* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, August 20, 2009

ဘ၀သံသရာ နှင့် ဘ၀ကံကြမ္မာ






စာရေးဆရာ ရေနံ့သာ အောင်ချမ်းဇော်


ဘ၀သံသရာနှင့် ဘ၀ကံကြမ္မာ

သတင်း
ရွှေလမ်းငွေလမ်းဝင်းကြည်


အံ့သြထိန့်လန့်ဖွယ်ရာ မြွေကြီးတစ်ကောင်နှင့် စင်ကာပူနိုင်ငံတွင် ကြုံတွေ့ရသူတစ်ဦး၊ ပရလောကမှ စင်ကာပူနိုင်ငံသူ မြစိမ်းရောင်မင်းသမီးနှင့် ကြုံရသူ။
MAI ဘိုရင်း လေယာဉ်ကြီး ပေါ်မှ လေထီး မပါဘဲ ခုန်ချချင်သည့် အပြေးမတက် ထမင်းငတ်သူ။
စင်ကာပူနိုင်ငံ (VIEW ROAD HOSPITAL) စိတ္တဇဆေးရုံ၊ စင်ဘောင်ဝဲ ထောင်ကြီးနှင့် လင်မ်ချုကောင် ရဲစခန်း ထဲ ရောက်ရပြီး လူမှား၍ လက်ထိပ်ခတ်ခံခဲ့ရသူ တစ်ဦးက ဘ၀ကံကြမ္မာကို လှည့်စား ကုစားခဲ့ရသည် ဖြစ်ရပ်မှန် ကိုယ်တွေ့ အကြောင်းအရာ များကိုတင်ပြထားပါသည်။ (မှတ်ချက်။ ။စင်ကာပူနိုင်ငံသို့(၆)နှစ်အတွင်း (၈)ခေါက်တိတိ သွားခဲ့သော်လည်း ရေနံ့သာအောင်ချမ်းဇော်သည် လောကိစီးပွားရေးမှာ မွဲမြဲ မွဲလျှက်ပါ…။ လောကုတ္တရာ ချမ်းသာသည်ကား..? )

အမှတ်၂၅၊ မြနန္ဒာလမ်း(ဗိုလ်ချုပ်လမ်းဒေါင့်)၊ သိင်္ဂါဂီရိ ရပ်ကွက်- မကွေးမြို့နေ စာရေးဆရာ ရေနံ့သာ အောင်ချမ်းဇော်က သီလ၀ ဘာသာရေး မဂ္ဂဇင်းတွင် လစဉ်ပင်တိုင် ရေးသားခဲ့ပြီး ယခု အခါ ၄င်းစာမူများအား စုပေါင်း၍(ဘ၀သံသရာနှင့် ဘ၀ကံကြမ္မာ) လုံးချင်း ၀တ္ထု အဖြစ် ထုတ်ပေလိုက်ပြီ ဖြစ်ကြောင်း..။

စင်ကာပူနိုင်ငံရောက် မြန်မာလုပ်သား တစ်ဦး၏ တွေ့ကြုံခံစားရပုံများကို ဘ၀သံသရာနှင့် ဘ၀ကံကြမ္မာစာအုပ်တွင် ရေနံ့သာ အောင်ချမ်းဇော်က ရင်ဖွင့် တင်ပြထား သဖြင့် ဖတ်ရှုလေ့လာခံစားနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။


ရွှေလမ်းငွေလမ်းဝင်းကြည်


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP