* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, September 20, 2009

တရားကျင့်ရန် ရည်ရွယ်မှန်


* လူပေါင်းများစွာ အံ့သြငှာ၊
ဘယ်ခါ တရားမကျင့်ရာ။
*လူပေါင်းများစွာ မြှူဆွယ်ငှာ၊
ဘယ်ခါ တရားမကျင့်ရာ။
*ပစ္စည်းလာဘ်လာ ပေါခြင်းငှာ၊
ဘယ်ခါတရား မကျင့်ရာ။
* လူပေါင်းများစွာ ချီးမွမ်းငှာ၊
ဘယ်ခါတရား မကျင့်ရာ။
*ထက်အောက်ကြေညာ ကျော်စောငှာ၊
ဘယ်ခါတရား မကျင့်ရာ။
*ကြောင်းကျိုးပြကာ နှိပ်ကွပ်ငှာ၊
ဘယ်ခါ တရားမကျင့်ရာ။
* ကြောင်းကျိုးပြကာ နှိပ်ကွပ်လာ၊
လွတ်ငှာ တရားမကျင့်ရာ။
*အကုသိုလ်များစွာ တားဆီးငှာ၊
ပိတ်ငှာ တရားကျင့်ရမည်။
*အကုသိုလ်များစွာ ပယ်ခြင်းငှာ၊
မှန်စွာ တရားကျင့်ရမည်။
* ရာဂ စစွာ ကုန်ခြင်းငှာ၊
ပျက်ငှာ တရားကျင့်ရမည်။
*ရာဂ စစွာ ၊ တုန်ခြင်းငှာ၊
ပျက်ငှာ တရားကျင့်ရမည်။
*ရာဂ စစွာ၊ ချုပ်ခြင်းငှာ၊
ငြိမ်းငှာ တရားကျင့်ရမည်။

ဓမ္မဒူတ အရှင်ပညိဿရ-ရေးသားသော(ဓမ္မဒူတ ဆရာတော်ကြီး၏ လမ်းညွန်တရားဆောင်ပုဒ်များ)

တရားတိုးကြောင်း

* အမှုသစ်များ မပျော်ပါး တရားတိုးမှာ မဆုတ်ပါ
* ပြောဆိုစကား မပျော်ပါး တရားတိုးမှာ မဆုတ်ပါ
* အိပ်စက်မှုများ မပျော်ပါး တရားတိုးမှာ မဆုတ်ပါ
* ပေါင်းဖော်နှင့်များ မပျော်ပါး တရားတိုးမှာ မဆုတ်ပါ
* လိုဆိုး ဆွဲသွား မလိုက်ငြား တရားတိုးမှာ မဆုတ်ပါ
* ပေါင်းဖော်ယုတ်များ မမှီငြား တရားတိုးမှာ မဆုတ်ပါ
* နည်းတရားနှင့်များ မရပ်ငြား တရားတိုးမှာ မဆုတ်ပါ။

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP