* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, September 20, 2009

နှစ်မျိုးစီ...



သမာပတ္တိဝဂ်

ရဟန်းတို့...
တရားတို့သည် ဤနှစ်မျိုးစီတို့ပေတည်း၊ အဘယ်နှစ်မျိုးတို့နည်းဟူမူ...

၁... သမာပတ် ဝင်စားမှု၌ လိမ္မာခြင်း
'သမာပတ္တိကုသလတာ' လည်းကောင်း၊
၂... သမာပတ်မှ ထမှု၌ လိမ္မာခြင်း
'သမာပတ္တိ ဝုဋ္ဌာနကုသလတာ' လည်းကောင်းတို့တည်း။ 164-1


၁... ဖြောင့်မတ်ခြင်း 'အဇ္ဇဝ' လည်းကောင်း၊
၂... နူးညံ့ခြင်း 'မဒ္ဒဝ' လည်းကောင်းတို့တည်း။ 165-2

၁... သည်းခံခြင်း 'ခန္တီ' လည်းကောင်း၊
၂... ကောင်းသော အကျင့်ဖြင့် မွေ့လျော်ခြင်း 'သောရစ္စ' လည်းကောင်း တို့တည်း။ 166-3

၁... နူးညံ့ ပြေပြစ်သော စကားရှိခြင်း 'သာခလျ' လည်းကောင်း၊
၂... အစေ့အစပ် အဆက်အသွယ် ကောင်းခြင်း 'ပဋိသန္ထာရ'
လည်းကောင်းတို့တည်း။ 167-4
၁... မညှဉ်းဆဲခြင်း 'အဝိဟိံသာ'၁ လည်းကောင်း၊
၂... စင်ကြယ်ခြင်း 'သောစေယျ'၂ လည်းကောင်းတို့တည်း။ 168-5

၁... ဣနြေ္ဒတို့၌ မဆို့ပိတ်အပ်သော တံခါးရှိခြင်း
'ဣန္ဒြိယေသု အဂုတ္တဒွါရတာ' လည်းကောင်း၊
၂... အစားအစာတို့၌ အတိုင်းအရှည်ကို မသိခြင်း
'ဘောဇနေအမတ္တညုတာ' လည်းကောင်းတို့တည်း။ 169-5

၁... ဣနြေ္ဒတို့၌ ဆို့ပိတ်အပ်သော တံခါးရှိခြင်း
'ဣန္ဒြိယေသု ဂုတ္တဒွါရတာ' လည်းကောင်း၊
၂... အစားအစာတို့၌ အတိုင်းအရှည်ကို သိခြင်း
'ဘောဇနေ မတ္တညုတာ' လည်းကောင်းတို့တည်း။ 170-7

၁... ဆင်ခြင်ခြင်းအား 'ပဋိသင်္ခါနဗလ' လည်းကောင်း၊
၂... ပွါးများခြင်းအား 'ဘာဝနာဗလ' လည်းကောင်းတို့တည်း။ 171-8

၁... အောက်မေ့ခြင်းအား 'သတိဗလ' လည်းကောင်း၊
၂... တည်ကြည်ခြင်းအား 'သမာဓိဗလ' လည်းကောင်းတို့တည်း။172-9

၁... နီဝရဏတို့ကို ငြိမ်းစေခြင်း 'သမထ' လည်းကောင်း၊
၂... သင်္ခါရတို့ကို ရှုမှတ် သိမ်းဆည်းခြင်း 'ဝိပဿနာ' လည်းကောင်းတို့
တည်း။ 173-10

၁... အကျင့် သီလ ပျက်စီးခြင်း 'သီလဝိပတ္တိ' လည်းကောင်း၊
၂... ဉာဏ်အမြင် 'အယူ' ပျက်စီးခြင်း 'ဒိဋ္ဌိဝိပတ္တိ' လည်းကောင်းတို့
တည်း။ 174-11

၁... အကျင့် သီလ၏ ပြည့်စုံခြင်း 'သီလသမ္ပဒါ' လည်းကောင်း
၂... ဉာဏ်အမြင် 'အယူ'၏ ပြည့်စုံခြင်း 'ဒိဋ္ဌိသမ္ပဒါ' လည်းကောင်းတို့
တည်း။ 175-12

၁... အကျင့် သီလ၏ စင်ကြယ်ခြင်း 'သီလဝိသုဒ္ဓိ' လည်းကောင်း၊
၂... ဉာဏ်အမြင် 'အယူ'၏ စင်ကြယ်ခြင်း 'ဒိဋ္ဌိဝိသုဒ္ဓိ' လည်းကောင်း တို့တည်း။ 176-13

၁... ဉာဏ် အမြင် 'အယူ'၏ စင်ကြယ်ခြင်း 'ဒိဋ္ဌိဝိသုဒ္ဓိ' လည်းကောင်း၊
၂... ဉာဏ်အမြင် 'အယူ' အားလျော်စွာ အားထုတ်ခြင်း
'ယထာဒိဋ္ဌိပဓာန' လည်းကောင်းတို့တည်း။ 177-14

၁... ကုသိုလ်တရားတို့၌ မရောင့်ရဲနိုင်ခြင်း လည်းကောင်း၊
၂... တရား အားထုတ်ရာ၌ ဆုတ်နစ်မှု မရှိခြင်း လည်းကောင်းတို့တည်း။ 178-15

၁... သတိတရား ကင်းလွတ်ခြင်း 'မုဋ္ဌဿစ္စ' လည်းကောင်း၊
၂... ဆင်ခြင်ဉာဏ် ကင်းမဲ့ခြင်း 'အသမ္ပဇည' လည်းကောင်းတို့တည်း။ 179-16

၁... အောက်မေ့ခြင်း 'သတိ' လည်းကောင်း၊
၂... ဆင်ခြင်ခြင်း 'သမ္ပဇည' လည်းကောင်းတို့တည်း။ 180-17

ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးစီတို့ပေတည်း ဟု မိန့်တော်မူ၏။

သမာပတ္တိဝဂ်၊ ဒုကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP