* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, September 20, 2009

ဒါနျပဳရာမွာ မဂၢင္ရွစ္ပါး ပါသလား

အေမး။ ။ဘုန်းဘုန်းဘုရား…မဂ္ဂင်ရှစ်ပါးကို အကျဉ်းခြုံးလိုက်ရင် သီလ ၊သမာဓိ၊ပညာ လို့ တပည့်တော် သိထားပါတယ်ဘုရား၊ ဒါဖြင့် မဂ္ဂင်ရှစ်ပါး ထဲမှာ ဒါန မပါဘူး ဖြစ်နေပါတယ်ဘုရား။ တပည့်တော် သိချင်တာက ဒါန ဟာ မဂ္ဂင်ရှစ်ပါးထဲ ပါမပါ သိချင်ပါတယ်ဘုရား။ တပည့်တော် တွေးသလို တစ်ချို့လည်း တွေးမိကြလိမ့်မယ်ထင်တယ်ဘုရား၊ ဒါကြောင့် အားလုံး သိအောင် ဖြေကြားပေးစေချင်ပါတယ်ဘုရား။
ခွန်မြလှိုင်
ချင်းမိုင်

အဖြေ။ ။ဒါနပြုတဲ့အခါမှာ စဉ်းစားတွေးခေါ်တဲ့ အသိဥာဏ်လိုပါတယ်။
(၁) ။ဒါနတစ်ခုပြုတဲ့အခါမှာ….ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်၊ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်ဆိုတဲ့ ကမ္မဿကတသမ္မာဒိဋ္ဌိဥာဏ် ရှိရပါ့မယ်။ ဒါနပြုတဲ့နေရာမှာ ကံနဲ့ ကံရဲ့ အကျိုးကို သိမြင်ရင် မှန်ကန်စွာသိမြင်တာဖြစ်တဲ့အတွက် သမ္မာဒိဋ္ဌိမဂ္ဂင်ပါ။ ဒါ့အပြင် နိဗ္ဗာန်ကို ဦးတည်ပြီး ဒါနပြုတဲ့အတွက်လည်း သမ္မာဒိဋ္ဌိမဂ္ဂင် ပိုပြီး ပြည့်စုံသွားပါတယ်။
(၂) ဒါနပြုတဲ့နေရာမှာ ကိုယ်ပြုမဲ့ ကောင်းမှုနဲ့ပတ်သက်ပြီး ဒါနပွဲ “အောင်မြင်ဖို့အတွက် ဘယ်လိုလုပ်ရင်မကောင်းမလဲ” ဆိုပြီး ဒါနနဲ့စပ်တဲ့ ကြံစည်မှု တွေ ရှိကြမှာပါ ကောင်းမှုနဲ့ ပတ်သက်ပြီး ကြံစည်တာဟာ မှန်ကန်သော ကြံစည်မှု ဖြစ်တဲ့အတွက် သမ္မသင်္ကပ္ပမဂ္ဂင် ထဲ အကြုံးဝင် သွားပါတယ်။ (ပညာမဂ္ဂင် ၂ ပါး)
(၃) ဒါနနဲ့စပ်ပြီး အချင်းချင်း ပြောဆိုတဲ့အခါမှာ ကောင်းတဲ့ မှန်ကန်တဲ့ စကားပဲ ပြောဆိုမိကြမှာပါ။ ဒါကြောင့် သမ္မ၀ါစာ မည်ပါတယ်။
(၄) ဒါနပြုခြင်းဟာ ကောင်းတဲ့ အပြုအမူ ဖြစ်တဲ့အတွက် သမ္မာကမ္မ န္တ မဂ္ဂင်ပါ။
(၅) ဒါနပြုတဲ့အခါ မိမိလှူတဲ့ ပစ္စည်းဝတ္တုများက တရားသဖြင့် ရှာဖွေထားတဲ့ အလှူပစ္စည်းဖြစ်ရပါ့မယ်။ တရားသဖြင့် ရှာဖွေထားတဲ့ ပစ္စည်းကို ပေးလှူရတဲ့အတွက် သမ္မာ အာဇီဝ မဂ္ဂင်ထဲ ပါသွားပါတယ်။ ဒီသုံးပါးက သီလမဂ္ဂင်ပါ။ (သီလမဂ္ဂင်နဲ့ပတ်သက်ပြီး ဒါနမပြုခင် သီလနဲ့ အရောင်တင်ထားဖို့ လိုပါတယ်။ ဒါဆိုရင် သီလမဂ္ဂင်ထဲ ပါဝင်နေမှာပါ။)
(၆) ဒါနပြုဖို့အတွက် ကြောင့်ကြစိုက်လုံ့လစိုက်ရပါမယ်။ အားထုတ်ရပါ့မယ်။ ကောင်းမှုနဲ့ပတ်သက်ပြီး လုံ့လစိုက်ရ၊အားထုတ်ရတဲ့အတွက် သမ္မာဝါယမ မဂ္ဂင် မည်ပါတယ်။
(၇) မိမိပြုတဲ့ဒါနကို ပြန်လည်အမှတ်ရနေခြင်း သည် ကောင်းတဲ့ အမှတ်ရမှုဖြစ်တဲ့အတွက် သမ္မာသတိ မည်ပါတယ်။
(၈) ဒါနပြုတဲ့အခါ မိမိစိတ်ဟာ ဒါနပြုတဲ့ အာရုံအပေါ်မှာပဲ တည်တည်ကြည်ကြည်ဖြစ်နေတယ်။ စိတ်ကိုလည်း တစ်ခြားအာရုံသို့ မရောက်အောင် သတိထားပြီး စိတ်ကို ဒါနအာရုံထဲ နစ်ထားရပါမယ်။ ဒါဟာ ကောင်းစွာ တည်ကြည်ခြင်းလို့ခေါ်တဲ့ သမ္မာသမာဓိ မဂ္ဂင် မည်ပါတယ်။ အချူပ်ဆိုရရင် ဒါနပြုတဲ့အခါမှာ မဂ္ဂင်ထဲ ပါဝင်နေပါတယ်၊ ပါဝင်အောင်လည်း ဆိုခဲ့ပြီးတဲ့အတိုင်း ဒါနပြုတတ်ဖို့ လိုအပ်ပါကြောင်း ဖြေကြားပေးလိုက်ပါတယ်။

အပြည့်အစုံသို့ »



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP