* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, September 20, 2009

၁၅-၉-၀၉ အရုဏ်+နေ့ဆွမ်း ဒါန (ဆရာတော် ဦးလောကနာထ)

သံဃာတော်တစ်ပါး ဆွမ်းခံယူစဉ်
ကြက်သားကြာဆံချက် ဘုဉ်းပေးနေသည့် ကိုရင်လေးများ

အရုဏ်ဆွမ်း ဘုဉ်းပေးနေသော ကိုယ်တော်များနှင့် စောင့်ဆိုင်းနေသော သာမဏေများ

ကိုရင်လေးတစ်ပါးကို လှူဒါန်းနေသော စာရေးဆရာ ရွှေလမ်းငွေလမ်း ဝင်းကြည်

အရုဏ်ဆွမ်း - ကြက်သားကြာဆံချက်
ဆရာတော် ဦးလောကနာထ
နေ့ဆွမ်း (ဆွမ်းထမင်း)
ကိုဖြိုး+ကိုထက် (ရွှေအိမ်ဖြူ တယ်လီဖုန်းရောင်းဝယ်ရေး)
ဆွမ်းဟင်း (ငါးမြစ်ချင်းခရမ်းချဉ်သီးချက်)
ဆရာတော်ဦးလောကနာထ
ဆီ
ဒေါ်ချို (ဒေါ်ချို ကုန်မျိုးစုံရောင်းဝယ်ရေး၊ ရွှေဘိုမြို့)
အမေရိကား အယ်ဆိုဘရန်တီမြို့၊ အလိုတော်ပြည့်ကျောင်းဆရာတော် ဦးလောကနာထက စက်တင်ဘာ ၁၅ ရက်၊ ဗုဒ္ဒဟူးနေ့မှာ သံဃာတော်များကို အရုဏ်ဆွမ်း နေ့ဆွမ်း ဆက်ကပ်ပါတယ်။ အရုဏ်ဆွမ်းက အပြောင်းအလဲအဖြစ် ကြက်သားကြာဆံချက် ဖြစ်ပြီး နေ့ဆွမ်းက ငါးမြစ်ချင်း ခရမ်းချဉ်သီးချက်ပါ။ နေ့ဆွမ်းထမင်းကို ရွှေအိမ်ဖြူ တယ်လီဖုန်းရောင်းဝယ်ရေးက ဒကာ ကိုဖြိုးနဲ့ ကိုထက်က လှူဒါန်းပါတယ်။ ရွှေဘိုမြို့က ဒကာမကြီး ဒေါ်ချိုက ဆွမ်းဟင်းချက်ရာမှာ မရှိမဖြစ် လိုအပ်တဲ့ ဆီကို ပင်တိုင် တာဝန်ယူ လှူဒါန်းပါတယ်။
ဆရာတော်က အရုဏ်ဆွမ်းကို ဆွမ်းထမင်းနဲ့ သက်သတ်လွတ် တို့ဟူးသုတ် ကပ်ဖို့ မူလ စီစဉ်တယ်။ ဝေယျာဝစ္စ ကုသိုလ်ရှင်များအတွက်က မုန့်ဟင်းခါး, အုန်းနို့ခေါက်ဆွဲ, ကြာဆံချက်တွေက စီမံရတာရော တစ်ပွဲပြီးတစ်ပွဲ အမြန်ဆက်ကပ်ရတာရော လွယ်ကူလို့ ညှိနှိုင်းဆွေးနွေးပြီး၊ လုပ်အားပေးသူများအတွက် ပိုလွယ်ကူအဆင်ပြေမယ့် ဆွမ်းမယ်လဲ ဖြစ်, အပြောင်းအလဲလဲ ဖြစ်တဲ့ ကြာဆံချက်ကို ရွေးလိုက်တာပါ။ မကွေးမြို့က စာရေးဆရာ ရွှေလမ်းငွေလမ်း (ဦး)ဝင်းကြည်က ဆရာတော်ဘုရားရဲ့ အလှူမှာ ကိုယ်တိုင် ဆက်ကပ် လောင်းလှူ ပေးပါတယ်။
အရုဏ်ဆွမ်းကို သံဃာ အပါး ၃၀၀ ကျော် ကြွရောက်ဘုဉ်းပေးတယ်။ နေ့ဆွမ်းက သံဃာ အပါး ၅၀၀ နီးပါး ခံယူကြပါတယ်။ ခါတိုင်း ဝက်သားနဲ့ အာလူး ဒါမှမဟုတ် ဝက်သားနဲ့ ရွှေဖရုံသီး စသဖြင့် အသီးအနှံ တစ်မျိုးမျိုး ရောပြီး နေ့ဆွမ်း လောင်းနေကျ ဖြစ်ပေမယ့် ခုအလှူမှာ အပြောင်းအလဲအဖြစ် ငါးမြစ်ချင်းကို ခရမ်းချဉ်သီးနဲ့ ဆီပြန်ချက် ဆက်ကပ်ပါတယ်။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP