* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, September 20, 2009

သူတော်ကောင်းတို့ရဲ့ ဘ၀လမ်းညွှန် (၅)

မသွားဘဲနဲ့ နီးနေတာ တစ်ခု


မသွားဘဲနဲ့ နီးနေတာ တစ်ခုရှိတယ်၊ ဒါကတော့ သုဿာန်ပေါ့၊
ဘယ်သူမှ သုဿာန်ကို သွားလည်း မသွားဘူး၊သွားလဲ မသွားချင်ဘူး
၊ဒါပေမယ့် သွားလဲမသွားဘဲနဲ့ အိမ်ထဲနေရင်း မနေ့ကထက် ဒီကနေ့ သုဿာန်နဲ့
နီးလာပြီ၊ အရင်လထက် ယခုလက သုဿာန်ဘက် နီးလာပြီ၊အရင်နှစ်တုန်းကထက်
ဒီနှစ်သုဿာန်နဲ့ ပိုနီးလာပြီ။ လောကမှာ မသွားဘဲနဲ့ အလိုအလျောက်နီးလာတာက
သုဿာန်၊ သင်္ခါရကြိုးကဆွဲ ဆွဲသွားတော့ အမြဲတမ်းနီးနေတာပဲ။

ခန္ဓာကို မိတ်ဆွေဖွဲ့ရတယ်

ခန္ဓာကြီးကို နေ့စဉ်ကျွေးရသလို ကျွေးရကျိုးနပ်အောင် ခိုင်းရတယ်၊
ခန္ဓာကို မိတ်ဆွေဖွဲ့ရတယ်။ ခန္ဓာက မိတ်ဆွေမဖွဲ့ ရင် အိုပစ်လိုက်ရမလား
နာပစ်လိုက်ရမလား သေပစ်လိုက်ရမလားနဲ့ အမြဲခြိမ်းခြောက်နေတာ။

အိုတာ နာတာ သေတာ ခန္ဓာရဲ့ အလုပ်ပဲ၊ ဒါပေမယ့် ခန္ဓာကို သီလဖြစ်အောင်
သမာဓိပေါ်အောင် ၀ိပဿနာပေါ်လာအောင် ကိုယ်ကကျွေးမယ်
ပြီးတော့ကျွေးရကျိုးနပ်အောင်

ဒါနစွမ်းအားနဲ့ ကျေးဇူးဆပ်ခိုင်း၊
သီလစွမ်းအားနဲ့ ပြန်တောင်း၊
သမာဓိစွမ်းအားနဲ့ ပြန်ထုတ်ခိုင်း၊
ဝိပဿနာစွမ်းအား ရအောင်တောင်းယူ

အဲသလို ဥာဏ်ရှိတဲ့ ပုဂ္ဂိုလ်က ခန္ဓာကို မိတ်ဆွေဖွဲ့ပြီး စွမ်းအားကို လိမ်မာပါးနပ်စွာယူတယ်။

တိပိဋကဓရ ယောဆရာတော်


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP