* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, August 20, 2009

နတ်သမီး သင်္ကန်းလှူသော အရှင်အနုရုဒ္ဓါမထေရ်

ဝေဠုဝန်ကျောင်းတော်၌ မြတ်စွာဘုရား သီတင်းသုံးတော်မူစဉ်က ဖြစ်သည်။ တနေ့သောအခါ အရှင်အနုရုဒ္ဓါမထေရ်သည် မိမိ၏သင်္ကန်းများ ဟောင်းနွမ်းဆွေးမြည့်နေပြီဖြစ်၍ ပံ့သကူသင်္ကန်းရှာဖွေရန် ထွက်လာခဲ့၏။ တာဝတိံသာနတ်ပြည်မှ ဇာလိနီနတ်သမီးသည် ဤအကြောင်းကိုသိ၍ အရှင်ကြွလာမည့်လမ်းကို ကြိုတင်ရောက်လာသည်။ ထို့နောက် အမှိုက်တောင်းတခုတွင် နတ်အ၀တ်သုံးထည်ကို ထည့်ထား၏။ သိသာမြင်သာရန်လည်း အ၀တ်အဖျားစကလေး ဖော်ထား၏။

အရှင်အနုရုဒ္ဓါ ရောက်လာ၍ မြင်သောအခါ အဖျားစကလေးကို ဆွဲယူလိုက်၏။ နတ်အ၀တ် သုံးထည် ပါလာသဖြင့် ထိုအ၀တ်စကို ကျောင်းသို့ယူလာပြီး သင်္ကန်းချုပ်သည်။ ဘုရားရှင်နှင့်တကွ အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန်၊ အရှင်အာနန္ဒာနှင့် ရဟန်းများကပါ ၀ိုင်းဝန်း ကူညီချုပ်ပေးကြ၏။

နတ်သမီးက အရပ်ထဲတွင် တိုက်တွန်းနှိုးဆော်ထားသဖြင့် ကျောင်းသို့ ဆွမ်း ခဲဘွယ် ဘောဇဉ်များ သူ့ထက်ငါ လာ၍လှူကြသည်။ ထိုအခါ စားမကုန်နိုင်အောင် များပြားစွာရှိနေသည်။ ဤအခြင်းအရာကို အချို့ရဟန်းများက မနှစ်သက်သဖြင့် အရှင်အနုရုဒ္ဓါသည် ဆွေမျိုးများပုံ။ ကြည်ညိုသူများပုံတို့ကို ပြသလိုဟန်ရှိသည်ဟု ကဲ့ရဲ့ကြ၏။ ဤအကြောင်းကို မြတ်ဗုဒ္ဓ ကြားသိတော်မူရာ ရဟန်းတို့-ရဟန္တာတို့မည်သည် ပစ္စည်းနှင့်ပတ်သက်၍ အာရုံမပြုပေ။ ယခု ဆွမ်း ခဲဘွယ် ဘောဇဉ်များ ပေါများပိုလျှံခြင်းမှာ နတ်နှိုးဆော်ထား၍ ဖြစ်သည်-ဟု မိန့်တော်မူ၍ အောက်ပါထာဂါကို ဟောတော်မူ၏။

( ပါဠိဂါထာ )
ယဿာသ၀ါ ပရိက္ခီဏာ၊ အာဟာရေ စ အနိဿိတော။
သုညတော အနိမိတ္တော စ၊ ၀ိမောက္ခော ယဿ ဂေါစရော။
အာကာသေ၀ သကုန္တာနံ၊ ပဒံ တဿ ဒုရန္နယံ။

( မြန်မာပြန် )
အာသဝေါကုန်ခန်းသော ရဟန္တာပုဂ္ဂိုလ်သည် အစာအာဟာရကို တပ်မက်သောသဘောဖြင့် မှီဝဲခြင်းမရှိ။
ရာဂစသည်တို့မှ ကင်းလွတ်၍ ၄င်းရာဂစသည် အကြောင်းကင်းသော နိဗ္ဗာန်အာရုံ၌ ကျက်စား၏။
ကောင်းကင်၌ ငှက်တို့၏ သွားရာလမ်းကြောင်းကို မမြင်နိုင်သကဲ့သို့ ထိုရဟန္တာပုဂ္ဂိုလ်၏ သွားရာလမ်းကြောင်းကို မမြင်နိုင်။

( လင်္ကာ )
အာသဝေါကွာ၊ ရဟန္တာသည်၊ အစာဟာရ၊ မှန်သမျှ၌၊ မကြွတဏှာ၊ တပ်မက်ခွာ၏။
ရာဂါနိမိတ်၊ ဆိတ်သုဉ်းပိတ်ကာ၊ နိဗ္ဗာန်သာလျှင်၊ ထားရာအာရုံ၊ ကျက်စားကုန်၏။
ဆန်စုန်ပျံသန်း၊ ငှက်တို့လမ်းကို၊ ထက်လမ်းကောင်းကင်၊ ဟင်းလင်းပြင်၌၊ ထင်စွာပိုင်ပိုင်၊ မသိနိုင်သို့၊
မြဲခိုင်သီလာ၊ရဟန္တာ၏၊ သွားရာလမ်းဆက်၊ သိရန်ခက်၏။

( အရဟန္တ၀ဂ် အနုရုဒ္ဓတ္ထေရ၀တ္ထု )


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP