* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, August 20, 2009

မကောင်းသောအကျင့်၏ အကျိုးတရားများ...


ဒုစ္စရိတဝိပါကသုတ်
(ဒုစ္စရိတ=မကောင်းသောအကျင့်၊ ဝိပါက=အကျိုး)


သူ၏ အသက်ကို သတ်ခြင်းကြောင့်...
ရဟန်းတို့ ... မှီဝဲအပ် ပွါးများအပ် အကြိမ်များစွာ ပြုအပ်သော သူ၏ အသက်ကို သတ်ခြင်းသည် ငရဲ၌ဖြစ်စေတတ်၏၊ တိရစ္ဆာန်မျိုး၌ ဖြစ်စေတတ်၏၊ ပြိတ္တာဘုံ၌ ဖြစ်စေတတ်၏၊ သူ၏ အသက်ကိုသတ်ခြင်း၏ အပေါ့ဆုံး အကျိုးသည် လူဖြစ်သော သူအား အသက်တိုခြင်းကို ဖြစ်စေတတ်၏။


ပိုင်ရှင်မပေးသော သူဥစ္စာကို ခိုးယူခြင်းကြောင့်...
ရဟန်းတို့... မှီဝဲအပ် ပွါးများအပ် အကြိမ်များစွာ ပြုအပ်သော ပိုင်ရှင် မပေးသော သူတစ်ပါး ဥစ္စာကို ခိုးယူခြင်းသည်ငရဲ၌ ဖြစ်စေတတ်၏၊ တိရစ္ဆာန်မျိုး၌ ဖြစ်စေတတ်၏၊ ပြိတ္တာဘုံ၌ ဖြစ်စေတတ်၏၊ ပိုင်ရှင် မပေးသောသူတစ်ပါး ဥစ္စာကို ခိုးယူခြင်း၏ အပေါ့ဆုံး အကျိုးသည် လူဖြစ်သော သူအား စည်းစိမ်ဥစ္စာ ပျက်စီးခြင်းကို ဖြစ်စေတတ်၏။


ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းကြောင့်...
ရဟန်းတို့ ... မှီဝဲအပ် ပွါးများအပ် အကြိမ်များစွာ ပြုအပ်သော ကာမဂုဏ်တို့၌ မှားယွင်းသော အားဖြင့် ကျင့်ခြင်းသည် ငရဲ၌ ဖြစ်စေတတ်၏၊ တိရစ္ဆာန်မျိုး၌ ဖြစ်စေတတ်၏၊ ပြိတ္တာဘုံ၌ ဖြစ်စေတတ်၏၊ သူ့သား အိမ်ရာ ဟူသော ကာမဂုဏ် တို့၌ မှားယွင်းသောအားဖြင့် ကျင့်ခြင်း၏ အပေါ့ဆုံး အကျိုးသည် လူဖြစ်သော သူအား ရန်သူတို့နှင့်တကွ ရန်ဖြစ်စေတတ်၏။


မဟုတ်မမှန်သော စကားကို ပြောဆိုခြင်းကြောင့်...
ရဟန်းတို့ ... မှီဝဲအပ်ပွါးများအပ် အကြိမ်များစွာ ပြုအပ်သော မဟုတ်မမှန် စကားကို ပြောခြင်းသည် ငရဲ၌ဖြစ်စေတတ်၏၊ တိရစ္ဆာန်မျိုး၌ဖြစ်စေတတ်၏၊ ပြိတ္တာဘုံ၌ ဖြစ်စေတတ်၏၊ မဟုတ်မမှန်သော စကားကို ပြောခြင်း၏ အပေါ့ဆုံး အကျိုးသည် လူဖြစ်သောသူအား မဟုတ်မမှန်သော စကားဖြင့် စွပ်စွဲခံရခြင်းကို ဖြစ်စေတတ်၏။


ကုန်းတိုက် စကားကို ပြောဆိုခြင်းကြောင့်...
ရဟန်းတို့ ... မှီဝဲအပ် ပွါးများအပ် အကြိမ်များစွာ ပြုအပ်သော ကုန်းတိုက် စကားပြောခြင်းသည် ငရဲ၌ ဖြစ်စေတတ်၏၊ တိရစ္ဆာန်မျိုး၌ ဖြစ်စေတတ်၏၊ ပြိတ္တာဘုံ၌ ဖြစ်စေတတ်၏၊ ကုန်းတိုက်စကား ပြောကြားခြင်း၏ အပေါ့ဆုံး အကျိုးသည် လူဖြစ်သောသူအား အဆွေခင်ပွန်းတို့နှင့် ကွဲပြားခြင်းကို ဖြစ်စေတတ်၏။


ကြမ်းတမ်းသော စကားကို ပြောဆိုခြင်းကြောင့်...
ရဟန်းတို့ ... မှီဝဲအပ် ပွါးများအပ် အကြိမ်များစွာ ပြုအပ်သော ကြမ်းတမ်းသော စကားကို ပြောဆိုခြင်းသည် ငရဲ၌ ဖြစ်စေတတ်၏၊ တိရစ္ဆာန်မျိုး၌ ဖြစ်စေတတ်၏၊ ပြိတ္တာဘုံ၌ ဖြစ်စေတတ်၏၊ ကြမ်းတမ်းသောစကားကို ပြောဆိုခြင်း၏ အပေါ့ဆုံး အကျိုးသည် လူဖြစ်သော သူအား မနှစ်သက်ဖွယ်သော အသံကို ဖြစ်စေတတ်၏။


သိမ်ဖျင်းသော စကားကို ပြောဆိုခြင်းကြောင့်...
ရဟန်းတို့ ... မှီဝဲအပ် ပွါးများအပ် အကြိမ်များစွာ ပြုအပ်သော သိမ်ဖျင်းသော စကားကို ပြောခြင်းသည် ငရဲ၌ ဖြစ်စေတတ်၏၊ တိရစ္ဆာန်မျိုး၌ ဖြစ်စေတတ်၏၊ ပြိတ္တာဘုံ၌ ဖြစ်စေတတ်၏၊ သိမ်ဖျင်းသော စကားကို ပြောဆိုခြင်း၏ အပေါ့ဆုံး အကျိုးသည် လူဖြစ်သော သူအား သူတစ်ပါးတို့ မနာယူအပ်သော စကားရှိသည်ကို ဖြစ်စေ တတ်၏။


သေအရက်ကို သောက်ခြင်းကြောင့်...
ရဟန်းတို့ ... မှီဝဲအပ် ပွါးများအပ် အကြိမ်များစွာ ပြုအပ်သော သေအရက်ကို သောက်ခြင်းသည် ငရဲ၌ ဖြစ်စေတတ်၏၊ တိရစ္ဆာန်မျိုး၌ ဖြစ်စေတတ်၏၊ ပြိတ္တာဘုံ၌ ဖြစ်စေတတ်၏၊ သေအရက်ကို သောက်ခြင်း၏ အပေါ့ဆုံး အကျိုးသည် လူဖြစ်သော သူအား ရူးသွပ်ခြင်းကို ဖြစ်စေတတ်၏ ဟု မိန့်တော်မူ၏။ 40

၁ဝ - ဒုစ္စရိတဝိပါကသုတ်၊ ဒါနဝဂ်၊ အဋ္ဌကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။




0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP