* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, August 20, 2009

သူတော်ကောင်းတို့ရဲ့ ဘ၀လမ်းညွှန် (၃)

ပျက်စီးခြင်း ၅- မျိုး
ပျက်စီးခြင်း ၅-မျိုးရှိတယ်။

(၁) ဆွေမျိုးပျက်စီးခြင်း၊
(၂)ဥစ္စာပျက်စီးခြင်း၊
(၃)ကျန်းမာရေးပျက်စီးခြင်း၊
(၄)ကိုယ်ကျင့်တရားပျက်စီးခြင်း၊
(၅)အသိ(ပညာ)တရားပျက်စီးခြင်း၊အဲဒီပျက်စီးခြင်း ၅-မျိုးမှာ ရှေ့သုံးမျိုးကြောင့်တော့ စိတ်သာချ၊အပါယ်မရောက်စေရဘူး၊ အားမခံတယ်၊နောက်အပျက်နှစ်မျိုးဝင်လာရင် အပါယ်ရောက်မယ်၊ ဆင်းရဲဒုက္ခ သံသရာမဆုံးနိုင်အောင် လာကြတော့မယ်။

ဒါကြောင့် ရှေ့အပျက် သုံးမျိုးကို တရားနဲ့မြင်အောင်ကြည့်၊ နောက် နှစ်မျိုးပျက်တာကို ကောင်းအောင်ချက်ချင်းပြင်။ ။ရက်ရာဇာ ပြဿဒါးလောကမှာ ကောင်းကင်က နက္ခတ် အသွားအလာကို ကြည့်ပြီးတော့ ဒီနေ့ကရက်ရာဇာ၊ ဒီနေ့က ပြဿဒါးစသည်ဖြင့် သတ်မှတ်ထားကြတယ်၊သာသနာကတော့ ကောင်းမှုကုသိုလ်ကို ဖြစ်အောင်လုပ်နေတဲ့ အချိန်ဟာအမြဲတမ်း ရက်ရာဇာချည်းပဲ။အကုသိုလ် မကောင်းမှုတွေကို ပြုလုပ်နေချိန်ဟာ အမြဲတမ်း ပြဿဒါးတွေချည်းပါ။ကောင်းကင်က နက္ခတ်က ဘာလုပ်ပေးနိုင်မှာမို့လဲ၊ ကိုယ့်ရဲ့စိတ်ကောင်းကြောင်ံ ရလာတဲ့ ကုသိုလ်ကသာ ကောင်းကျိုးပေးမှာပဲ။ဓမ္မနည်းအရတော့ ပြဿဒါးက မကောင်းကျိုးပေးမှာ မဟုတ်ဘူး၊ကိုယ့်ရဲ့ မကောင်းတဲ့ စိတ်မိုက် စိတ်ရိုင်းတွေကြောင့်ရလာတဲ့ အကုသိုလ်တွေကသာ မကောင်းကျိုးပေးမှာ ဒါကြောင့်၊* စိတ်ကောင်းရှိသူမှာ အမြဲတမ်း ရက်ရာဇာ*စိတ်ကောင်းရှိသူအတွက် အချိန်ကောင်းတွေချည်းပဲ၊*သတိဦးစီးတဲ့ သဒ္ဓါ ၀ီရိယ ပညာစတဲ့ တရားတွေ *၀င်ရောက်နေချိန်မှာ *ကောင်းကင်ကို မော်မကြည့်နဲ့*ကိုယ့်မှာ ရက်ရာဇာချည်းပဲ။ကိုယ့်စိတ်က မကောင်းတဲ့ လောဘ ဒေါသ မောဟ စတဲ့ အပူအခိုးအငွေ့ ၀င်နေတဲ့အချိန်ဟာကောင်းကင်ကို မော့မကြည့်နဲ့ ကိုယ့်အတွက် ပြဿဒါးဖြစ်နေပြီ။ ။

တိပိဋက ယောဆရာတော်


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP