရှိတာက စိတ် စေတသိက် ရုပ် နိဗ္ဗာန် ပရမတ္ထတရားပဲ။

ကင်းတာကိုလဲ ကျေးဇူးပြုလိမ့်မယ်၊ မကင်းတာကို လဲ ကျေးဇူးပြုလိမ့်မယ်၊မကင်းတာက သင်္ခတ ဓာတ်၊ ကင်းတာက အသင်္ခတ ဓာတ် မဟုတ်လား၊
ဟုတ်ပါ၏ ဘုရား။

အဲဒါ အတ္ထိ ပစ္စယော ၊ နတ္ထိ ပစ္စယော၊ ၀ိဂတ ပစ္စယော၊ အ၀ိဂတ ပစ္စယော လို့ခေါ်တယ်၊

( မှတ်ချက် )
။ ဤနေရာမှ စ၍ နိုင်ငံတော် ၀န်ကြီးချုပ် ဦးနု နှင့် စွန်းလွန်း ဆရာတော်တို့ ၀ိပဿနာအကြောင်း ၊ ၀ိနည်း အကြောင်း၊ အဘိဓမ္မာသဘော တရားများ ဆွေးနွေးခန်း ပြီးဆုံးပါပြီ။

သို့ပါသော်လည်း စာအုပ်ပါ စိတ်ဝင်စားစရာ ကောင်းနိုးရာရာအကြောင်းအရာများကိုအလျင်းသင့်သလို ဖော်ပြသွားပါမည်၊

ထိုခေတ် ထိုအခါက ရဟန္တာ တစ်ပါး ဟု ထင်ရှား သတင်းကြီးနေသော ဆရာတော်အား ဘ၀တစ်လျောက်လုံး ရောက်လေရာနေရာ၌ တွေ့ရာ ဆ၇ာတော်ကြီးများ ၊ သံဃာတော်များက ၀ိပဿနာအကြောင်း သာသနာရေးအကြောင်းကို စာမတတ်သော ဆရာတော်ကြီး၏ အဖြေစကားများက ကျမ်းဂန် အထောက်အထားများနှင့် ညီ၊ မညီ၊ကို အချိန်ရလျင် ရသလို၊ စစ်ဆေး ၊ မေးမြန်း စမ်းသပ်လေ့ရှိ ကြရာ ဆရာတော်ကြီး၏ အံသြဖွယ်ရာ အဖြေစကားများသည် ကျမ်းဂန်များနှင့် အားလုံးကိုက်ညီနေသည်ကို တွေ့ကြရကား နောင်လာနောက်သားတို့ အတုယူဖွယ် ကြည်ညိဖွယ် ဖြစ်စေရန် မှတ်တမ်းတင်အပ်ပါသည်။ စွန်းလွန်းဖြေကြားသော နိဗ္ဗာန် အကြောင်း ဆောင်းပါးကို ဆက်လက်ဖတ်ရှု့ကြပါကုန် ---- --


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP